အချိန်တွေဘယ်လောက်ကြာကြာ အချစ်ဦးကိုလုံးဝမေ့မရတာ ဒီအချက်တွေကြောင့်ပါ

အချိန်တွေဘယ်လောက်ကြာကြာ အချစ်ဦးကိုလုံးဝမေ့မရတာ ဒီအချက်တွေကြောင့်ပါ

အချိန်တွေဘယ်လောက်ကြာကြာ အချစ်ဦးကိုလုံးဝမေ့မရတာ ဒီအချက်တွေကြောင့်ပါ

အချစ်ဦး မြေးဦး ရတဲ့အထိ မမေ့ဘူးဆိုတဲ့ စကား ရှိပါတယ်။ အချစ်ဦးကို မမေ့နိုင်တဲ့ အကြောင်းအရင်းကတော့ ချစ်နေလို့တော့ မဟုတ်တတ်ကြပါဘူး။ဒါပေမယ့်လည်း အချစ်ဦးကိုဆိုရင် မေ့မရနိုင်တဲ့ လူတွေကတော့ အများကြီးပါပဲ။ အချစ်ဦးကို မေ့မရခြင်းရဲ့ အကြောင်းအရင်းတွေကတော့ ဒီလိုရှိပါတယ်နော်

(၁) အချစ်ဦးဖြစ်လို့

အချစ်ဦးဆိုတာက ကိုယ့်ကို ပထမဆုံး အချစ်နဲ့ တွေ့စေခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကြောင့်သာ အချစ်ကို ပထမဆုံး စတင်ခံစားပြီး သိရှိခဲ့တာပါ။ ဘဝရဲ့ ပထမဆုံး ဖြစ်တဲ့အရာတွေကို မှတ်မိတတ်ကြတာ လူအများ သဘာဝမို့ အချစ်ဦးကို မေ့မသွားတာပဲ ဖြစ်ပါတယ်

(၂) ချစ်ဖူးခဲ့လို့

ပထမဆုံး အချစ်ကို ခံစားပြီး ပထမဆုံး အချစ်တွေ အပြန်အလှန် ပေးခဲ့ဖူးသူဆိုတာ ဘယ်တော့မှ မေ့မရတဲ့ အကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ မချစ်ကြတော့ပေမယ့် တစ်ချိန်ကတော့ တစ်ယောက်ကို တစ်ယောက် တကယ့်ကို အလေးအနက်နဲ့ ချစ်ခဲ့တာကြောင့် သူနဲ့ ပတ်သတ်ပြီး မှတ်မိနေတတ်ခြင်း ဖြစ်ပါတယ်။

(၃) ပြန်မဆုံနိုင်လို့

ဆုံနေကျ အရာတွေထက် မဆုံဖြစ်တဲ့အရာတွေကို ပိုလွမ်းတတ်တာ လူ့သဘာဝ မဟုတ်လား…၊ ပထမဆုံး ချစ်ခဲ့ပြီး ပထမဆုံး လမ်းခွဲပြီး ပထမဆုံး ဝမ်းနည်းဖူး ခံစားဖူးတာမျိုးကြောင့် မေ့မရနိုင်တာ မှန်ပေမယ့်လည်း အဲ့တည်းကနေ အခုထိ ပြန်မဆုံဖြစ်တော့တဲ့အခါမှာတော့ လွမ်းနေတတ်ပါတယ်။ ပြန်လိုချင်တာမျိုးတော့ မဟုတ်ပေမယ့် သံယောဇဉ်လက်ကျန်ကြောင့် ဖြစ်ပါတယ်

(၄) အမှတ်တရ ဖြစ်နေလို့

ဘဝရဲ့ အမှတ်တရတွေ ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ မှတ်မိနေတတ်တာလည်း သဘာဝ တစ်ခုပါပဲ။ အချစ်ဦးကို အမှတ်ရနေတာ ပြစ်ချက်တစ်ခု အမှားတစ်ခုတော့ မဟုတ်ပါဘူး။ ဘဝမှာ ကိုယ်နဲ့ ချစ်ခဲ့တဲ့သူ ကိုယ့်ကို ချစ်ခဲ့သူ အမှတ်တရဖြစ်စေခဲ့တဲ့သူ စသဖြင့် အမှတ်တရ တစ်ခုအနေနဲ့လည်း မှတ်မိနေတတ်ပါသေးတယ်

(၅) ချစ်နေသေးလို့

အချစ်ဦးနဲ့ လွဲပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ ထပ်မချစ်ဖြစ်တော့တဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကတော့ အချစ်ဦးနဲ့ ပြန်ဆုံချင်တတ်ကြပြီး ဘာမှ မမျှော်လင့်မိရင်တောင် အချစ်တွေ ကျန်နေသေးလို့ သတိရနေကြတာပဲ ဖြစ်ပါတယ်နော်

