အိန္ဒိယနယ်စပ် စစ်တပ်စခန်းတစ်ခုကို ချင်းလက်နက်ကိုင်နှစ်ဖွဲ့ပေါင်း၍ သိမ်းပိုက်

အိန္ဒိယနယ်စပ် စစ်တပ်စခန်းတစ်ခုကို ချင်းလက်နက်ကိုင်နှစ်ဖွဲ့ပေါင်း၍ သိမ်းပိုက်

အိန္ဒိယနယ်စပ် စစ်တပ်စခန်းတစ်ခုကို ချင်းလက်နက်ကိုင်နှစ်ဖွဲ့ပေါင်း၍ သိမ်းပိုက်

အိန္ဒိယနယ်စပ်ရှိ ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းတစ်ခုကို ချင်းအမျိုးသာတပ်မတော်(CNA)နှင့် ပူးပေါင်း၍ ယမန်နေ့ (စက်တင်ဘာ၁၁)ည ၉ နာရီခွဲခန့်က သိမ်းပိုက်နိုင်ခဲ့ပြီး

စစ်ကောင်စီတပ်သား ၁၂ ဦးလည်း သေဆုံးခဲ့သည်ဟု ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုသည်။ဂျက်လေယာဉ် ပျံလာမှာစိုးလို့ မနေ့က ညဘက်မှာ ကျွန်တော်တို့ အဲဒီစခန်းကို ပြန်ချတယ်၊ ည ၁၀ နာရီထိုးခါနီးမှာ စခန်းကို သိမ်းလို့ရတာပေါ့

ဟု ထန်တလန် (CDF) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ထိုစခန်းကို CNA နှင့် CDF တို့က အင်အား ၂၀၀ ခန့်ဖြင့် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက တစ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ကူပေးခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ယခု စခန်းသိမ်းနိုင်ခဲ့သည့် တစ်နာရီခွဲခန့်ကြာ ညဘက်တိုက်ပွဲအတွင်း CNA နှင့် CDF ပူးပေါင်းအဖွဲ့က အင်အား ၄၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ရာ ၎င်းတို့ဘက်မှ ၈ ဦး ဒဏ်ရာရကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း

ထန်တလန် (CDF) အဖွဲ့က ဆိုသည်။သို့သော် စခန်းသိမ်းတိုက်ပွဲမဖြစ်ပွားမီ နှစ်ပတ်ခန့်က ထိုစခန်းမှ စစ်ကောင်စီ စစ်သားငါးဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကာ နယ်စပ်ကို ဖြတ်၍ အိန္ဒိယနိုင်ငံထဲသို့ ဝင်သွားသည်ဟုဆိုသော်လည်း

ထိုစခန်းတွင် စစ်ကောင်စီအင်အားမည်မျှရှိသည်တို့ကိုမူ သီးခြားအတည်မပြုနိုင်သေးပါ။ထို့အတူ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ကူပေးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိ လုံလဲရ်ကျေးရွာအတွင်း

လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲသည်ဆိုသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးပေ။အိန္ဒိယနယ်စပ်နှင့် နီးကပ်သည့်အတွက် လုံလဲရ်ကျေးရွာသားများမှာမူ စက်တင်ဘာ ၈ ရက်ကတည်းက မီဇိုရမ်ပြည်နယ်ဘက်သို့ တိမ်းရှောင်ခဲ့ကြပြီးဖြစ်ကြောင်း ထန်တလန် (CDF) ထံမှ သိရသည်။

စခန်းသိမ်းပြီး နောက်ရက် စက်တင်ဘာ ၁၂ တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ထိုနေရာတဝိုက်၌ လှည့်လည်သွားလာနေသည်ကို တွေ့ရကြောင်း ထန်တလန် (CDF) ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

စက်တင်ဘာ ၉ ရက်နေ့ကလည်း ထန်တလန်မြို့အတွင်း ရှာဖွေစစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF(ထန်တလန်) အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် စစ်သားနှစ်ဦး သေဆုံးခဲ့သည်။ဖေဖေါ်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ နှိမ်နင်းသည့်

စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံနေသည့် တိုက်ပွဲများ နိုင်ငံအနှံ့ ပေါ်ပေါက်နေပြီး စက်တင်ဘာ ၇ ရက်မှစ၍ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။

Myanmar Now

Credit

Zawgyi

အိႏၵိယနယ္စပ္ စစ္တပ္စခန္းတစ္ခုကို ခ်င္းလက္နက္ကိုင္ႏွစ္ဖြဲ႕ေပါင္း၍ သိမ္းပိုက္

အိႏၵိယနယ္စပ္ရွိ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္၊ လုံလဲရ္ေက်း႐ြာရွိ စစ္ေကာင္စီ၏ အေျခစိုက္စခန္းတစ္ခုကို ခ်င္းအမ်ိဳးသားတပ္မေတာ္(CNA)ႏွင့္ ပူးေပါင္း၍ ယမန္ေန႔ (စက္တင္ဘာ၁၁)ည ၉ နာရီခြဲခန႔္က သိမ္းပိုက္ႏိုင္ခဲ့ၿပီး

