“ပြည်သူအားလုံး ကူကြပါ… ပြည်သူ့အားကို လိုအပ်ပါသည်… D-DAY ရောက်ပါပြီ” – မင်းမော်ကွန်း

“ပြည်သူအားလုံး ကူကြပါ… ပြည်သူ့အားကို လိုအပ်ပါသည်… D-DAY ရောက်ပါပြီ” – မင်းမော်ကွန်း

“ပြည်သူအားလုံး ကူကြပါ… ပြည်သူ့အားကို လိုအပ်ပါသည်… D-DAY ရောက်ပါပြီ” – မင်းမော်ကွန်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်း ဒီကနေ့ ကြေညာပြီးပြီးနောက် မြန်မာပြည်သူတွေအနေနဲ့ အားလုံးပါဝင်ကူကြဖို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် တိုက်ပွဲခေါ်သံ မကြာခင်လာတော့မှာမို့ အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ပြည်သူတွေကို သတိပေးထားပါတယ်။မင်းမော်ကွန်းဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့

တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။စက်တင်ဘာ ၇ ရက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံ

တွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာထားပါတယ်။

Credit

Unicode

“ျပည္သူအားလုံး ကူၾကပါ… ျပည္သူ႔အားကို လိုအပ္ပါသည္… D-DAY ေရာက္ပါၿပီ” – မင္းေမာ္ကြန္း

အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က စစ္အာဏာရွင္ဆန႔္က်င္ေရး ခုခံတြန္းလွန္စစ္ စတင္ေၾကာင္း ဒီကေန႔ ေၾကညာၿပီးၿပီးေနာက္ ျမန္မာျပည္သူေတြအေနနဲ႔ အားလုံးပါဝင္ကူၾကဖို႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီမင္းေမာ္ကြန္းက တိုက္တြန္းလိုက္ပါတယ္။

ဒါ့အျပင္ တိုက္ပြဲေခၚသံ မၾကာခင္လာေတာ့မွာမို႔ အစစအရာရာ ႀကိဳတင္ျပင္ဆင္ထားၾကဖို႔လည္း ျပည္သူေတြကို သတိေပးထားပါတယ္။မင္းေမာ္ကြန္းဟာ စစ္အုပ္စုရဲ့ မတရားအာဏာသိမ္းကာလ စတင္ခ်ိန္ကတည္းက ျပည္သူေတြနဲ႔

တသားတည္းရပ္တည္ကာ စစ္အာဏာရွင္ဆန႔္က်င္ေရး လူထုလွုပ္ရွားမွု ေတြမွာ တက္တက္ႂကြႂကြ ပါဝင္လွုပ္ရွားခဲ့တဲ့ အႏုပညာရွင္တေယာက္ျဖစ္ၿပီး ပုဒ္မ ၅၀၅ (က)နဲ႔ အမွုဖြင့္ခံထားရသူလည္း ျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္က စတင္ကာ အၾကမ္းဖက္စစ္ေကာင္စီက နိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့တဲ့ ကာလဟာ ၇ လေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။စက္တင္ဘာ ၇ ရက္ ဒီေန႔မနက္ပိုင္းမွာေတာ့ စစ္အာဏာရွင္ဆန႔္က်င္ေရး ခုခံ

တြန္းလွန္စစ္စတင္ေၾကာင္းနဲ႔ မင္းေအာင္လွိုင္ ဦးေဆာင္တဲ့ အၾကမ္းဖက္စစ္အုပ္ခ်ဳပ္ေရးကို လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ တြန္းလွန္တိုက္ဖ်က္ၾကဖို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ယာယီသမၼတ ဒူဝါလရွီးလက ေၾကညာထားပါတယ္။