ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကိုမစစ်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကိုမစစ်ဖြစ်

ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ

ပြန်လည်စစ်ဆေးဖို့ ချိန်းဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးမကောင်းလို့ မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှာ ထပ်မံစစ်ဆေးဖို့ရှိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ခေါင်းမူးတယ်ပြောတယ်။ နှာနည်းနည်းမွှန်တယ်။သူ ဒီနေ့တော့လုံးဝမထိုင်နိုင်လို့

မနက်ဖြန်ကျမှတွေ့ဖို့ပြောတယ်။သူပြောတာကတော့ ကားနဲ့လာရတာ ကားကအရမ်းခါတယ်ပြောတယ်။ သူမူးနေတယ်လို့ပြောပါတယ်။ကိုဗစ်တော့မဟုတ်ဘူး။အခုမနက်မှထဖြစ်တယ်လို့ သူကပြောပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြောင်း ဘီဘီစီသတင်းမှာဖော်ထားပါတယ်။

ရှေ့နေ့အဖွဲ့ ရဲ့ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာကိုဗစ် စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော်မနက်ဖြန် အင်္ဂါ စက်တင်ဘာ ၁၄ရက်မှာတော့ ပုံမှန်စစ်ဆေးနေကြရုံးချိန်းဆက်ရှိမှာဖြစ်ပါတယ်။ ကိုဗစ်ထိန်းချုပ်ဖို့ဆိုတဲ့ ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစလကျော်ကြာရုံးထုတ် စစ်ဆေးနိုင်တာမရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့လည်း

တွေ့ခွင့်မရတာဖြစ်ပါတယ်။ရုံးထုတ်မစစ်ဆေးဖြစ်တဲ့ကာလအတွင်း ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စတွေဆွေးနွေးနိုင်ဖို့တွေ့ခွင့်တောင်းထားတဲ့အချိန်မှာပဲ အခုလို ရုံးချိန်းစစ်ဆေးမှုပြန်ဖြစ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ အာဆီယံအထူးသံတမန်ကစစ်ကောင်စီကိုတောက်လျှောက်တောင်းဆိုနေသလို ၊ ပြီးခဲ့တဲ့လကမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့

တရုတ် ရဲ့ အာရှရေးရာကိုယ်စားလှယ် ဆွန်းကော့ရှန်ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

နေပြည်တော် အထူးတရားရုံးမှာဇွန် ၇ ရက်က စတင်စစ်ဆေးခဲ့တဲ့ ကနဦးဖွင့်ထားတဲ့ အမှုတွေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂)မှု နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်တရားလွှတ်တော်ကိုလွှဲပြောင်းထားတဲ့နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အပါအဝင် စုစုပေါင်းအမှု ၆ မှု ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တခါ နောက်ထပ် မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ (၄)မှု ရှိနေတာကြောင့် အာဏာသိမ်း ၇လကျော်အတွင်းဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းအမှု(၁၀)မှုကိုရင်ဆိုင်ရဖို့ရှိနေတာပါ။

Ref: BBC

Credit

Unicode

ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးမေကာင္းလို႔ ဒီကေန႔႐ုံးခ်ိန္းကိုမစစ္ျဖစ္

႐ုံးပိတ္ရက္ေတြေၾကာင့္ အမႈေတြကိုႏွစ္လေက်ာ္ၾကာစစ္ေဆးႏိုင္ျခင္းမရွိခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္သမၼတဦးဝင္းျမင့္ နဲ႔ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္ တို႔ စြဲဆိုခံထားရတဲ့ အမႈေတြကို ဒီကေန႔ စက္တင္ဘာ ၁၃ရက္မွာ

ျပန္လည္စစ္ေဆးဖို႔ ခ်ိန္းဆိုေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရးမေကာင္းလို႔ မနက္ျဖန္ စက္တင္ဘာ ၁၄ ရက္မွာ ထပ္မံစစ္ေဆးဖို႔ရွိေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ေခါင္းမူးတယ္ေျပာတယ္။ ႏွာနည္းနည္းမႊန္တယ္။သူ ဒီေန႔ေတာ့လုံးဝမထိုင္ႏိုင္လို႔