စစ္ေကာင္စီတပ္သား ၁၂ ဦးလည္း ေသဆုံးခဲ့သည္ဟု ခ်င္းျပည္နယ္ကာကြယ္ေရးတပ္ဖြဲ႕ (CDF) ေျပာခြင့္ရပုဂၢိဳလ္က အတည္ျပဳသည္။ဂ်က္ေလယာဥ္ ပ်ံလာမွာစိုးလို႔ မေန႔က ညဘက္မွာ ကြၽန္ေတာ္တို႔ အဲဒီစခန္းကို ျပန္ခ်တယ္၊ ည ၁၀ နာရီထိုးခါနီးမွာ စခန္းကို သိမ္းလို႔ရတာေပါ့

ဟု ထန္တလန္ (CDF) ေျပာခြင့္ရပုဂၢိဳလ္က ေျပာသည္။ထိုစခန္းကို CNA ႏွင့္ CDF တို႔က အင္အား ၂၀၀ ခန႔္ျဖင့္ စက္တင္ဘာ ၁၀ ရက္ မြန္းလြဲပိုင္းက တစ္ႀကိမ္ တိုက္ခိုက္ခဲ့ေသာ္လည္း စစ္ေကာင္စီက ဂ်က္တိုက္ေလယာဥ္ျဖင့္ ပစ္ကူေပးခဲ့၍ ျပန္လည္ဆုတ္ခြာခဲ့ရသည္ဟု ၎က ဆက္ေျပာသည္။

ယခု စခန္းသိမ္းႏိုင္ခဲ့သည့္ တစ္နာရီခြဲခန႔္ၾကာ ညဘက္တိုက္ပြဲအတြင္း CNA ႏွင့္ CDF ပူးေပါင္းအဖြဲ႕က အင္အား ၄၀၀ ခန႔္ အသုံးျပဳတိုက္ခိုက္ခဲ့ရာ ၎တို႔ဘက္မွ ၈ ဦး ဒဏ္ရာရေၾကာင္း၊ လက္နက္ခဲယမ္းအေျမာက္အမ်ား သိမ္းဆည္းရမိခဲ့ၿပီး စခန္းကို မီးရႈိ႕ကာ ျပန္လည္ဆုတ္ခြာခဲ့ေၾကာင္း

ထန္တလန္ (CDF) အဖြဲ႕က ဆိုသည္။သို႔ေသာ္ စခန္းသိမ္းတိုက္ပြဲမျဖစ္ပြားမီ ႏွစ္ပတ္ခန႔္က ထိုစခန္းမွ စစ္ေကာင္စီ စစ္သားငါးဦး အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM)တြင္ ပါဝင္ကာ နယ္စပ္ကို ျဖတ္၍ အိႏၵိယႏိုင္ငံထဲသို႔ ဝင္သြားသည္ဟုဆိုေသာ္လည္း

ထိုစခန္းတြင္ စစ္ေကာင္စီအင္အားမည္မွ်ရွိသည္တို႔ကိုမူ သီးျခားအတည္မျပဳႏိုင္ေသးပါ။ထို႔အတူ စစ္ေကာင္စီဘက္က ဂ်က္တိုက္ေလယာဥ္ျဖင့္ လာေရာက္ပစ္ကူေပးခဲ့သည့္ စက္တင္ဘာ ၁၀ ရက္တြင္ အိမ္ေျခ ၁၀၀ ေက်ာ္ရွိ လုံလဲရ္ေက်း႐ြာအတြင္း

လက္နက္ႀကီးအခ်ိဳ႕ က်ေရာက္ေပါက္ကြဲသည္ဆိုေသာ္လည္း ထိခိုက္ပ်က္စီးမႈအေျခအေနကို အေသးစိတ္မသိရေသးေပ။အိႏၵိယနယ္စပ္ႏွင့္ နီးကပ္သည့္အတြက္ လုံလဲရ္ေက်း႐ြာသားမ်ားမွာမူ စက္တင္ဘာ ၈ ရက္ကတည္းက မီဇိုရမ္ျပည္နယ္ဘက္သို႔ တိမ္းေရွာင္ခဲ့ၾကၿပီးျဖစ္ေၾကာင္း ထန္တလန္ (CDF) ထံမွ သိရသည္။

စခန္းသိမ္းၿပီး ေနာက္ရက္ စက္တင္ဘာ ၁၂ တြင္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္တစ္စီး ထိုေနရာတဝိုက္၌ လွည့္လည္သြားလာေနသည္ကို ေတြ႕ရေၾကာင္း ထန္တလန္ (CDF) ေျပာခြင့္ရပုဂၢိဳလ္က ဆိုသည္။

စက္တင္ဘာ ၉ ရက္ေန႔ကလည္း ထန္တလန္ၿမိဳ႕အတြင္း ရွာေဖြစစ္ေဆးေရးျပဳလုပ္ေနသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို CDF(ထန္တလန္) အဖြဲ႕က တိုက္ခိုက္ခဲ့သျဖင့္ စစ္သားႏွစ္ဦး ေသဆုံးခဲ့သည္။ေဖေဖၚဝါရီ ၁ အာဏာသိမ္းၿပီးေနာက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပသည္ကိုပင္ ရက္စက္စြာ ႏွိမ္နင္းသည့္

စစ္ေကာင္စီကို ရရာလက္နက္ျဖင့္ ခုခံေနသည့္ တိုက္ပြဲမ်ား ႏိုင္ငံအႏွံ႔ ေပၚေပါက္ေနၿပီး စက္တင္ဘာ ၇ ရက္မွစ၍ လွည္းေန၊ ေလွေအာင္း၊ ျမင္းေဇာင္းမက်န္ ပါဝင္မည့္ ျပည္သူ႔ေတာ္လွန္ေရးစၿပီဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ေၾကညာထားသည္။