ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့

ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့

ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့

လူတိုင်းကတော့ လှတာ မက်တာ ပါပဲ။ အထူးသဖြင့် ယောကျ်ားလေးတွေက လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျ ပါတယ်။ တကယ်တမ်း လက်တွဲမယ့် မိန်းကလေး တစ်ယောက်ဟာ လှနေဖို့လိုအပ် သလားဆိုရင်

သူတို့ကတော့ လိုတယ်လို့ ပဲဖြေမှာ ပါပဲ။လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသား တစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့် ပါဘူးတဲ့။ သူတို့က တကယ်ပဲ မင်းဘဝ အတွက် အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ မို့လို့ပါပဲ။

ပျော်ရွှင်မှုတွေပေးနိုင်သူ

မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေပေး နိုင်မယ် ထင်လား။ ပေးခဲ့ရင်လည်း ခဏပါပဲ။ ကိုယ်ကချစ်ပေမယ့် ထင်သလောက် မပျော်ရတဲ့ အချိန်တွေ ရှိမှာပါ။ အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာ ကိစ္စတွေပေးစွမ် းနိုင်တဲ့ မိန်းကလေးမျိုးပေါ့။

သူ့ကိုတွေ့လိုက် တာနဲ့ အေးချမ်း သွားတာ မျိုးပေါ့။ ဒီလို ခံစားချက်မျိုး မိန်းကလေးတိုင်းပေးနိုင်မှာ မဟုတ်ပါဘူး။ မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ မင်းရနိုင် မှာပါ။

ရိုးသားသူ

ဒီခေတ်ကြီးမှာ ရိုးသားတဲ့ လူဆိုတာ မရှိသလောက် ပါပဲ။ မရိုးသားတဲ့လူတစ်ယောက်ကို ယုံကြည်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ ပါဘူး။ အားလုံးက ဆက်စပ်နေ ပါတယ်။မင်းအနေနဲ့ သူ့အပေါ် မယုံ ရရင်ပျော်ရွှင်မှု ဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ ရိုးသားသူကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကို လက်မလွှတ် ပါနဲ့။

အကောင်းမြင်သူ

ဒီလိုလူမျိုးလည်း ရှားပါတယ်။ ဒါပေမယ့် ရှိတော့ ရှိတယ်။ အရာရာတိုင်း အပေါ် အကောင်းမြင်တတ်ပြီး မနာလို စိတ်ကင်းတဲ့ မိန်းကလေး ဆိုတာ ရှားပါ တယ်။ အနည်းကျဉ်းတော့ မသိစိတ်လေးမှာ အဆိုးမြင်

စိတ်တွေ ပေါက်ဖွားကြ မှာပါပဲ။ဒါပေမယ့် အမြဲတမ်း အဆိုးမြင်တတ်တဲ့ မိန်းမမျိုး ဆို မင်းအတွက် မွန်းကြပ်စေ မှာပါ။ သူမရဲ့အပြောဆိုအောက်မှာ မင်းနေ့တိုင်း ခေါင်းကိုက်နေ ရပါ လိမ့်မယ်။

မင်းရဲ့ရည်မှန်းချက်တွေ ဖြည့်ဆည်းပေး

မင်း ဘာဖြစ်ချင်လဲ ၊ ဘယ်လမ်းလျှောက်ချင်တဲ့ဆို သူမပါအတူ လမ်းဖောက်ပေးမယ့်သူမျိုးပေါ့။ ရည်မှန်းချက် အိပ်မက်တွေ အကောင်ထည်ဖော်ဖို့ ဘေးကနေ အားအင်အဖြစ် ပံ့ပိုးပေးနိုင် သူမျိုးဖြစ် ပါတယ်။ယောကျ်ားလေးတွေဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဘေးနားက အားဖြစ်စေမယ့်မိန်းကလေးတစ်ယောက် ကိုတော့ အမြဲလိုအပ် ပါတယ်။

ဆက်ဆံရေးကောင်းသူ

အပေါ်ယံပေါင်းသင်း တတ်တာမျိုးပြောတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝင်ဆံံ့နိုင်အောင် ပေါင်းသင်းနိုင်တဲ့ မိန်းကလေးမျိုးပါ။ စတွေ့တာနဲ့ အပေါ်ယံကြည့် ဆုံးဖြတ်တာ မျိုးမဟုတ်ပဲ စကားတွေပြောကြည့်ပြီးအဆင်ပြေအောင် နေတတ်သူပေါ့။

ဆက်ဆံရေးကောင်းတဲ့ မိန်းကယောက် တစ်ယောက်ကို ပိုင်ဆိုင် ထားရတာဟာ မင်းအတွက်ဆုလာဘ် တစ်ခု ပါပဲ။ဒီအချက်တွေ နဲ့လည်း ပြည့်စုံပြီ။ သူမကလည်း လှတယ် ဆိုရင်တော့ ဘုရားကပေးတဲ့ အပိုဆုလေးကို မင်းပိုင်ဆိုင်ထားတာပါပဲ… ကဲ…. ဘာများလိုဦးမလဲ..

Credit:မေသင်္ကြန်ဟိန်(မြစ်မခ)

Unicode