ပါးစပ်ကနေပဲချစ်ပြပြီးတကယ်မချစ်တဲ့ယောကျာ်းတွေရဲ့ အမူအကျင့်များ

ပါးစပ်ကနေပဲချစ်ပြပြီးတကယ်မချစ်တဲ့ယောကျာ်းတွေရဲ့ အမူအကျင့်များ

ချစ်သူတွေဆိုတာတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂရုစိုက်၊နွေးထွေးကြပါတယ်။ပါးစပ်ကနေချစ်တယ်လို့ တဖွဖွပြောနေပြီးလက်တွေ့မှာ ဂရုမစိုက်တာဟာတကယ်မချစ်လို့ဆိုတာပြောစရာတောင်မလိုပါဘူး။

သင့်ကိုသင့်ရဲ့ချစ်သူကပါးစပ်ကနေပဲချစ်ပြနေပြီးတကယ္မခ်စ္ဘူး၊သင်နဲ့ပတ်သက်တာတွေကိုဂရုမစိုက်ဘူးဆိုတာ ဒီအချက်တွေက သက်သေပါပဲ။

(၁) သင့်အတွက်အချိန်မပေးဘူး

ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကဘယ်လောက်ပဲအလုပ်များများကိုယ့်အတွက်အချိန်ပေးဖို့ကြိုးစားပါတယ်၊အချိန်လည်းပေးနိုင်ပါတယ်။အချိန်မရှိဘူး၊ မအားဘူး၊အလုပ်တွေများနေတယ်ဆိုတဲ့


အကြောင်းပြချက်ဟာတကယ်မချစ်တဲ့သူ၊သူတို့ဂရုမစိုက်တဲ့သူတွေကို ပေးတတ်တဲ့ဆင်ခြေပါ။တကယ်ချစ်တဲ့သူဟာ သူချစ်တဲ့သူအတွက်လိုလိုလားလားကို အချိန်ပေးတတ်ကြပါတယ်။

(၂) အရာအားလုံးအတွက်သင့်ကိုအပြစ်တင်တတ်တယ်

ချစ်တဲ့စိတ်နဲ့ကြည့်ရင် အပြစ်ရယ်လို့မမြင်ဘဲ အရာအားလုံးကခွင့်လွှတ်ချင်စရာပါ။မခ်စ္တဲ့သူအတြက္ကေတာ့ဘာလုပ်လုပ်အပြစ်တွေမြင်နေမှာပါပဲ။ဒါကြောင့် သင့်ကိုချစ်တယ်လို့ပြောပြီးသင့်ရဲ့ကောင်းကွက်တွေကိုမမြင်ဘဲအပြစ်တွေပဲမြင်နေတဲ့သူအတွက်ခံစားနေမယ်ဆိုရင် မတန်ပါဘူး။

(၃) ဘာလုပ္လုပ္မတိုင္ပင္ဘူး

လူတစ်ယောက်ကတကယ်ချစ်မိသွားပြီဆိုရင်ဘာပဲလုပ်လုပ်သူချစ်တဲ့သူကိုတိုင်ပင်ချင်တယ်၊ချစ်တဲ့သူရဲ့အမြင်ကိုသိချင်တယ်၊ချစ်တဲ့သူရဲ့ထောက်ခံအားပေးမှုကိုလိုချင်ပါတယ်။ဒါကြောင့် သင့်ကို

တကယ်ချစ်တယ်၊ဂရုစိုက်တယ်ဆိုရင် သင့်ကိုအမြဲတိုင်ပင်ပါလိမ့်မယ်။ဘာပဲလုပ္လုပ္မတိုင္ပင္ဘူး၊သင့်ကိုမသိတောင်မပေးဘူးဆိုရင်တော့သူဟာသင့်ကို ဂရုလည်းမစိုက်သလိုချစ်လည်းမချစ်ပါဘူး။

(၄) သင်ပျော်ရွှင်အောင်မလုပ်ပေးဘူး

ချစ်မိသွားတဲ့သူတစ်ယောက်ကသူချစ်ရတဲ့သူပျော်ရွှင်ဖို့ စဉ်းစားပေးတယ်၊ချစ်ရသူပျော်ရွှင်အောင် ဘာလုပ်ပေးရမလဲအမြဲတွေးပေးတယ်။သူ့ဘက်က သင်ပျော်တာမပျော်တာတွေစိတ်မဝင်စားဘူး၊သင်ပျော်အောင်လည်းတစ်ခါမှ မလုပ်ပေးဖူးဘူးဆိုရင်တော့သင့်ကိုချစ်တယ်ဆိုတာ အလိမ်အညာတွေပဲဖြစ်ပါလိမ့်မယ်။

(၅) သင်အဆင်ပြေ၊မပြေ စိတ်မဝင်စားဘူး

ဘယ်သူမဆို ကိုယ္ခ်စ္တဲ့သူကိုအဆင်ပြေပျော်ရွှင်နေတာကိုပဲမြင်ချင်ကြပြီးသူ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းလဲ၊တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲ၊ဘယ်လိုစိတ်ညစ်စရာတွေနဲ့ကြုံနေလဲစသဖြင့်

တွေးပေးတတ်ပါတယ်။တကယ်လို့ သင်အဆင်ပြေ၊မပြေစိတ်မဝင်စားဘူး၊အဆင်ပြေရဲ့လားလို့တောင်မမေးဘူး၊သင်ရင်ဖွင့်တာတွေကိုလည်းဘယ်တော့မှနားမထောင်တတ်ဘူးဆိုရင်တော့သူဟာ သင့်ကိုမချစ်ပါဘူး။

(၆) တခြားမိန်းမတွေနဲ့ရောတယ်

ဘယ်လောက်ပဲရှုပ်ပွေတဲ့ယောကျာ်းတစ်ယောက်ဖြစ်ပါစေ။သူတကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါသူချစ်တဲ့သူကသူ့ကိုလူရှုပ်၊လူပွေတစ်ယောက်လို့ မြင်သွားမှာကိုစိုးရိမ်ပြီးအနေအထိုင်ဆင်ခြင်တတ်ပါတယ်။ကိုယ်ချစ်တဲ့သူအရှေ့မှာ

မပြောနဲ့ကွယ်ရာမှာတောင်တခြားမိန်းမတွေနဲ့ရောတာမျိုးမလုပ်စောင့်ထိန်းတတ်ပါတယ်။သင့်ကို ချစ်ပါတယ်လို့ပြောနေပြီးသင့်အရှေ့မှာတောင်တခြားမိန်းမတွေနဲ့ရောနှောနေတယ်ဆိုရင်တော့သူဟာ သင့်ကိုဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်နေပါပြီ။

Credit

Unicode