မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘောပစ်ခံရ
မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘောပစ်ခံရ
မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘောပစ်ခံရ
မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရစက်တင်ဘာလ ၁၁ရက်၊၂၀၂၁စက်တင်ဘာလ ၉ရက်နေ့ မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ‌ ကြောင်း ဒေသခံများထံမှ သိရသည်
အဲသင်္ဘောက ရွှေကူမြို့အဝင် ရွှေဘုံသာရွာနားမှာညနေ ၆နာရီခွဲနားလောက်မှာ ပစ်ခံရတယ်လို့ သိရတယ်ဟုဒေသခံတစ်ဦးကပြောသည်စစ်အင်အားအပြည့်တင်ဆောင်ထားသည့်ပင်လုံသင်္ဘောပစ်ခံရပြီးနောက်စစ်ကောင်စီဘက်မှလည်းသင်္ဘော‌ပေါ်မှပြန်လှမ်းပစ်ကာအပြန်အလှန်ပစ်ခတ်မူဖြစ်ခဲ့‌‌ကြောင်း သိရသည်
သူတို့က ပစ်ခံရတော့ မြစ်ကြောင်းတစ်လျှောက် ရွာဘက်ကို ယမ်းပစ်ပြီး တက်လာတာဟုတ်တယ် မိုးလဲရွာဆို လက်နက်ပြီးကျလို့ နေအိမ်တစ်လုံးမီးလောင်တယ်။ပြီးတော့ ရွှေဂုန်တိုင်ရွာမှ ပြည်သူများနေအိမ်ထိမှန်ပြီး လက်နက်ကျည်စထိသူလည်း ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်
ကျည်ထိမှန်သူသည် ရွှေဘုံသာကျေးရွာမှ မလဲ့လဲ့ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။ထို့ပြင် ဒေသခံအချို့လည်း ဖမ်းဆီးခံရကြောင်း သိရသည်ဖမ်းဆီးခံရတာလည်း ရှိတယ်လို့ ကြားရတယ် ဘယ်နှစ်ယောက်ဖမ်းခံရလဲဆိူတာတော့ တိတိကျကျမသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်အဆိုပါ ပစ်ခတ်မူတွင်
စစ်ကောင်စီဘက်မှ အထိအခိုက်များ ရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။အဆိုပါ သင်္ဘောသည် ပင်လုံအမည်ရှိ သင်္ဘောဖြစ်ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ဂေါဝိန်ရပ်ကွက်ရှိ ဂေါဝိန်ဆိပ်ကမ်းမှ စက်တင်ဘာလ ၉ရက်နေ့ နံနက် ၆နာရီခွဲထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်
Kachin News Group
Credit
Zawgyi