ကိုယ့်ထက် အသက်ကြီးတဲ့ ဦးအရွယ်နဲ့ ချစ်သူဖြစ်ရခြင်း၏ ကောင်းကျိုး (၇)ခု

ကိုယ့်ထက် အသက်ကြီးတဲ့ ဦးအရွယ်နဲ့ ချစ်သူဖြစ်ရခြင်း၏ ကောင်းကျိုး (၇)ခု

ကိုယ့်ထက် အသက်ကြီးတဲ့ ဦးအရွယ်နဲ့ ချစ်သူဖြစ်ရခြင်း၏ ကောင်းကျိုး (၇)ခု

ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့ စကားလေးအတိုင်း ကိုယ့်ထက် အသက်ကြီးတဲ့ သူနဲ့ချစ်သူဖြစ်ရင် ကိုယ်အားကိုးနိုင်တယ်။ ဆိုးချင်သလို ဆိုးနိုင်မယ်။ ချွဲလို့ရတယ်။ တစ်ခါတလေ ကိုယ်က သူ့ကိုဆရာတောင် လုပ်လို့ရပါသေးတယ်။ ဒါပေမဲ့ ဦးနဲ့ကလေး စုံတွဲတိုင်းတော့ ဒီလိုဖြစ်ချင်မှဖြစ်မှာပါ ။

သေချာတာကတော့ ဦးအရွယ်တွေက ကိုယ့်ထက် ဗဟုသုတများမယ်။ မလုပ်သင့်တာကို မလုပ်ဖို့ သူတို့က ဆုံးမနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ပရိတ်သတ်တွေအတွက် ကိုယ့်ထက် အသက်ကြီးတဲ့ ဦး နဲ့ချစ်သူဖြစ်ရခြင်း ကောင်းကျိုးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်

(1) သင့်မှာ ကိုယ်ပိုင် ပုံပြင်ပြောဆရာ ပိုင်ဆိုင်သွားပါပြီ

ပုံပြင်ပြောဆရာလို့ ဘာလို့ပြောရ တာလဲဆိုတော့ သူက သင့်ကို သူ့ဘဝမှာ ကြုံခဲ့တဲ့ အရာတွေကို စီကာပတ်ကုံး ပြောနိုင်လို့ပါ။ သူရခဲ့တဲ့ သင်ခန်းစာတွေ သူသိခဲ့တဲ့ လူတွေအကြောင်း စတာတွေကို ပြောပြတဲ့အတွက် သင့်မှာ ပုံပြင်ပြောပေး မယ့်လူ ပိုင်ဆိုင်သွား ပါပြီ။

သူက သူ့ဗဟုသုတ တွေကို ပြောသလို သင်ပြောသမျှကိုလည်း အချိန်ယူပြီး နားထောင်ပေးမှာပါ။ သင့်အတွက် သူ့အချစ်က ဘယ်လောက်ကြီး မားတဲ့အကြောင်း စကားလှလှလေးတွေနဲ့ ပြောမှာတော့ အသေအချာပါ။

(2) မုန့်စားတဲ့အချိန် သူတစ်ဝက်ရှင်း ကိုယ်တစ်ဝက်ရှင်းတွေ ကင်းဝေးသွားပါပြီ

အသက်ကြီးတဲ့ သူဆိုတော့ အတွေ့အကြုံကတော့ ကိုယ့်ထက်ပိုရှိနေပါပြီ။ မိန်းကလေးတစ်ယောက်နဲ့ ရေရေရာရာ မတွဲဖူးရင်တောင် သူကြားဖူး သိဖူးတာတွေနဲ့တင်ပဲ သင့်အထာကို သူသိနေမှာပါ။ လူကြီးလူကောင်းပီပီ သင်စားသမျှ သူရှင်းပေးမှာပါ။