မနက္ျဖန္က်မွေတြ႕ဖို႔ေျပာတယ္။သူေျပာတာကေတာ့ ကားနဲ႔လာရတာ ကားကအရမ္းခါတယ္ေျပာတယ္။ သူမူးေနတယ္လို႔ေျပာပါတယ္။ကိုဗစ္ေတာ့မဟုတ္ဘူး။အခုမနက္မွထျဖစ္တယ္လို႔ သူကေျပာပါတယ္ ” လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာေၾကာင္း ဘီဘီစီသတင္းမွာေဖာ္ထားပါတယ္။

ေရွ႕ေန႔အဖြဲ႕ ရဲ႕ေျပာၾကားခ်က္အရ ဒီကေန႔ အထူးတရား႐ုံးကို ဝင္ေရာက္ရမယ့္သူအားလုံးဟာ မေန႔ကစက္တင္ဘာ ၁၂ရက္ေန႔လည္ပိုင္းမွာကိုဗစ္ စစ္ေဆးမႈကိုခံယူထားရၿပီး ကိုဗစ္နဂၢတစ္ ျဖစ္တဲ့သူေတြသာ ဒီကေန႔ ႐ုံးထုတ္စစ္ေဆးမႈကို ဝင္ေရာက္ခြင့္ရတာျဖစ္ပါတယ္။

ေရွ႕ေန ဦးခင္ေမာင္ေဇာ္မနက္ျဖန္ အဂၤါ စက္တင္ဘာ ၁၄ရက္မွာေတာ့ ပုံမွန္စစ္ေဆးေနၾက႐ုံးခ်ိန္းဆက္ရွိမွာျဖစ္ပါတယ္။ ကိုဗစ္ထိန္းခ်ဳပ္ဖို႔ဆိုတဲ့ ႐ုံးပိတ္ရက္ေတြေၾကာင့္ အမႈေတြကိုႏွစလေက်ာ္ၾကာ႐ုံးထုတ္ စစ္ေဆးႏိုင္တာမရွိခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရွ႕ေနအဖြဲ႕လည္း

ေတြ႕ခြင့္မရတာျဖစ္ပါတယ္။႐ုံးထုတ္မစစ္ေဆးျဖစ္တဲ့ကာလအတြင္း ေရွ႕ေနအဖြဲ႕က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အမႈကိစၥေတြေဆြးေႏြးႏိုင္ဖို႔ေတြ႕ခြင့္ေတာင္းထားတဲ့အခ်ိန္မွာပဲ အခုလို ႐ုံးခ်ိန္းစစ္ေဆးမႈျပန္ျဖစ္လာတာပါ။

ေဒၚေအာင္ဆန္းစုၾကည္လက္ရွိမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ခြင့္ရဖို႔ အာဆီယံအထူးသံတမန္ကစစ္ေကာင္စီကိုေတာက္ေလွ်ာက္ေတာင္းဆိုေနသလို ၊ ၿပီးခဲ့တဲ့လကျမန္မာႏိုင္ငံကိုလာေရာက္ခဲ့တဲ့

တ႐ုတ္ ရဲ႕ အာရွေရးရာကိုယ္စားလွယ္ ဆြန္းေကာ့ရွန္ကလည္းေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံခြင့္ေတာင္းခဲ့ေပမယ့္ ေတြ႕ခြင့္မရဘူးဆိုတဲ့ အတည္မျပဳႏိုင္တဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါေသးတယ္။

ေနျပည္ေတာ္ အထူးတရား႐ုံးမွာဇြန္ ၇ ရက္က စတင္စစ္ေဆးခဲ့တဲ့ ကနဦးဖြင့္ထားတဲ့ အမႈေတြအရ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ဟာပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-ခ၊

သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရး ဥပေဒပုဒ္မ ၂၅ နဲ႔ (၂)မႈ နဲ႔ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးကေန ေနျပည္ေတာ္တရားလႊတ္ေတာ္ကိုလႊဲေျပာင္းထားတဲ့ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃-၁(ဂ) အပါအဝင္ စုစုေပါင္းအမႈ ၆ မႈ ကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

တခါ ေနာက္ထပ္ မႏၲေလးတိုင္းတရားလႊတ္ေတာ္မွာ ထပ္မံစြဲဆိုခံထားရတဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ နဲ (၄)မႈ ရွိေနတာေၾကာင့္ အာဏာသိမ္း ၇လေက်ာ္အတြင္းေဒၚေအာင္ဆန္းစုၾကည္ဟာ စုစုေပါင္းအမႈ(၁၀)မႈကိုရင္ဆိုင္ရဖို႔ရွိေနတာပါ။