ဗုံးရွေးမလား စားပွဲဝိုင်းရွေးမလားဟု တရုတ်အစိုးရသတင်းစာ မေးခွန်းထုတ်

ဗုံးရွေးမလား စားပွဲဝိုင်းရွေးမလားဟု တရုတ်အစိုးရသတင်းစာ မေးခွန်းထုတ်

ဗုံးရွေးမလား စားပွဲဝိုင်းရွေးမလားဟု တရုတ်အစိုးရသတင်းစာ မေးခွန်းထုတ်

အခုအချိန်ဟာ မြန်မာနိုင်ငံသားတွေအဖို့ ဗုံးကိုရွေးမလား အားလုံးပါဝင်ပြီး ငြိမ်းချမ်းစွာစကားပြောမလားဆိုတာ ရွေးရမယ့်အချိန်လို့ စက်တင်ဘာ ၇ ရက်နေ့ထုတ် တရုတ်ခေါင်းကြီးသတင်းစာ Global Times မှာ ဖော်ပြထားပါတယ်

လက်ရှိပြဿနာတွေဟာ စစ်တပ်နဲ့ စစ်တပ်ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီကြားက ပြဿနာတနည်းဆိုရင် အုပ်ချုပ်ဆဲအစိုးရတစ်ရပ်နဲ့ လူမျိုးစုလက်နက်ကိုင်ကြားက ပြဿနာလို့ သတင်းစာမှာရေးထားပါတယ်

မြန်မာရဲ့အိမ်နီးချင်းတွေက မြန်မာကိုငြိမ်းချမ်းတာ လိုလားတယ် ဒါဟာ တရုတ်ရဲ့သဘောထားတင်မဟုတ် အာဆီယံရဲ့သဘောထားလည်း ဒီလိုပဲလို့ ရေးထားပါတယ်ဒါပေမယ့် အမေရိကန်နဲ့အနောက်အုပ်စုဟာ စစ်တပ်ကဖယ်ရှားလိုက်တဲ့ NLD ပါတီကို ထောက်ခံနေပြီးဒီလိုထောက်ခံမှုရနေတာကြောင့် NLD ဟာရဲတင်းနေတယ်လို့ စွပ်စွဲထားပါတယ်

အနောက်အုပ်စုဟာ မြန်မာမှာပြည်တွင်းစစ်ဖြစ်‌အောင်လုပ်နေတယ်၊ စင်ပြိုင်အစိုးရ NUG ကိုအားပေးနေတယ် PDF ကိုထောက်ပံ့နေတယ် ဒီအားကိုးနဲ့NLD ထောက်ခံသူတွေဟာ ဆန္ဒတွေပြကြတယ် PDF တွေက ဗုံးတွေခွဲတယ်လို့ ချိုင်းနားသတင်းစာက ရေးပါတယ်

မြန်မာစစ်တပ်ဟာ အခြားစစ်တပ်တွေနဲ့မတူဘဲ အထူးဝိသေသရှိတဲ့ Special Political Force လို့လည်းသုံးထားပြီး အင်အား ၆ သိန်းရှိ အားကြီးတဲ့ တပ်လို့ အမွှန်းတင်ထားပါသေးတယ်NLD ဟာခုချိန်ထိ တရားဝင်ပါတီဖြစ်နေဆဲဖြစ်ပြီး တကယ်လို့ ဒီတော်လှန်ရေးမှာပါမယ်ဆိုရင်တော့ တမျိုးတဖုံပြောင်းလဲသွားမယ်လို့လည်း ခြိမ်းခြောက်ဟန်ရေးထားပါတယ်

တရုတ်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးကိုအလိုလားဆုံးလို့လည်း ရေးထားပြီး ပြည်တွင်းရေးကိုဝင်စွက်ဖက်တာမလုပ်ဘူးလို့ ပြောပါတယ် မြန်မာမှာ မငြိမ်းချမ်းရင်တရုတ်ပြည်ထဲ စစ်ပြေးတွေ ဝင်လာမယ် တရုတ်စီးပွားရေးလုပ်ငန်းတွေ တိုက်ခိုက်ခံရမယ် အဆိုးဆုံးက တရုတ်ပြည်ထဲ ဗုံးတွေကျတာပဲလို့

သတင်းစာမှာဖော်ပြထားပါတယ်မြန်မာကိုပိုဆိုးရွားစေမယ့် အနောက်အုပ်စု အဆိုပြုချက်‌တွေကိုတရုတ်က ကန့်ကွက်သွားမယ်လို့လည်း သတိပေးပါတယ် အနောက်အုပ်စုရဲ့အဆိုပြုချက်ဟာ အနောက်အုပ်စုကိုဘာမှထိခိုက်မှာမဟုတ်ဘဲ မြန်မာပြည်သူတွေကိုသာ ထိခိုက်စေမှာလို့ သတင်းစာက ရေးပါတယ

မြန်မာနိုင်ငံပုံစံက အနောက်ဒီမိုကရေစီပုံစံနဲ့ မကိုက်ဘူးဆိုတာကို အခုအခြေနေတွေက သက်သေပြနေတယ်လို့လည်း ကောက်ချက်ဆွဲထားပါတယ် မြန်မာပြည်မှာ ပြည်တွင်းစစ်မဖြစ်အောင် အနောက်အုပ်စုက သတိထားချဉ်းကပ်သင့်တယ်လို့လည်း ရှီကျင်ဖျင်ရဲ့သတင်းစာက ရေးသားထားပါတယ်

