တာဝါတိုင်များတွင် အစောင့်ကျမည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအတွက် သိန်း(၃၀) ရမည့်သတင်းကောင်း

တာဝါတိုင်များတွင် အစောင့်ကျမည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအတွက် သိန်း(၃၀) ရမည့်သတင်းကောင်း

တာဝါတိုင်များတွင် အစောင့်ကျမည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအတွက် သိန်း(၃၀) ရမည့်သတင်းကောင်း

မကွေးဆက်သွယ်ရေးတာဝါတိုင်များတွင် အစောင့်ကျမည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ CDM ဝင်လျှင် ကျပ်သိန်း ၃၀ ချီးမြှင့်မည်

မဇ္ဈိမ

မကွေးတိုင်းအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်များတွင် အစောင့်ကျမည့် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင်များ အနေဖြင့် လက်နက်နှင့်အတူ CDM ဝင်လျှင် ဗိုလ်မထား ဦးဆောင်သည့် မကွေး PDF အဖွဲ့မှ တစ်ဦးလျှင် ကျပ်သိန်း ၃၀ ချီးမြှင့်သွားမည်ဟု မကွေး PDF အဖွဲ့က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၉ ရက် တစ်ရက်တည်းတွင် စစ်အုပ်စုပိုင် ဆက်သွယ်ရေးတာဝါတိုင် ၃၆ ခု ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် Mytel နှင့် MPT ဆက်သွယ်ရေးတာဝါတိုင်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် စစ်ကောင်စီ၏ လျှို့ဝှက်

ညွှန်ကြားစာတစ်စောင်ထွက်ပေါ်လာပြီးနောက် မကွေး PDF အဖွဲ့မှ အစောင့်ကျမည့်သူများကို CDM ဝင်ရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။CDM ဝင်လာတဲ့သူတွေကို လုံခြုံ စိတ်ချရတဲ့နေရာကို ပို့ပေးမှာ ဖြစ်သလို မိသားစုဝင်တွေကို ချိတ်ဆက်ပြီး ကျပ်သိန်း ၃၀ကိုပေးသွားမယ်။

PDFတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်လိုက ဝင်နိုင်ပါတယ်။”ဟု ဗိုလ်မထားက ပြောသည်။ဗိုလ်မထား ဦးဆောင်သည့် မကွေး PDF အဖွဲ့အနေဖြင့် ပြည်သူလူထုကို ကာကွယ်၍ စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။

Credit

Zawgyi

တာဝါတိုင္မ်ားတြင္ အေစာင့္က်မည့္ စစ္‌ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအတြက္ သိန္း(၃၀) ရမည့္သတင္းေကာင္း

မေကြးဆက္သြယ္ေရးတာဝါတိုင္မ်ားတြင္ အေစာင့္က်မည့္ စစ္‌ေကာင္စီတပ္ဖြဲ႕ဝင္မ်ား CDM ဝင္လွ်င္ က်ပ္သိန္း ၃၀ ခ်ီးျမႇင့္မည္

မဇၩိမ

မေကြးတိုင္းအတြင္းရွိ ဆက္သြယ္ေရး တာဝါတိုင္မ်ားတြင္ အေစာင့္က်မည့္ စစ္ေကာင္စီလက္နက္ကိုင္အဖြဲ႕ဝင္မ်ား အေနျဖင့္ လက္နက္ႏွင့္အတူ CDM ဝင္လွ်င္ ဗိုလ္မထား ဦးေဆာင္သည့္ မေကြး PDF အဖြဲ႕မွ တစ္ဦးလွ်င္ က်ပ္သိန္း ၃၀ ခ်ီးျမႇင့္သြားမည္ဟု မေကြး PDF အဖြဲ႕က မဇၩိမကိုေျပာသည္။

စက္တင္ဘာ ၉ ရက္ တစ္ရက္တည္းတြင္ စစ္အုပ္စုပိုင္ ဆက္သြယ္ေရးတာဝါတိုင္ ၃၆ ခု ေဖာက္ခြဲဖ်က္ဆီးခံရၿပီးေနာက္ Mytel ႏွင့္ MPT ဆက္သြယ္ေရးတာဝါတိုင္မ်ားကို လုံၿခဳံေရးတိုးျမႇင့္ေဆာင္႐ြက္ရန္ စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္

ၫႊန္ၾကားစာတစ္ေစာင္ထြက္ေပၚလာၿပီးေနာက္ မေကြး PDF အဖြဲ႕မွ အေစာင့္က်မည့္သူမ်ားကို CDM ဝင္ရန္ ဖိတ္ေခၚလိုက္ျခင္းျဖစ္သည္။CDM ဝင္လာတဲ့သူေတြကို လုံၿခဳံ စိတ္ခ်ရတဲ့ေနရာကို ပို႔ေပးမွာ ျဖစ္သလို မိသားစုဝင္ေတြကို ခ်ိတ္ဆက္ၿပီး က်ပ္သိန္း ၃၀ကိုေပးသြားမယ္။

PDFေတြနဲ႔ ပူးေပါင္းၿပီး တိုက္ပြဲဝင္လိုက ဝင္ႏိုင္ပါတယ္။”ဟု ဗိုလ္မထားက ေျပာသည္။ဗိုလ္မထား ဦးေဆာင္သည့္ မေကြး PDF အဖြဲ႕အေနျဖင့္ ျပည္သူလူထုကို ကာကြယ္၍ စစ္အာဏာရွင္ကို အျမစ္ျပတ္ တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္းသိရသည္။