ချစ်သူရည်းစားရှိသူတိုင်းဖတ်ရန်

ချစ်သူရည်းစားရှိသူတိုင်းဖတ်ရန်

ချစ်သူရည်းစားရှိသူတိုင်းဖတ်ရန်

ခုခေတ်မှာ ရည်းစားထားဖို့က ထမင်းစား ရေသောက် သလောက် သိပ်လွယ်ကူလွန်းပါတယ်။ ရေရှည်တည်မြဲအောင် ထိန်းသိမ်းသွား ဖို့ရယ် နှစ်ဖက်စလုံးက သစ္စာစောင့်သိတတ်ဖို့ရယ်ကမှခက်တာ။
ထစ်ခနဲရှိ ပြတ်ပြီ ဆိုတဲ့

စကား မပြောမိဖို့ရယ် စစ်မရောက်ခင် မြှားကုန် လမ်းခွဲ မသွားဖို့ ရယ်ကမှ ခက်တာ။ အတူချမှတ် ထားတဲ့ Plan တွေ မေ့မသွားဖို့ရယ် ပေးပြီးသား ကတိ ဖောက်ဖျက် မသွားဖို့ ရယ်ကမှ ခက်တာ။


အခု Propose လုပ် အခုချက်ချင်းချစ်သူ ရည်းစားတွေဖြစ် တစ်ပတ် တစ်လမကြာဘူး ကွဲကြတဲ့ ခေတ်မှာ ကိုယ့်အတွက်နဲ့ နှစ်ရှည်လများ မျက်ရည် ကျပေးတဲ့ချစ်သူ ကို တန်ဖိုးထားပါ။In a Relationships တွေချိတ် ရေစက်ကုန်ပြန်တော့ Single ပြောင်း အချစ်ကို စတုဒီသာလို

အလှုလုပ် သဘောထားနေကြတဲ့ ခေတ်မှာ ကိုယ်ကလွဲ အခြားသူဆိုဖွဲနဲ့ဆန်ကွဲ စေ့စေ့မှ မကြည့် သစ္စာရှိပေးတတ် တဲ့ ချစ်သူကို အရင်က ထက် 10.ဆ ပိုချစ်ပေး ပါ။လပိုင်းလောက်တွဲပြီး Anni ထလုပ် မနေ့ တစ်နေ့ကမှ ရည်းစားတွေဖြစ်

ယောက်ျားမိန်းမတွေ ခေါ်နေကျတဲ့ ခေတ်မှာ အခက်အခဲ ဘယ်လောက် ရှိနေ ပါစေ ထွက်မသွားဘဲ အနားမှာ ပေကပ်နေပေး တတ်တဲ့ ရှာမှရှား ချစ်သူမျူ ိးကို ဂုတ်ကနေဆွဲ ဖက် ထားပါ။Anni တွေအထပ်ထပ် ဖြတ်သန်းပေး ခဲ့တယ် အခက်အခဲ

ဒုက္ခပေါင်းစုံ အတူ လက်တွဲ ပေးခဲ့တယ် မရှိအတူ ရှိအတူ မျှဝေခံစားပေးခဲ့တယ် Family တွေထက် နွေးထွေးမှု ပေးခဲ့တယ် ။ ဒီလို ချစ်သူမျူ ိး အဆုံးရှုံးခံတော့မလို့လား?အအေးတစ်ခွက် ပိုက်နှစ် ချောင်းတပ် ရိုခဲ့ဖူးတယ် ထိုင်ခုံတစ်လုံး နှစ်ယောက်

မရမက ထိုင်ဖူးတယ် နားကြပ်တစ်ခု နှစ်ယောက် မျှနားထောင်ဖူးတယ် တစ်ထောင်တန် ဖုန်းကဒ်ကို နှစ်ယောက်ခွဲပြီး သုံးခဲ့ ဖူးတယ် ဒီလောက် နားလည်မှုရှိတဲ့ ချစ်သူမျူ ိးကို လက်တွဲဖြုတ်တော့ မလို့လား?

မျက်နှာမှာ ဝက်ခြံတွေ့ရင် ဆွဲညှစ် ပေးခဲ့တယ် ။ ခြေသည်း လက်သည်း မရွံမရှာ ထိုင်ညှပ်ပေး ခဲ့တယ် ဝါးပြီးသား ပါးစပ်ထဲက မုန့်ကို စားပေး ခဲ့တယ်မိုးရွာထဲဖိနပ်ပြတ် တဲ့ အခါ ချိတ်နဲ့ ထိုင်ချုပ်ပေး ခဲ့တယ် ဒီလိုအနွံတာခံ ဂရုစိုက်ပေးတတ် တဲ့ချစ်သူ မျူ ိးကို လမ်းခု လတ်မှာ ချန်ထားခဲ့ နိုင်ရဲ့လား?

အခက်အခဲ တွေကြားက လက်တွဲဖြုတ်မသွားဘဲ ဘေးမှ ာရှိနေပေးတာမှ အချစ်စစ် ခေါ်တယ်။ လဲကျနေချိန် ဥပေက္ခာပြုမသွားဘဲ ဖေးမကူပေးတာမှ အချစ်စစ် ခေါ်တယ်။အဆင်မပြေနေချိန် ပစ်ပယ်မသွားဘဲ အတူ ရင်ဆိုင်ပေး တာမှ အချစ်စစ် ခေါ်တယ်။

ရက်ရှည်လများ တည်ဆောက် လာခဲ့တဲ့ အချစ်ရေး တစ်ခု ဘယ်လို ပယောဂကြောင့်နဲ့မှ အပျက်စီး မခံပါနဲ့ Forward လုပ်ဖို့ ပဲတွေးပါ။နောက်တစ်ယောက် သင့်ကို သဲသဲလှုပ် ချစ်တယ် ဆိုတာ သင့်ချစ်သူ သင့်ကို စိတ်အကြီး အကျယ်နာ နေသလောက် ရှိတာပါ။ ခုလက်ရှိ ချစ်သူရဲ့ ခြေဖျားတောင် မမှီနိုင် ပါဘူးလေ။
Credit

Unicode