မိန်းကလေးတိုင်း ဝေးဝေးရှောင်သင့်တဲ့ ယောက်ျားအမျိုးအစား(၇)မျိုး

မိန်းကလေးတိုင်း ဝေးဝေးရှောင်သင့်တဲ့ ယောက်ျားအမျိုးအစား(၇)မျိုး

မိန်းကလေးတိုင်း ဝေးဝေးရှောင်သင့်တဲ့ ယောက်ျားအမျိုးအစား(၇)မျိုး

ဘယ်လောက်ပဲ လန်းနေနေ၊ မိုက်နေနေ လုံးဝ မပတ်သင့်တဲ့ ယောက်ျားတွေ ရှိ ပါတယ်။ ကိုယ့်အနားမှာ ဒီလို လူမျိုးက မိတ်ဆွေ သူငယ်ချင်း အဖြစ်ရှိနေရင် မိတ်ဆွေ ဆက်ဆံရေးအတိုင်းပဲ ထားပါ။

လုံးဝကို ကိုယ့်ဘဝထဲ၊ ကိုယ့်နှလုံးသားထဲ အဝင်မခံပါနဲ့။ တတ်နိုင်ရင်တော့ အနေနီးပြီး စိတ်ယိမ်းယိုင်တာမျိုး မဖြစ်ရအောင် ရှောင်ပါ။ လုံးဝရှောင် သင့်တဲ့ ယောက်ျား အမျိုးအစားတွေက အောက်မှာ ဖော်ပြ ထားပါ တယ်။

(၁)ချစ်သူရှိသူ

ဘယ်လောက်ပဲ လန်းနေနေ၊တော်နေနေ လုံးဝရှောင်သင့်တဲ့ ယောက်ျားအ မျိုး အစား ထဲမှာ ဒီလို လူမျိုးပါ ပါတယ်။ ချစ်သူရှိ နှင့်နေပြီးဖြစ်တဲ့ ယောက်ျားမျိုး ဆိုရင် ဘယ်လောက်ပဲ စိတ်ထဲက သဘောကျ မိနေနေ လုံးဝရှေ့မတိုးပဲ ရှောင်ပါ။

(၂)အလုပ်မရှိတဲ့သူ

ဒီလို လူမျိုး ကလည်း ရှောင်သင့်တဲ့ အထဲမှာ ပါပါ တယ်။ ကျောင်းပြီးခါစ အလုပ် ရှာဖွေနေတဲ့ သူမျိုးတွေကို ဆိုလို ချင်တာ မဟုတ်ပါဘူး။ ကျောင်းပြီးတာ တော်ေ တာ်ကြာတဲ့ အထိ

ဘာအလုပ်ကိုမှ မယ်မယ်ရရ မလုပ်ပဲ အိမ်က မိဘ လုပ် စာကို ထိုင်စားနေတဲ့ သူမျိုးကို ဆိုလိုချင်တာပါ။ အဲ့ဒီလို ယောက်ျားမျိုးဟာ သင့်အတွက် ဘယ်တော့မှ ချစ်သူကောင်း ဘဝလက်တွဲဖော်ကောင်းဖြစ် လာမှာ မဟုတ်ပါဘူး။

(၃)ငွေဖြုန်းတီးသူ

ဒီလို လူမျိုးကလည်း မပတ်သင့်တဲ့ အထဲမှာ ပါပါတယ်။ အားအားရှိ ပါတီတတ်၊ ကလပ်တတ်လိုက်နဲ့ သောက်သောက်စားစား အချိန်ကုန် တတ်တဲ့ သူမျိုးကို ဆိုရင် လုံးဝရှောင်ပါ။ဒီလိုလူမျိုးဟာ ကိုယ့်ဘဝ တိုးတတ်ရာ တိုးတတ်ကြော င်းကို ဘယ်တော့မှ မကြံဆပဲ ဒီအတိုင်းပဲ အချိန်ကုန်နေမယ့် သူမျိုးပါ။