(3) သင့်အပေါ်ကောင်းတဲ့လူနဲ့ တွေ့နေပြီဆိုတာ သေချာသလောက်ပါပဲ

ဒီအကြောင်း အရာမှာတော့ ချွင်းချက်ရှိပါတယ်။ ဦးဆိုပေမယ့် သင့်ကို တကယ်ချစ် တဲ့သူလည်း ဖြစ်ရပါမယ်။ မဟုတ်ရင်တော့ သင်ပဲ အညာမိ နေမှာပါ။ အချစ်စစ် ဆိုရင်တော့ သင့်ကို သူ့ဘဝရဲ့ဘုရင်မတစ်ပါးလို ဆက်ဆံမှာပဲ ဖြစ်ပါတယ်။

(4) ဦးတွေက ချစ်တယ်ဆိုတဲ့ စကားကို ပုံစံအမျိုးမျိုးနဲ့ပြောပြတတ်ကြတယ်

ဦးနဲ့ ချစ်မိရင်တော့ မျက်နှာကျက်နဲ့ ဝင်မတိုက် မိအောင်သာ သတိထားကြပါတော့။ သူတို့က သင့်ကို အလှဆုံး ချစ်စရာ အကောင်းဆုံးလို့ ချီးကျူးတာများတော့ သင်မြောက်သွားပါလိမ့်မယ်။ သင့်အတွက် ချစ်စရာ Message လေးတွေပို့တတ်ကြတယ်။သင့်အလုပ်ကို ပန်းတွေပို့ပေးတတ်တယ်။ အချစ်ခံ လူတန်းစား ဖြစ်နေမှာတော့ အမှန်ပါ ပဲ။

(5) သင်က သူ့အတွက်ပြည့်စုံသူပါ

သင့်ထက် အသက်ကြီးတော့ သင်မတိုင်ခင် မိန်းကလေး တစ်ယောက် ယောက်နဲ့တော့ ချစ်ကြိုက်ဖူးမှာ အသေအချာပါပဲ။ ဒီအရွယ်အများစုက ဦးနှောက်ကို ပိုဦးစားပေးတတ်ကြပါတယ်။

ဘယ်ဟာကို ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ။ဘာကိုရှောင်ရမလဲ သူတို့သိပါတယ်။ သင့်ကို သူရွေးချယ်ခဲ့ တာကလည်း သင်က သူ့မျက်လုံးထဲမှာ ပြည့်စုံလွန်းနေလို့ပါ။

(6) သူနဲ့ဆို စီးပွားရေး ကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်

ကိုယ့်ထက် အသက်ငယ်တဲ့သူ ဆိုရင်တော့ စီးပွားရေးကိစ္စ လူမှုရေး ကိစ္စတွေကို နှံ့နှံ့စပ်စပ်သိနိုင်မှာ မဟုတ်ပါဘူူး။ ဘယ်ဟာလုပ်ရင် အောင်မြင်နိုင်လဲ။ ဘာကိုတော့ မလုပ်သင့်ဘူးလဲ ဆိုတဲ့ အကြောင်းတွေကို ဦးတွေက စိတ်ရှည်ရှည် ပြောပြမှာပါ။

(7) သူ့ကြောင့်ပဲ သင်က ပိုတော်တဲ့သူဖြစ်လာပါတယ်

သူက သင့်အတွက် Supporter ကောင်းတစ်ယောက်မို့ သင်လုပ်ချင်တဲ့ အရာတွေကိုလည်း သူကူညီပေးနိုင်ပါတယ်။ သင် ဟင်းမချက်တတ်ရင်တောင် သူက ချက်ပေးမှာပါ။ သင်ဟာ အရမ်းချစ်ခံရတဲ့ အတွက် အရင်ကထက် ပိုပျော်ရွှင်လာမယ်။

ကိုယ့်ထက် အသက်ကြီးတဲ့ ချစ်သူရဲ့ ပံ့ပိုးမှု ဗဟုသုတရတဲ့ စကားတွေကြောင့် သင်ဟာ ပိုတော်တဲ့သူ ဖြစ်လာမှာ အမှန်ပါပဲနော်။

Credit

Unicode