အချစ်ကြီးလွန်းတဲ့ ကောင်မလေးတွေမှာ ဒီလိုမျိုး အကျင့်လေးတွေ ရှိတတ်ပါတယ်

အချစ်ကြီးလွန်းတဲ့ ကောင်မလေးတွေမှာ ဒီလိုမျိုး အကျင့်လေးတွေ ရှိတတ်ပါတယ်

မိန်းကလေးတွေမှာ ထူးထူးဆန်းဆန်း အကျင့်လေးတွေ ရှိတတ်ကြ ပါတယ်။ ဒါကိုသင်သိသွားရင်တော့ သူတို့ကို ကိုယ်ချင်းစာပြီး သနားကြင်နာ လာလိမ့် မယ်လို့ မျှော်လင့်မိပါတယ် ။

(၁) အသံပြဲကြီးနဲ့ အော်ငိုတာ”

တစ်ခါတလေ သူက တိတ်တိတ်လေး ခံစားနေတဲ့ ရာကို သင်က သွားပြီး ကြင်နာပြလိုက်ရင်ပဲဖြစ်ဖြစ်၊ နားမလည်ပေးရင် ပဲဖြစ်ဖြစ် အသံပြဲကြီးနဲ့ အော် ငိုတတ်ကြ ပါတယ် ။သင်နားလည်ပေး ရမှာက

 

သူတို့ရင်နဲ့မဆန့်အောင် ခံစား ရတာတွေ များလွန်းတာကြောင့် ဆိုတာကိုပါ ။ အဲလို အချိန်မှာ သူ့ကို စိတ်ရှည်ရှည် နဲ့ချော့ပေး လို က်ပါ။ အဓိကက သင့်ဆီက နွေးထွေးမှုနဲ့ နှစ်သိမ့်မှုတွေကို လိုချင်လို့ ဖြစ်ပါတယ် ။

(၂) ဂျီကျတာ”

တစ်ခါတလေ သင်က သူမပါပဲ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ချိန်းထားရင်ပဲဖြစ်ဖြစ် အစက အကောင်း၊ သွားခါနီးကျမှ သင့်ကို မသွားနဲ့ဆိုပြီး ဂျီကျတတ် ပါသေးတယ်..။အဲလို အချိန်ဆို သင့်အလုပ်က

အရေးကြီးတာ မှန်ပေမယ့် ငါးမိနစ်လောက်သူ့ကို အချိန်ပေးပြီး ချော့မော့ပြောဆို လိုက်ပါ။ အစ ကတည်းက သင့်ကို မသွားစေချင်လို့ မဟုတ်ပဲ သူဟာ သင့်ဘဝရဲ့ အရေးကြီ းဆုံးလူ ဖြစ်ချင်လို့ ဆိုတာကို နားလည်ပေးပါ ။

(၃) ဖုန်းမကိုင်တဲ့အခါ”

ချစ်သူက ဖုန်းမကိုင်တဲ့ အခါ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ ထင်တတ်ကြတာက လူဆိုးတွေများဖမ်းသွားသလား၊ တခြားကောင် မလေးနဲ့များ ရှိနေတာလား ဒါ့အပြင် အဆိုးဆုံးကတော့ သေများသေသွားတာလား လို့ထင် ကြတာ ပါပဲ၊

အဲဒါကြောင့် သင့်ချစ်သူက သင့်ကို ဖုန်းတွေ တဂွမ်ဂွမ် ဆက်တဲ့ အခါ အပြစ်မယူပဲနဲ့ တတ်နိုင်သမျှ အမြန်ဖုန်းကိုင်ပေး လိုက်ပါ။ သူ့စိတ်ထဲမှာ အရမ်းကို ပူလောင်ပြီး မနေနိုင် မထိုင်နိုင်ဖြစ်နေ တာကို သင်မသိ လို့ပါနော်။

(၄) လှချင်တယ်”

သင့်ကောင်မလေးဟာ အေးဆေးတည်ငြိမ်တဲ့ သူပဲဖြစ်ဖြစ်၊ သင့်ထက် ပိုငယ်တာပဲ ဖြစ်ဖြစ်၊ ပိုကြီးတာပဲဖြစ်ဖြစ် သင်သိ ထားရမှာက မိန်းကလေးတိုင်း ကိုယ့်ချစ်သူရဲ့ မျက်လုံးထဲမှာ လှချင်ကြတယ် ဆိုတာပါပဲ၊

ဒါကြောင့် တတ်နိုင်သမျှ သင့် ချစ်သူကို လှတယ် လို့ပြောပေးတာ မျိုးပဲဖြစ်ဖြစ်၊ အလှအပနဲ့ ပတ်သက်တဲ့ ချီးကျူး စကားမျိုးကို သူတို့ကြား ချင်တယ် ဆိုတာ သိထားပေးပါ။

(၅) တည်ငြိမ်သွားတာ”

အချစ်ရေးတစ်ခုမှာ ခါတိုင်းပွတ်သီး ပွတ်သပ် လုပ်နေတတ်တဲ့ သင့်ကောင်မလေးက ဒီရက်ပိုင်းမှာ တည်ငြိမ်အေးစက်နေတယ် ဆိုရင် အဲဒါဟာ သတင်းကောင်း မဟုတ်ပါဘူး ။သူ့ကို စိတ်ဒဏ် ရာ

ရအောင် သင်လုပ် လိုက်လို့၊ ဒါမှမဟုတ် သင့်ကို သူစိတ်ပျက်သွားလို့ပါ။ လမ်းခွဲဖို့ အထိတောင် သူပြင်ဆင် ထားတယ် ဆိုတာ သင်သိပါ။ သူ့ကို အရင်ပုံစံ ပြန်မဖြစ်မချင်း ကြိုးစားပြီး ချော့လိုက် ပါနော်။

Credit

Unicode