ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

ဒေါ်အောင်ဆန်းစုကြည်နေရာတွင် ထပ်မံသရုပ်ဆောင်ချင်သည်ဟု မင်းသမီး မီရှဲလ်ယို ဖွင့်ဟ

နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေ ရာမှာ ထပ်ပြီး သရုပ်ဆောင်ချင်သေး တယ်လို့ ဟောလီးဝုဒ် နာမည်ကျော် မင်းသမီး မီရှဲလ်ယို က ပြောကြား လိုက်ပါ တယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမ ှုဘဝကို အခြေခံ ရိုက်ကူးထားပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိ ခဲ့တဲ့ The Lady မှာ မီရှဲလ်ယို ဟာ ဒေါ်အောင်ဆန်းစုကြည်နေရာကနေ သရုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်

The Guardian သတင်းစာနဲ့ မနေ့က အင်တာဗျူးမှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအဖြစ် အပျက်တွေ ကို နောက်ဆက် တွဲဇာတ်လမ်း ရိုက်ကူးမယ် ဆိုရင်ပါဝင်ချင်တယ်လို့ အသက် ၅၉ နှစ်အရွယ် ယိုက ဖွင့်ဟခဲ့ ပါတယ်

နောက်ဆက်တွဲ ဇာတ်လမ်းရိုက်မယ် ဆိုတာမျိုးက သိပ်ကို စိတ်ဝင်စား စရာ ကောင်းပါတယ်။ ချပြစရာ အကြောင်းတွေ ထပ်ရှိနေတာ ပဲမဟုတ်လား ။ အခုပြောနေ ရင်းနဲ့တောင် ဖြစ်ပျက်နေ တာပဲ

သူမ သူရဲကောင်; တစ်ယောက်အဖြစ် သရုပ်ဆောင်ပေးခဲ့ သူတစ်ယောက်ကို လူမျိုးတုန်းသတ်ဖြတ် မှုမှာ ကြံရာပါ အဖြစ် ပြောဆို စွပ်စွဲနေကြ တာတွေကို စိတ်ပျက်မိတယ်လို့လည်း မီရှဲလ်ယိုက ထည့်သွင်းပြော ဆိုခဲ့ပါတယ်

မလေးရှားနိုင်ငံသူဖြစ် တဲ့ယိုဟာ အသက် ၂၀ အရွယ် ၁၉၈၃ ခုနှစ် မှာ Miss Malaysia ဘွဲ့ ရခဲ့ပြီးတဲ့နောက် ဟောင်ကောင် ရုပ်ရှင်လောက ကို ဝင်ရောက် ခဲ့ပြီး နောက်ပိုင်း ဟောလီးဝုဒ် မှာပါ အောင်မြင် လာသူ ဖြစ်ပါတယ်

သူမအရင်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ အတွက် နောက်ဆက်တွဲ ဇာတ်လမ်း ရိုက်ရတာမျိုးကို ကြိုက်နှစ်သက် တယ်လို့လည်း ယိုက The Guardian သတင်းစာ ကို ထည့်သွင်းပြော ဆိုခဲ့ပါတယ်

Ref: The Guardian, M-Media

Unicode