Credit

Zawgyi

ဗုံးေ႐ြးမလား စားပြဲဝိုင္းေ႐ြးမလားဟု တ႐ုတ္အစိုးရသတင္းစာ ေမးခြန္းထုတ္

အခုအခ်ိန္ဟာ ျမန္မာႏိုင္ငံသားေတြအဖို႔ ဗုံးကိုေ႐ြးမလား အားလုံးပါ၀င္ၿပီး ၿငိမ္းခ်မ္းစြာစကားေျပာမလားဆိုတာ ေ႐ြးရမယ့္အခ်ိန္လို႔ စက္တင္ဘာ ၇ ရက္ေန႔ထုတ္ တ႐ုတ္ေခါင္းႀကီးသတင္းစာ Global Times မွာ ေဖာ္ျပထားပါတယ္

လက္ရွိျပႆနာေတြဟာ စစ္တပ္နဲ႔ စစ္တပ္ဆန႔္က်င္တဲ့ ႏိုင္ငံေရးပါတီၾကားက ျပႆနာတနည္းဆိုရင္ အုပ္ခ်ဳပ္ဆဲအစိုးရတစ္ရပ္နဲ႔ လူမ်ိဳးစုလက္နက္ကိုင္ၾကားက ျပႆနာလို႔ သတင္းစာမွာေရးထားပါတယ္

ျမန္မာရဲ႕အိမ္နီးခ်င္းေတြက ျမန္မာကိုၿငိမ္းခ်မ္းတာ လိုလားတယ္ ဒါဟာ တ႐ုတ္ရဲ႕သေဘာထားတင္မဟုတ္ အာဆီယံရဲ႕သေဘာထားလည္း ဒီလိုပဲလို႔ ေရးထားပါတယ္ဒါေပမယ့္ အေမရိကန္နဲ႔အေနာက္အုပ္စုဟာ စစ္တပ္ကဖယ္ရွားလိုက္တဲ့ NLD ပါတီကို ေထာက္ခံေနၿပီးဒီလိုေထာက္ခံမႈရေနတာေၾကာင့္ NLD ဟာရဲတင္းေနတယ္လို႔ စြပ္စြဲထားပါတယ္

အေနာက္အုပ္စုဟာ ျမန္မာမွာျပည္တြင္းစစ္ျဖစ္‌ေအာင္လုပ္ေနတယ္၊ စင္ၿပိဳင္အစိုးရ NUG ကိုအားေပးေနတယ္ PDF ကိုေထာက္ပံ့ေနတယ္ ဒီအားကိုးနဲ႔NLD ေထာက္ခံသူေတြဟာ ဆႏၵေတြျပၾကတယ္ PDF ေတြက ဗုံးေတြခြဲတယ္လို႔ ခ်ိဳင္းနားသတင္းစာက ေရးပါတယ္

ျမန္မာစစ္တပ္ဟာ အျခားစစ္တပ္ေတြနဲ႔မတူဘဲ အထူးဝိေသသရွိတဲ့ Special Political Force လို႔လည္းသုံးထားၿပီး အင္အား ၆ သိန္းရွိ အားႀကီးတဲ့ တပ္လို႔ အမႊန္းတင္ထားပါေသးတယ္NLD ဟာခုခ်ိန္ထိ တရား၀င္ပါတီျဖစ္ေနဆဲျဖစ္ၿပီး တကယ္လို႔ ဒီေတာ္လွန္ေရးမွာပါမယ္ဆိုရင္ေတာ့ တမ်ိဳးတဖုံေျပာင္းလဲသြားမယ္လို႔လည္း ၿခိမ္းေျခာက္ဟန္ေရးထားပါတယ္

တ႐ုတ္အေနနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရးကိုအလိုလားဆုံးလို႔လည္း ေရးထားၿပီး ျပည္တြင္းေရးကို၀င္စြက္ဖက္တာမလုပ္ဘူးလို႔ ေျပာပါတယ္ ျမန္မာမွာ မၿငိမ္းခ်မ္းရင္တ႐ုတ္ျပည္ထဲ စစ္ေျပးေတြ ၀င္လာမယ္ တ႐ုတ္စီးပြားေရးလုပ္ငန္းေတြ တိုက္ခိုက္ခံရမယ္ အဆိုးဆုံးက တ႐ုတ္ျပည္ထဲ ဗုံးေတြက်တာပဲလို႔

သတင္းစာမွာေဖာ္ျပထားပါတယ္ျမန္မာကိုပိုဆိုး႐ြားေစမယ့္ အေနာက္အုပ္စု အဆိုျပဳခ်က္‌ေတြကိုတ႐ုတ္က ကန႔္ကြက္သြားမယ္လို႔လည္း သတိေပးပါတယ္ အေနာက္အုပ္စုရဲ႕အဆိုျပဳခ်က္ဟာ အေနာက္အုပ္စုကိုဘာမွထိခိုက္မွာမဟုတ္ဘဲ ျမန္မာျပည္သူေတြကိုသာ ထိခိုက္ေစမွာလို႔ သတင္းစာက ေရးပါတယ

ျမန္မာႏိုင္ငံပုံစံက အေနာက္ဒီမိုကေရစီပုံစံနဲ႔ မကိုက္ဘူးဆိုတာကို အခုအေျခေနေတြက သက္ေသျပေနတယ္လို႔လည္း ေကာက္ခ်က္ဆြဲထားပါတယ္ ျမန္မာျပည္မွာ ျပည္တြင္းစစ္မျဖစ္ေအာင္ အေနာက္အုပ္စုက သတိထားခ်ဥ္းကပ္သင့္တယ္လို႔လည္း ရွီက်င္ဖ်င္ရဲ႕သတင္းစာက ေရးသားထားပါတယ္