မြေပြင်မှာတိုက်ပွဲတွေမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ်လို့‌ဇော်မဲလုံး‌ ပြော

မြေပြင်မှာတိုက်ပွဲတွေမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေတယ်လို့‌ဇော်မဲလုံး‌ ပြော

‌မျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၇ ရက် ဒီကနေ့မှာ တွန်းလှန်စစ်ကြေညာပြီးနောက်ပိုင်းမြေပြင်မှာတိုက်ပွဲတွေ မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်နေ တယ်လို့ မြဝတီရုပ်မြင်သံကြား ကနေ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆို လိုက်ပါတယ်လက်တွေ့မြေမြင်မှာတော့ ဒီကနေ့ မနက်ကတည်းက KNU တပ်မဟာ ၄ နယ်မြေတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ကယားပြည်နယ်နဲ့ မြန်မာပြည် အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊

မကွေးတိုင်းတို့မှာလည်း ထိတွေ့တိုက်ပွဲတွေရှိနေတာပါအမျိုးသားညီညွတ်ရေးအစိုးရရဲ့စစ်ကြေညာချက်နဲ့ပတ်သက်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ CRPH၊ NUG၊ PDF တွေဟာ

ဖေဖော်ဝါရီလကတည်းက သင်္ကြန်အမြောက်ပေါ့ဗျာ။ တဒိုင်းဒိုင်းပစ်နေတာ ပြည်ဖျက်မီဒီယာတွေကလည်း ဘေးကနေပြီးတော့တက်ညီလက်ညီဝိုင်းလှော်ကြတဲ့ဟာပေါ့နော် ဒီနေ့ NUG က ကြေညာချက်ထုတ်နေတာကိုလည်းတွေ့ရပါတယ်

ပြည်ဖျက်မီဒီယာတွေကလည်း ဘယ်နားမှာ တိုက်ပွဲဖြစ်နေပြီ၊ စားနပ်ရိက္ခာတွေ အလုအယက်သွားဝယ်နေကြပြီတို့ ဒါတွေ ထုတ်လွှင့်နေတာ တွေ့ရပါတယ်ဒါတွေက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်တွေပါပဲ”လို့ ပြောပါတယ် လက်တွေ့မြေပြင်မှာတော့

ပြည်သူတွေက စားနပ်ရိက္ခာပြတ်လပ်မှာ၊ တိုက်ပွဲတွေဖြစ်လာရင် အခြေခံလိုအပ်ချက်တွေပြတ်လပ်မှာကို စိုးရိမ်တာတွေရှိနေပါတယ်အခု စက်တင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးရှိတဲ့အတွက် နိုင်ငံတကာအာရုံစိုက်မှုကိုပြန်ရအောင်

NUG က စစ်ကြေညာတဲ့လုပ်ဆောင် ချက်ကိုပြုလုပ်တာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။နံပါတ်တစ်အချက်က စက်တင်ဘာ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂညီလာခံကျင်းပမှာဖြစ်တဲ့အတွက် သူတို့လုပ်ရပ်တစ်ခုပြနိုင်အောင် လုပ်ငန်းတစ်ခုပြနိုင်အောင်

လုပ်ဆောင်တာပဲဖြစ်တယ်။ နံပတ် ၂ အချက်က ယခင်တုန်းကတော့ မိုင်းထောင် မိုင်းခွဲလုပ်တာတွေ သူတို့လုပ်ဆောင်တယ် တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်ဆောင်တယ်အဲ့လိုလုပ်ဆောင်တာတွေဟာ အေးချမ်းတည်ငြိမ်ချင်တဲ့ တာဝန်သိပြည်သူလူထုရဲ့

ပူးပေါင်းပါဝင်မှုကြောင့် ဖော်ထုတ်ဖမ်းဆီးရမှုတွေ များစွာရှိခဲ့တယ်။အဲ့ဒါတွေများလာတော့ ကျဆုံးမှုဘက်ပိုင်းကို ရောက်လာတာ သူတို့သိတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအာရုံစိုက်မှု အရှိန်ပြန်မြှင့်လာရေးအတွက် လုပ်ဆောင်တာပဲဖြစ်ပါတယ်

လက်တွေ့မြေပြင်မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက PDF တွေဟာ စစ်ကောင်စီနဲ့ ဒလန်တွေကိုစတင်ရှင်းလင်းမယ်လို့ ကြေညာထားသလို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ Non CDM ဝန်ထမ်းတွေကိုလည်း လုပ်ငန်းခွင် ဝင်တာကိုရပ်ဆိုင်းဖို့ သတိပေးထားပါတယ်

စက်တင်ဘာ ၇ ရက် ဒီနေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံ တွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကိုလှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာထားပါတယ်

Credit

Unicode

ေျမျပင္မွာတိုက္ပြဲေတြမရွိဘဲ တည္တည္ၿငိမ္ၿငိမ္ျဖစ္ေနတယ္လို႔‌ေဇာ္မဲလုံး‌ ေျပာ

‌မ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က စက္တင္ဘာ ၇ ရက္ ဒီကေန႔မွာ တြန္းလွန္စစ္ေၾကညာၿပီးေနာက္ပိုင္းေျမျပင္မွာတိုက္ပြဲေတြ မရွိဘဲ တည္တည္ၿငိမ္ၿငိမ္ျဖစ္ေန တယ္လို႔ ျမဝတီ႐ုပ္ျမင္သံၾကား ကေန အၾကမ္းဖက္စစ္ေကာင္စီ ေျပာခြင့္ရသူ

