သင့်ကိုတကယ်မချစ်ပဲ လိုသုံး သဘောမျိုးတွဲနေတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အပြုအမူများ

သင့်ကိုတကယ်မချစ်ပဲ လိုသုံး သဘောမျိုးတွဲနေတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အပြုအမူများ

သင့်ကိုတကယ်မချစ်ပဲ လိုသုံး သဘောမျိုးတွဲနေတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အပြုအမူများ

မိန်းကလေးတွေမှာ မွေးရာပါ ဗီဇအရ gut feeling ဆိုတာရှိပါတယ်။ gut feeling ဆိုတာ တစ်ခုခုမဖြစ်ခင် ကြိုသိနေတာမျိုး ၊ လူတစ်ယောက်ရဲ့ စိတ်ကို ခန့်မှန်းမိနေတာမျိုးပါ။တစ်ကယ်လို့ သင့်ရဲ့ အချစ်ရေးမှာလည်း သင့်ချစ်သူက

သင့်ကိုမချစ်သလိုလိုခံစားနေရပြီး မတင်မကျခံစားချက်မျိုးဖြစ်နေပါသလား ။ဒါဆိုရင်တော့ သူသင့်ကိုတစ်ကယ်ချစ်တာလား ၊ ဒါမှမဟုတ် ရည်းစားဖြစ်ရုံ လိုသုံးပုံစံ တွဲနေတာလားဆိုတာ ဒီအချက်တွေနဲ့ အဖြေရှာကြည့်လိုက်ပါနော်

(၁) သူလိုမှပေါ်လာတတ်တယ်

ဒီလိုလူမျိုးတွေက သင်နဲ့အမြဲအဆက်အသွယ်လုပ်နေမှာမဟုတ်ပဲ သင့်ဆီက တစ်ခုခုလိုချင်တဲ့အခါမှ ရောက်ရောက်လာတတ်ပါတယ်။ သင်နဲ့ စကားပြောဖို့ ၊ သင့်အကြောင်းလေးတွေ သတိတရ မေးဖို့အတွက် အချိန်ဆိုတာလည်း သူတို့မှာရှိမှာမဟုတ်ပါဘူး။

ဒီလိုလိုအပ်မှ လာဆက်သွယ်တယ်ဆိုတာ သူ့ရဲ့တစ်ကိုယ်ကောင်းစိတ်အရ သင့်အပေါ်ကောင်းပြတာနေတာပါ။ တစ်ကယ်ချစ်တဲ့သူဆိုရင်တော့ သင့်အကြောင်းတွေ ၊ သင့်ရဲ့တစ်နေ့တာတွေကို အမြဲစိတ်ဝင်စားပြီး သင်နဲ့အတူတူရှိနေဖို့ သူ့အချိန်တွေအမြဲဖယ်ထားမှာပါ။

(၂) သင့ျရဲ့ အကွိုကျတှေ ၊ ဝါသနာတှကေို စိတျမဝငျစားဘူး

သင့်ကိုတစ်ကယ်ချစ်တဲ့သူက သင့်ရဲ့အပြုအမူ၊ သင့်ရဲ့စိတ်အားထက်သန်တဲ့အရာတွေ ၊ အစားအသောက် အကြိုက်တွေကအစ စိတ်ဝင်စားပြီး သင်လိုအပ်တာတွေကိုဖြည့်စည်းပေးဖို့ အမြဲအသင့်ရှိနေမှာပါ။

သင့်ချစ်သူကတော့ သင်အကြောင်းလဲစိတ်မဝင်စား၊ သင်ပြောပြရင်တောင် စိတ်ဝင်စားဟန်မပြပဲ စကားလွှဲလိုက်တာ ၊ သူလိုချင်တာပဲ စွတ်ပြောနေတာတွေ လုပ်နေရင်တော့ သူသင့်ကိုတစ်ကယ်မချစ်ပါဘူး

(၃) သူ့အကြောင်းတွေ မပြောပြတတ်ဘူး

သင့်ကို မချစ်တဲ့သူက သူ့အကြောင်းအပြည့်အစုံကိုလည်းသင့်ကို ပေးသိမှာမဟုတ်ပါဘူး။ သူအောင်မြင်တာဖြစ်ဖြစ်၊ကျရှုံးတာဖြစ်ဖြစ် မျှဝေခံစားမှာမဟုတ်ပဲ သင့်ကိုသူစိမ်းတစ်ယောက်ဆန်ဆန်ပဲဆက်ဆံမှာပါ။

သူ့အကြောင်းတွေကို သူ့သူငယ်ချင်းတွေ၊ သူ့မိသားစုတွေကနေတစ်ဆင့်ပဲ ပြန်ပြန်သိနေရပြီး ကိုယ်ဟာသူ့ဘဝထဲမှာမရှိသူတစ်ယောက်လို ဆက်ဆံခံနေရရင်တော့ အမြန်ဆုံးလမ်းခွဲလိုက်တာပဲကောင်းပါတယ်။

(၄) RS တည်မြဲဖို့ သင်တစ်ယောက်တည်း ရုန်းကန်နေရတယ်

Relationship တစ်ခုတည်ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး ။ နှစ်ဦးသား ညှိနှိုင်းရမှာတွေ ၊ အလျော့ပေးရမှာတွေ ၊နားလည်မှုပေးရမှာတွေကို တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီညီ ကြိုးစားပြီးတည်ဆောက်ရမှာပါ။

သင်တို့ အချစ်ရေးမှာတော့ ဒီလိုမဟုတ်ပဲ သင်တစ်ယောက်တည်းကပဲ ကြိုးစားပြီး တည်မြဲအောင်ရုန်းကန်နေရရင်တော့ သင်က သူ့အတွက် လိုသုံးတစ်ယောက်ထက် မပိုပါဘူး

Credit

Zawgyi







(၂) သင့်ရဲ႕ အကြိဳက်ေတွ ၊ ဝါသနာတွေကို စိတ်မဝင်စားဘူး







