Bra မဝတ်ရင် ရလာမယ့် ကျန်းမာရေးကောင်းကျိုး (၇) မျိုး

Bra မဝတ်ရင် ရလာမယ့် ကျန်းမာရေးကောင်းကျိုး (၇) မျိုး

Bra တွေက မိန်းကလေးတွေ အတွက် အန္တရာယ်မရှိဘူး ထင်လောက်ရပေမဲ့ဘရာ ကြောင့် အသားပွန်းတာတွေ၊ Bra linesတွေကြောင့် စိတ်ရှုပ်စရာ ဖြစ်နေတာကတော့ ငြင်းစရာ မလိုပါဘူး။ဒါပေမယ့်လည်း ဘရာက မိန်းကလေးတွေ အတွက်

မဝတ်ချင်လဲ ဝတ်နေရတဲ့ အရာတစ်ခုပါ။ဘရာကြောင့် ကျန်းမာရေး ဆိုးကျိုး တွေ အများကြီးရှိပါတယ်။မဝတ်မဖြစ် ဝတ်နေရတဲ့ အရာဆိုပေမယ့်လည်း တစ်ခါတလေ ညအိပ်ရင်တော့ ဘရာဝတ်အိပ်တာထက်

ချွတ် အိပ် ကြည့်ဖို့ အကြံပြုချင်ပါတယ်နော်။ဘရာမဝတ်ရင် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ အဲ့ဒါတွေ ကတော့ . . .

(၁) ရင်သားတွေ၊ ရင်ဘတ်တွေက ချွေးထွက်တဲ့ဒဏ်ကို မခံရတော့ဘူး

ပူတဲ့ နေ့တွေက အမျိုးသမီးတွေအတွက် အတော့်ကို ခံစားရခက်တဲ့ နေ့ တွေပါ။အဲ့လို နေ့မျိုးဆိုရင် သက်တောင့်သက်သာမရှိတဲ့အပြင်ပူတော့ ချွေးတွေနဲ့ အသားတွေပွန်း အနာတွေ ဖြစ်တာမျိုးတွေပါ ဖြစ်သွားတတ်ပါတယ်။ဒါပေမဲ့ Bra မဝတ်ထားတဲ့အခါမှာတော့ ချွေးထွက်ရင်တောင် ချွေးတိတ်လွယ်တဲ့ အတွက် သက်တောင့်သက်သာ ရှိနေစေမှာပါ …။

(၂) သင့်အသားအရည်ကို ပိုပြီးသန့်ရှင်းစေတယ်

Bra အောက်မှာ ဖုန်၊ အညစ်အကြေးနဲ့ ချွေးတွေ ခိုအောင်းနေနိုင်တဲ့အတွက် ယားနာတွေ ဝက်ခြံတွေ ဖြစ်တတ်ပါသေးတယ်။ပိုအရေးကြီးတာက ပူတဲ့ရာသီဆို ပုံမှန်ထက် ချွေးအဆမတန် ထွက်စေတာပါပဲ။Bra သိုင်းကြိုးတွေလည်း

ချွေးတွေကြောင့် ရွှဲစိုပြီး ယားယံတာတွေနဲ့ ဘယ်လိုမှ သက်တောင့်သက်သာကို မရှိပါဘူး။ဘတ်တီးရီးယားတွေ ပေါက်ဖွားအောင် လုပ်ဖို့ မလိုပါဘူး။ ဒီလိုဖြစ်နေစေတဲ့ အရာကို ဖယ်ရှားလိုက်ရုံနဲ့ ပြေလည်သွားမှာပဲ ဖြစ်ပါတယ် …။

(၃) သဘာဝကျတဲ့ ရင်သားပုံစံကို ရနိုင်တယ်

တကယ်တော့ ရင်သားပုံကျဖို့ Bra တွေကို ဝတ်ကြပေမဲ့ ရေရှည်အတွက်တော့ Bra က အရေးပါမနေပါဘူး။တကယ်ဆိုရင် လေ့လာချက်တွေအရ Bra တွေက ရင်သားလျော့တွဲကျမှုကို ဖြစ်စေနိုင်တာပါ။

ဆေးပညာအရရော စိတ်ပညာအရရော ခန္ဓာဗေဒအရရော ရင်သားတွေက ကမ္ဘာ့ဆွဲအားကို မငြင်းပယ်သင့်ပါသည်။ဒီလိုဆိုတော့ သင့်ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော No Bra မှ ဒီလို ကောင်းကျိုးတွေ ရနိုင်မှာပါ …။

(၄) သင့်ရင်သားတွေကို ပြန်ကျန်းမာ သန်စွမ်းစေတယ်

အချုပ်အနှောင်တွေ မရှိတော့မှ ရင်သားကြွက်သားတွေက ပိုပြီး ဖွံ့ဖြိုးလာမှာပါ။ဒါက ရင်သားတွေ ပုံကျလှပဖို့ ဘာအချုပ်အနှောင်မှ မလိုဘူး ဆိုတာကို ဆိုလိုတာဖြစ်ပြီးဒီတစ်သျှူးတွေကို ရင်သားကြွက်သားတွေကနေ တည်ဆောက်ပေးနေလို့ ကမ္ဘာဆွဲအားတွေကလည်း ကာကွယ်နိုင်ပါတယ်နော် …။

(၅) အကုန်အကျ သက်သာတယ်၊ Bra Line တွေ မဖြစ်တော့ပါဘူး

Bra တွေ မျိုးစုံ ဝယ်ဝယ်နေရတာနဲ့ ငွေတွေ ကုန်ရတာလည်း မနည်းတော့ပါဘူး။Bra သာ မရှိရင်တော့ အသားပေါ်က Bra Line တွေ တွေ့ရမှာ မဟုတ်သလို ငွေကုန်ကြေးကျလည်း မများတော့ဘူးပေါ့ ဟုတ်တယ်ဟုတ် …။

(၆) သက်တောင့်သက်သာ ဖြစ်စေတယ်

တစ်နေ့တာကုန်လို့ အိမ်ပြန်ရောက်တဲ့အခါ Bra ချွတ်လိုက်လို့ ရတဲ့ ဖီးလ်ကို မိန်းကလေးတွေပဲ ခံစားတတ်တာပါ။Bra မျိုးစုံ ရှိပေမယ့် အဆင်မပြေတဲ့ခံစားချက်မျိုး ခံစားရတာကတော့ တူတူပါပဲ။ ဒီတော့ Bra မဝတ်ပဲ သင့်ပျော်ရွှင်မှုကို ရှာကြည့်လိုက်ပါ …။

(၇) Bra ဝတ်ဖို့ တကယ်ရော လိုရဲ့လား

အားကစားလုပ်တဲ့အခါမျိုးတွေမှာတော့ ရင်သားကြွက်သားတွေကို ထိခိုက်နိုင်လို့ Sports Bra ဝတ်ဖို့ လိုအပ်ပါတယ်။ကျန်တဲ့အချိန်တွေကတော့ သင့်စိတ်ကြိုက်ပါပဲနော် …။

Credit

Unicode