မိန်းကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖက်ရှင် (၁၀) ခု

မိန်းကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖက်ရှင် (၁၀) ခု

မိန်းကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖက်ရှင် (၁၀) ခု

အမျိုးသမီး ၇၃% ရဲ့ ကျောရိုးပြဿနာတွေက အဝတ်အစားနဲ့ အသုံးအဆောင် ပစ္စည်းတွေကြောင့် ဖြစ်ရပါတယ်။

၁။ ဘောင်းဘီအကျပ်

အသားကပ်ဘောင်းဘီ အကျပ်တွေက ကျန်းမာရေးကို တကယ် ထိခိုက်စေပါတယ်။ ဘောင်းဘီအကျပ်တွေက သွေးလည်ပတ်မှုကို ထိခိုက်စေပြီး အစာချေဖျက်မှုကို နှေးကွေးစေပါတယ်။ပြီးတော့ ပေါင်တစ်လျှောက်မှာ ထုံထိုင်းခြင်း၊ နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ် အလှလဲပေါ်လွင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘောင်းဘီမျိူးကို ဝယ်သင့်ပါတယ်။

၂။ ဒေါက်မြင့်ဖိနပ်များ

Auburn တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ အမျိူးသမီးတွေက အမျိုးသားတွေထက် ခြေထောက်ပြဿနာ လေးဆ ပိုဖြစ်ပါတယ်။ အဆစ်နာခြင်း၊ အသားမာဆတ်ခြင်း၊ ခြေချင်းဝတ်အဆစ်လွဲခြင်း၊ နာဗ်ကြောထိခိုက်ခြင်းစတဲ့ ပြဿနာတွေက ဖိနပ်အမြင့်စီးတဲ့ အမျိူးသမီးတွေမှာ အဖြစ်များပါတယ်။ ခွာသေးပြီးမြင့်တဲ့ ဖိနပ်တွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

၃။ သားရေကြိုး

အောက်ခံအဝတ်အစား ပေါက်စ အသေးလေးတွေကို ဝတ်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ နေရထိုင်ရခက်ခြင်း၊ အရေပြားပွန်းပဲ့ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။အထူးသဖြင့် နွေရာသီမှာဆိုရင် မဝတ်သင့်ပါဘူး။ ၁၀၀ % ချည်သားကိုပဲ ရွေးချယ်သင့် ပါတယ်။

၄။ အလေးချိန်များသော နားကပ်များနှင့် လည်ဆွဲများ

နားကပ် ၂၀% က ဘတ်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။ အလေးချိန်များပြီး ကြီးမားတဲ့နားကပ်တွေက နားပန်ကို ထိခိုက်စေပါတယ်။နားရွက်က အဆင်မပြေဘူး ဆိုရင် ပလတ်စတစ် ဆာဂျရီလုပ်မှသာ ပြန်ကောင်းနိုင်ပါတယ်။ လေးလံတဲ့ လည်ဆွဲတွေက လည်ပင်းကို နာကျင်စေပါတယ်။

၅။ လည်စည်းများ

အဝတ်တွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေပဲ ကျန်းမာရေး ထိခိုက်တာ မဟုတ်ပါဘူး။ Cornell တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ အမျိုးသား ၆၇% ဟာလည်း လည်ပင်းပေါက်ကျဉ်းတဲ့ ရှပ်အင်္င်္ကျီတွေကိုဝတ်ကြပါတယ်။

သေးတဲ့ ရှပ်အင်္င်္ကျီလည်စည်းတွေက သွေးလည်ပတ်မှုကို ထိခိုက်စေပြီး မျက်စိအာရုံကြော အတွင်းပိုင်းကို ဖိအားတွေဖြစ်စေပြီး ခေါင်းကိုက်စေပါတယ်။ နောက်ကျောနဲ့ပုခုံးမှာ ကြွက်သားတင်းမာတွေလည်း ဖြစ်စေပါတယ်။

၆။ ကြိုးမကောင်းသော Bra များ

Size မှားနေတာ၊ ကြိုးမကောင်းတာက နောက်ကျော၊ ပုခုံးနဲ့ ကျောရိုးမကြီးတွေကို နာကျင်စေပါတယ်။ Bra ဝယ်တဲ့ အခါ ဆိုင်မှာ စမ်းဝတ်ကြည့်သင့်ပါတယ်။ အရေပြားကို မထိခိုက်စေမယ့် Bra မျိုးဖြစ်ဖို့ အရေးကြီးပါတယ်နော်။

၇။ ညှပ်ဖိနပ်

ကမ်းခြေသွားပြီဆိုရင် ညှပ်ဖိနပ်စီးတာက ထင်သလောက် မကောင်းပါဘူး။ ညှပ်ဖိနပ်တွေက ခြေထောက်မှာ ပွန်းရာတွေဖြစ်ပြီးလွယ်လွယ်နဲ့ ထိခိုက်နိုင်ပါတယ်။ အရမ်းပါးတဲ့ ညှပ်ဖိနပ်တွေက နောက်ကျောကိုလည်း မသက်မသာ ဖြစ်စေပါတယ်။

၈။ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်စေသော အဝတ်အစားများ

တင်းကျပ်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်စေတဲ့ အဝတ်အစားတွေက အသက်ရှူရ ကြပ်စေပါတယ်။ ကြွက်သားတွေကိုလည်း နာကျင်စေပြီး သွေးလည်ပတ်မှုကိုလည်း နှောင့်ယှက်စေပါတယ်။ ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားမျိုးကိုပဲ ရွေးချယ်ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ လှပနိုင်ပါတယ်။

၉။ ကြီးမားလွန်းသော လက်ကိုင်အိတ်များ

အမျိုးသမီးအများစုက လိုအပ်သမျှ ပစ္စည်းအားလုံးကို အိတ်အကြီးကြီးထဲ ထည့်ပြီး စုကိုင်တတ်ကြပါတယ်။ ဒါပေမယ့် အိတ်မှာ အလေးချိန်များရင်ပုခုံးမှာရှိတဲ့ ကြွက်သားတွေ နာကျင်ပြီး အဆစ်တွေ ထိခိုက်နိုင်ပါတယ်။ XXL လက်ကိုင်အိတ်ကြီးတွေကို မစွန့်လွှတ်နိုင်ရင်တော့ ပစ္စည်းတွေ လျှော့ထည့်လိုက်တာ သင့်တော်ပါတယ်။

၁၀။ Pencil စကတ်

Pencil စကတ်က ခြေထောက်တွေကို ထုပ်ထားသလို တင်းကျပ်စေပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်ဟန်ချက်မညီနိုင်တော့ပါဘူး။လမ်းလျှောက်တဲ့ အခါ ခြေလှမ်းတွေက ယောင်နိုင်ပါတယ်။ နောက်ပြီး ကြွက်သားတွေက တင်းမာလာနိုင်ပါတယ်။

Zombie (Lovemedia)Crd