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆို လိုက္ပါတယ္လက္ေတြ႕ေျမျမင္မွာေတာ့ ဒီကေန႔ မနက္ကတည္းက KNU တပ္မဟာ ၄ နယ္ေျမတို႔မွာ တိုက္ပြဲျဖစ္ပြားခဲ့သလို၊ ကယားျပည္နယ္နဲ႔ ျမန္မာျပည္ အလယ္ပိုင္း စစ္ကိုင္းတိုင္း၊ ခ်င္းျပည္နယ္၊

မေကြးတိုင္းတို႔မွာလည္း ထိေတြ႕တိုက္ပြဲေတြရွိေနတာပါအမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕စစ္ေၾကညာခ်က္နဲ႔ပတ္သက္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာထားတဲ့ CRPH၊ NUG၊ PDF ေတြဟာ

ေဖေဖာ္ဝါရီလကတည္းက သၾကၤန္အေျမာက္ေပါ့ဗ်ာ။ တဒိုင္းဒိုင္းပစ္ေနတာ ျပည္ဖ်က္မီဒီယာေတြကလည္း ေဘးကေနၿပီးေတာ့တက္ညီလက္ညီဝိုင္းေလွာ္ၾကတဲ့ဟာေပါ့ေနာ္ ဒီေန႔ NUG က ေၾကညာခ်က္ထုတ္ေနတာကိုလည္းေတြ႕ရပါတယ္

ျပည္ဖ်က္မီဒီယာေတြကလည္း ဘယ္နားမွာ တိုက္ပြဲျဖစ္ေနၿပီ၊ စားနပ္ရိကၡာေတြ အလုအယက္သြားဝယ္ေနၾကၿပီတို႔ ဒါေတြ ထုတ္လႊင့္ေနတာ ေတြ႕ရပါတယ္ဒါေတြက သူတို႔ရဲ႕လုပ္႐ိုးလုပ္စဥ္ေတြပါပဲ”လို႔ ေျပာပါတယ္ လက္ေတြ႕ေျမျပင္မွာေတာ့

ျပည္သူေတြက စားနပ္ရိကၡာျပတ္လပ္မွာ၊ တိုက္ပြဲေတြျဖစ္လာရင္ အေျခခံလိုအပ္ခ်က္ေတြျပတ္လပ္မွာကို စိုးရိမ္တာေတြရွိေနပါတယ္အခု စက္တင္ဘာလမွာ ကုလသမဂၢ အေထြေထြညီလာခံအစည္းအေဝးရွိတဲ့အတြက္ ႏိုင္ငံတကာအာ႐ုံစိုက္မႈကိုျပန္ရေအာင္

NUG က စစ္ေၾကညာတဲ့လုပ္ေဆာင္ ခ်က္ကိုျပဳလုပ္တာလို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။နံပါတ္တစ္အခ်က္က စက္တင္ဘာ ၁၄ ရက္ေန႔မွာ ကုလသမဂၢညီလာခံက်င္းပမွာျဖစ္တဲ့အတြက္ သူတို႔လုပ္ရပ္တစ္ခုျပႏိုင္ေအာင္ လုပ္ငန္းတစ္ခုျပႏိုင္ေအာင္

လုပ္ေဆာင္တာပဲျဖစ္တယ္။ နံပတ္ ၂ အခ်က္က ယခင္တုန္းကေတာ့ မိုင္းေထာင္ မိုင္းခြဲလုပ္တာေတြ သူတို႔လုပ္ေဆာင္တယ္ တိုင္းျပည္မၿငိမ္မသက္ျဖစ္ေအာင္လုပ္ေဆာင္တယ္အဲ့လိုလုပ္ေဆာင္တာေတြဟာ ေအးခ်မ္းတည္ၿငိမ္ခ်င္တဲ့ တာဝန္သိျပည္သူလူထုရဲ႕

ပူးေပါင္းပါဝင္မႈေၾကာင့္ ေဖာ္ထုတ္ဖမ္းဆီးရမႈေတြ မ်ားစြာရွိခဲ့တယ္။အဲ့ဒါေတြမ်ားလာေတာ့ က်ဆုံးမႈဘက္ပိုင္းကို ေရာက္လာတာ သူတို႔သိတယ္။ ဒါေၾကာင့္မို႔ ႏိုင္ငံတကာအာ႐ုံစိုက္မႈ အရွိန္ျပန္ျမႇင့္လာေရးအတြက္ လုပ္ေဆာင္တာပဲျဖစ္ပါတယ္

လက္ေတြ႕ေျမျပင္မွာေတာ့ တိုင္းနဲ႔ျပည္နယ္အသီးသီးက PDF ေတြဟာ စစ္ေကာင္စီနဲ႔ ဒလန္ေတြကိုစတင္ရွင္းလင္းမယ္လို႔ ေၾကညာထားသလို စစ္ေကာင္စီလက္ေအာက္ခံ အုပ္ခ်ဳပ္ေရးမႉးေတြ၊ Non CDM ဝန္ထမ္းေတြကိုလည္း လုပ္ငန္းခြင္ ဝင္တာကိုရပ္ဆိုင္းဖို႔ သတိေပးထားပါတယ္

စက္တင္ဘာ ၇ ရက္ ဒီေန႔ကစၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး ခုခံ တြန္းလွန္စစ္စတင္ေၾကာင္းနဲ႔ မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ အၾကမ္းဖက္စစ္အုပ္ခ်ဳပ္ေရးကိုလွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ တြန္းလွန္တိုက္ဖ်က္ၾကဖို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ယာယီသမၼတ ဒူဝါလရွီးလက ေၾကညာထားပါတယ္