သူသင့်အပေါ် တိတ်တိတ်လေး စွဲလမ်းမိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ

သူသင့်အပေါ် တိတ်တိတ်လေး စွဲလမ်းမိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ

သူသင့်အပေါ် တိတ်တိတ်လေး စွဲလမ်းမိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ

အချစ်ဆိုတာ အချိန်နေရာမရွေး ဖြစ်ပေါ်လာနိုင် ပါတယ်။ ကိုယ်ဘယ်လိုမှ မထင်ထားတဲ့ သူအပေါ်မှာလည်း ချစ်မိ သွားနိုင်သလို ကိုယ် လုံးဝ ထင်မှတ်မထားတဲ့ သူဟာလည်း ကိုယ့်အပေါ် ချစ်မိနေ တတ်လေ့ ရှိပါတယ် ။

တစ်ခါတစ်လေမှာ ပုန်းကွယ်နေတဲ့ အချိန်တွေက လုံခြုံမှု မရှိပဲ မြင်သာ ထင်ပေါ် နေတတ်ပါတယ်။ သူ့ရဲ့ ဒီအချက်တွေက သင့်အပေါ် တိတ် တခိုးလေး စွဲလမ်းနေမိပြီ ဆိုတာကို ဖော်ပြနေပါတယ်နော်

အချိန်ပေးတတ်ခြင်း”

ယောကျာ်းလေးတွေက သူတို့ မနှစ်သက်တဲ့ သူတွေ အတွက် အချိန်ပေးရမှာ နှမြောတွန့်တိုသလောက် သူတို့သဘော ကျတဲ့ သူအတွက်ဆို မအားလပ်တဲ့ ကြားကတောင် သူတို့ရဲ့ အချိန်တွေကို ဖဲ့ပေးတတ်ကြ ပါတယ် ။သူ့က သင်အတွက် အချိန်တွေပေါ များနေခဲ့မယ်ဆိုရင်

သင်ဖုန်းလေး တစ်ချက် ကောက်ဆက်လိုက်ရုံနဲ့ အပြေးရောက် လာခဲ့ရင် ဒါတွေဟာ သင့်အတွက် အချိန်ပေးခြင်း ပါပဲ ။ ဒီလို သင့်အတွက် သူ့အချိန်တွေကို နှမြောတွန့်တိုမနေပဲ ပေးတယ်ဆိုတာ သူ့သင့်အပေါ် တစ်ခြားသူတွေထက် ပိုသာတဲ့ ခံစားမှု ရှိနေလို့ပဲ ဖြစ်ပါတယ် ။

သူ့ရဲ့အလေးထား ဦးစားပေးမှု”

တစ်စုံတစ်ယောက် ဆီက အလေးထား ဦးစားပေးမှုကို ခံနေ ရပြီလား။ တစ်ယောက်ယောက်က ကိုယ့်ကိုယ် အလေးထားတဲ့ ခံစားမှုက တကယ့်ကို ချိုမြိန်လှ ပါတယ် ။ကိုယ်တစ်နေရာရာ သွားချင်တဲ့ အချိန်ပဲ ဖြစ်ဖြစ်၊ ပျင်းနေတဲ့ အချိန်ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် သူရှိနေပေးတာဟာ ဦးစားပေး အလေးထားမှု တစ်မျိုးပါပဲ ။ဗိုက်ဆာနေတယ်လို့

ပြောလိုက်တာနဲ့ မုန့်တစ်ခုခု ဝယ်လာပေး တာကလည်း သူ့ရဲ့ အလေးထားမှုကို ဖော်ပြတာ ပါပဲနော် ။ဒီလိုတွေ သင်အတွက် ဦးစားပေးနေ တာဟာ သင့်အပေါ် သူ့ရဲ့ စိတ်တွေကို ဖော်ပြနေတာပါ။အချစ်ဆိုတဲ့ အရာက ဖုံးကွယ်ရ တော်တော် ခက်ပါတယ် ။

တစ်ခါတစ်လေမှာ အချစ်က ကံယကံရှင် သတိမထား မိလိုက်ခင်မှာ တင် အထင်းသား မြင်နေရတာတွေ ရှိတတ် ပါတယ် ။သူသင့်အပေါ် တိတ်တိတ်လေး စွဲလမ်းမိနေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေသူ့က သင့်အပေါ် လေးနက်မှုတွေ၊ ဂရုစိုက်မှုတွေ၊ အချိန်ပေးမှုတွေ ကနေတစ်ဆင့်

သူ့ရဲ့ အချစ်ကို ခံစားမိစေ ပါတယ်။ တစ်ခါတစ်လေ သဝန်တို တာတွေ ရှိမယ်၊ တစ်ခါတစ်လေ စိတ်ကောက်တာတွေ ရှိမယ် ။ဒါပေမယ့် ဒါတွေက ခဏတာ ဖြစ်ပြီး သူ့သင့်အပေါ် ကြာကြာ မပစ်ထား နိုင်ဘူး ဆိုရင်တော့ သင့်ကို စွဲလမ်းနေတာ သေချာနေ ပါပြီ ။

ယုံကြည်ခိုင်မာမှု”

ယုံကြည်မှု ဆိုတာ တစ်စုံတစ်ယောက်ကို ချစ်မိ သွားတဲ့ အခါ အလိုလို ဖြစ်ပေါ်လာတဲ့ အရာပါ။ လူတွေဟာ ကိုယ်ချစ်ခင်သူရဲ့စကားကိုဆို ယုံကြည် ချင်ကြတာ ထုံးစံပဲ ဖြစ်ပါတယ် ။သင့်အပေါ် သူ့ရဲ့ ယုံကြည်မှုတွေ ပေးအပ် ထားတယ် သင်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို

ယုံကြည်မှုနဲ့ ခိုင်မာစေတယ် ဆိုရင်တော့ သူဟာ သင့်ကို တကယ့် အလေးထား မြတ်နိုးလို့ပဲ ဖြစ်ပါတယ် ။လူတွေက သင့်ကို မှားနေတယ်လို့ ပြောနေကြ ရင်တောင် သင့်ရဲ့စကားတစ်ခွန်းနဲ့တင် သင့်ကို ယုံကြည်ပေးမယ့်သူမျိုး ဖြစ် ပါတယ် ။ဒါတွေက သူသင့်ကို တိတ်တိတ်လေး စွဲလမ်းနေမိပြီဆိုတာ သက်သေပြလို့ နေပါတယ် ။

Unicode