(၄)အချစ်ကို ကစားစရာလောက်ပဲမြင်သူ

မိန်းမတကာနဲ့လှည့်ပတ် တွဲနေပြီး အချစ်ကို ကစားစရာလောက်ပဲ သဘောထား တဲ့ သူမျိုးကိုရှောင်ပါ။ ဒီလို လူမျိုးဟာ ကောင်မလေးတော်တော် များများကို ကျအောင် ပြောတတ်ပါတယ်။သူတို့နဲ့တွေ့ရင် ဝေးဝေး ကရှောင်တာအေ ကာင်း ဆုံးပါ။ သူ့စိတ်ထဲမှာက အချစ်ကိစ္စ ဆိုတာ sex ကိစ္စသာသာလောက် ပဲလို့ သဘော ထားတတ် သူပါ။

(၅)ယောက်ျားဝါဒကို အရမ်းလက်ကိုင်ထားသူ

ယောက်ျားဝါဒကို အရမ်းလက်ကိုင် ထားတတ်တဲ့ သူမျိုးကိုလည်း တတ်နိုင် သမျှေ ရှာင်ပါ။သူ့အတွက်ကတော့ မိန်းမ ဆိုတာ မီးဖိုချောင်ဝင်ဖို့၊ ကလေးမွေးပေးဖို့ လောက်ပဲ အသုံးဝင်သူလို့ ထင်နေမှာပါ။ မီးဖိုချောင် ချက်ရေးပြုတ်ရေး ကိစ္စကို ဝင်ကူဖို့ မဆိုထားနဲ့ သင်တစ်ယောက်တည်းကပဲ အကုန်သိမ်းကြုံးလုပ်ရမှာပါ။

(၆)အမေချစ်သား

သူတို့ကတော့ အရမ်းကြီးပြဿနာကြီး တာတော့ မဟုတ်ပေမယ့် နည်းနည်းေ လးတော့ ပြဿနာပေးနိုင်တဲ့ သူတွေပါ။ အမေမှ အမေဖြစ်နေလွန်းရင်လည်း သင့်အတွက်ထက် သူ့မိဘကိုပဲ အချိန်ပိုပေးနေမယ့်သူမျိုးပါ။သူ့ဘဝအတွက်က သူ့အမေကသာ အရေးကြီးဆုံးပါ။ သူ့အမေနဲ့မှ တည့်အောင် ပေါင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိရင်တော့ ဒီလိုလူမျိုးနဲ့ မပတ်သက်တာ အေ ကာင်းဆုံးပါ။

(၇)သဝန်တိုတတ်တတ်သူ

ဒီလိုလူမျိုး ကတော့ တကယ့်ပြဿနာပါ။ နေရာ တစ်ကာမှာ လိုက်ပြီး သဝန်တို တတ်တဲ့ ယောက်ျားမျိုးက လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ ရင်ဘောင် တန်း အလုပ်လုပ်နေကြရတဲ့ မိန်းကလေးတွေအတွက်တော့ လုံးဝ ရှောင်ပါ။နေရာတ ကာ လိုက်ထိန်းချုပ်ချင်နေတဲ့ သူ့စိတ်က သင်တို့ ကြားမှာ

အနှောင့်အယှက် အတားအဆီးပါ။ ဘယ်သူနဲ့ မပေါင်းနဲ့၊ ဘာလိုမျိုးတွေ မဝတ်နဲ့ ဆိုတာတွေက ရေရှည်မှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။တခြားရှောင်သင်တဲ့ ယော က်ျား အမျိုးအစားတွေ ကတော့ အပျင်းထူတတ်သူ၊အတ္တကြီးသူ၊ကိုယ့်အပြစ်ကို မဝန်ခံ ရဲတဲ့ သူမျိုးတွေကိုလည်း ဝေးဝေး ကရှောင်သင့် ပါတယ်။

Credit

Unicode