ခရက်ဒစ် – မူရင်းရေးသားသူ

Zawgyi

အခ်ိန္ေတြဘယ္ေလာက္ၾကာၾကာ အခ်စ္ဦးကိုလုံး၀ေမ့မရတာ ဒီအခ်က္ေတြေၾကာင့္ပါ

အခ်စ္ဦး ေျမးဦး ရတဲ့အထိ မေမ့ဘူးဆိုတဲ့ စကား ရွိပါတယ္။ အခ်စ္ဦးကို မေမ့ႏိုင္တဲ့ အေၾကာင္းအရင္းကေတာ့ ခ်စ္ေနလို႔ေတာ့ မဟုတ္တတ္ၾကပါဘူး။ဒါေပမယ့္လည္း အခ်စ္ဦးကိုဆိုရင္ ေမ့မရႏိုင္တဲ့ လူေတြကေတာ့ အမ်ားႀကီးပါပဲ။ အခ်စ္ဦးကို ေမ့မရျခင္းရဲ႕ အေၾကာင္းအရင္းေတြကေတာ့ ဒီလိုရွိပါတယ္ေနာ္

(၁) အခ်စ္ဦးျဖစ္လို႔

အခ်စ္ဦးဆိုတာက ကိုယ့္ကို ပထမဆုံး အခ်စ္နဲ႔ ေတြ႕ေစခဲ့တဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ေၾကာင့္သာ အခ်စ္ကို ပထမဆုံး စတင္ခံစားၿပီး သိရွိခဲ့တာပါ။ ဘဝရဲ႕ ပထမဆုံး ျဖစ္တဲ့အရာေတြကို မွတ္မိတတ္ၾကတာ လူအမ်ား သဘာဝမို႔ အခ်စ္ဦးကို ေမ့မသြားတာပဲ ျဖစ္ပါတယ္

(၂) ခ်စ္ဖူးခဲ့လို႔

ပထမဆုံး အခ်စ္ကို ခံစားၿပီး ပထမဆုံး အခ်စ္ေတြ အျပန္အလွန္ ေပးခဲ့ဖူးသူဆိုတာ ဘယ္ေတာ့မွ ေမ့မရတဲ့ အေၾကာင္းအရင္း တစ္ခုလည္း ျဖစ္ပါတယ္။ အခုအခ်ိန္မွာ မခ်စ္ၾကေတာ့ေပမယ့္ တစ္ခ်ိန္ကေတာ့ တစ္ေယာက္ကို တစ္ေယာက္ တကယ့္ကို အေလးအနက္နဲ႔ ခ်စ္ခဲ့တာေၾကာင့္ သူနဲ႔ ပတ္သတ္ၿပီး မွတ္မိေနတတ္ျခင္း ျဖစ္ပါတယ္။

(၃) ျပန္မဆုံႏိုင္လို႔

ဆုံေနက် အရာေတြထက္ မဆုံျဖစ္တဲ့အရာေတြကို ပိုလြမ္းတတ္တာ လူ႔သဘာဝ မဟုတ္လား…၊ ပထမဆုံး ခ်စ္ခဲ့ၿပီး ပထမဆုံး လမ္းခြဲၿပီး ပထမဆုံး ဝမ္းနည္းဖူး ခံစားဖူးတာမ်ိဳးေၾကာင့္ ေမ့မရႏိုင္
တာ မွန္ေပမယ့္လည္း အဲ့တည္းကေန အခုထိ ျပန္မဆုံျဖစ္ေတာ့တဲ့အခါမွာေတာ့ လြမ္းေနတတ္ပါတယ္။ ျပန္လိုခ်င္တာမ်ိဳးေတာ့ မဟုတ္ေပမယ့္ သံေယာဇဥ္လက္က်န္ေၾကာင့္ ျဖစ္ပါတယ္

(၄) အမွတ္တရ ျဖစ္ေနလို႔

ဘဝရဲ႕ အမွတ္တရေတြ ဆိုးသည္ျဖစ္ေစ ေကာင္းသည္ ျဖစ္ေစ မွတ္မိေနတတ္တာလည္း သဘာဝ တစ္ခုပါပဲ။ အခ်စ္ဦးကို အမွတ္ရေနတာ ျပစ္ခ်က္တစ္ခု အမွားတစ္ခုေတာ့ မဟုတ္ပါဘူး။ ဘဝမွာ ကိုယ္နဲ႔ ခ်စ္ခဲ့တဲ့သူ ကိုယ့္ကို ခ်စ္ခဲ့သူ အမွတ္တရျဖစ္ေစခဲ့တဲ့သူ စသျဖင့္ အမွတ္တရ တစ္ခုအေနနဲ႔လည္း မွတ္မိေနတတ္ပါေသးတယ

 

(၅) ခ်စ္ေနေသးလို႔

အခ်စ္ဦးနဲ႔ လြဲၿပီးတဲ့ေနာက္မွာ ဘယ္သူ႔ကိုမွ ထပ္မခ်စ္ျဖစ္ေတာ့တဲ့သူေတြလည္း ရွိပါတယ္။ သူတို႔ကေတာ့ အခ်စ္ဦးနဲ႔ ျပန္ဆုံခ်င္တတ္ၾကၿပီး ဘာမွ မေမွ်ာ္လင့္မိရင္ေတာင္ အခ်စ္ေတြ က်န္ေနေသးလို႔ သတိရေနၾကတာပဲ ျဖစ္ပါတယ္ေနာ္