မကြာခဏ ခေါင်းကိုက်ခြင်းဝေဒနာ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ

မကြာခဏ ခေါင်းကိုက်ခြင်းဝေဒနာ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ

ခေါင်းကိုက်ခြင်းက လူအတော်များများ ကြုံဖူး ခံစားဖူးတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းကိုက်ခြင်ကို မကြာခဏ ခံစားနေရတဲ့သူတွေလည်းရှိပါတယ်။ ဘာကြောင့် ခေါင်းကိုက်လဲလို့ များသောအားဖြင့်

သိကြလေ့ မရှိပဲ ခေါင်းကိုက်ပျောက်ဖို့ကိုသာ စိတ်အားထက်သန်နေလေ့ ရှိပါတယ်။ ဒါကြောင့် ခေါင်းကိုက်တတ်သူတွေ အတွက် မကြာခဏ ခေါင်းတွေကိုက်နေတတ်ရတဲ့ အကြောင်းအရင်းလေးတွေကို ဖော်ပြလိုက်ရ ပါတယ်နော်။

ရာသီဥတု

ရာသီဥတု ကြောင့်လည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်တတ်စေ ပါသေးတယ်။ ရာသီဥတု ပူတဲ့အခါမှာ နေပူထဲမှာ အချိန်ကြာမြင့်စွာရှိနေခြင်းကလည်း ခေါင်းကို ကိုက်စေပါတယ်။ နေပူထဲကနေ ရုတ်တရက် အေးတဲ့နေရာတွေကို ဝင်လိုက်ပြန်ရင်လည်း အပူအအေး မညီမျှမှုကြောင့် ခေါင်းကိုက်စေ တတ်ပါသေးတယ်။

ဖျားနာမှု

ဒဏ်ရာရမှုကြောင့် အဖျားဝင်ရောက်တဲ့ အခါမှာလည်း ခေါင်းကိုက်ခြင်းတွေ ဖြစ်စေသလို အအေးမိဖျားနာတာတွေကြောင့်လည်းခေါင်းကိုက်မှုကို ဖြစ်စေပါတယ်။ ဒါကတော့ အဖျားရှိနေလို့ ခေါင်းကိုက်ခြင်းမျိုး ဖြစ်ပါတယ်။

အရက်နာကျခြင်း

ဘယ်အရာမှ အလွန်အကျွံ မသုံးစွဲသင့်ပါဘူး။ အရက်သောက် သုံးခြင်းက ပုံမှန် လူတစ်ယောက် သောက်နိုင်တဲ့ ပမာဏဆိုရင်တော့ သိပ်ထူးခြားမှု မရှိပေမယ့် အရက်ကို သောက်သုံးနိုင်တဲ့ ပမာဏထက် ပိုလွန်စွာ သောက်သုံးမိရင်တော့ နောက်နေ့မနက်မှာအရက်နာကျပြီး ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။

ဦးနှောက် သွေးယိုခြင်း

ဦးနှောက်ထဲက သွေးလည်ပတ်မှု ကောင်းမွန်ခြင်း ကလည်း လူတွေရဲ့ ကျန်းမာရေးအတွက် အရေးပါနေပါတယ်။ အကြောင်းအရာ တစ်ခုခုကြောင့် ခေါင်းကို ထိခိုက်မိတယ် ဆိုရင်တော့ မပေါ့ဆ သင့်ပါတယ်။

ဦးနှောက်ထဲမှာ သွေးယိုမှု သွေးစိမ့်မှုတွေ ဖြစ်တဲ့အခါ မျိုးတွေမှာလည်း ခေါင်းကိုက်ခြင် းမျိုးကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာကိုလည်း မပေါ့ဆဖို့ လိုအပ်နေပါသေးတယ်။

စိတ်ဖိစီးမှု

စိတ်အခြေအနေတွေကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေထဲ ပါဝင်နေပါတယ်။ လူတိုင်းက စိတ်ကျန်းမာရေးကို ဂရုစိုက်ပေး သင့်တယ်ဆိုတာ ကျန်းမာရေးကို ထိခိုက်စေတာ မကောင်းဘူးဆိုတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။စိတ်ဖိစီးမှုတွေက လည်း ဦးနှောက်ကို သက်ရောက်စေပြီး ခေါင်းမူး ခေါင်းကိုက်တွေ ဖြစ်စေပါတယ်။

စိတ်ညစ်စရာ ကိစ္စရပ်တွေ များလာတဲ့အခါ တွေးစရာတွေ အရမ်းများလာတဲ့အခါ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာတဲ့ အခါမျိုးတွေမှာ ခေါင်းကိုက်ခဲမှုတွေဖစ်လာတတ်ပြီး နေလို့ ထိုင်လို့ မရလောက်အောင် ခေါင်းကိုက်မှုကို ပြင်းထန်စေ တတ်ပါသေးတယ်။

ခေါင်းကိုက်ရောဂါ

ခေါင်းကိုက်ခြင်းက အကြိမ်ရေ ခပ်စိတ်စိတ် ဖြစ်လာပြီး မကြာခဏ ခေါင်းကိုက်နေပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ ဘယ်လို အခြေအနေဆိုရင် ခေါင်းကိုက်တတ် တယ်ဆိုတာမျိုးကို မှတ်သားထား သင့်ပါတယ်။ ခေါင်းကိုက်ခြင်းက ရာသီဥတု၊ စိတ်ခံစားမှုတွေကြောင့်

ဖြစ်နိုင်ပေမယ့်လည်း ဒီလိုအခြေအနေတွေကို ကြုံလည်း ခေါင်းမကိုက်တဲ့သူတွေ ရှိတာကို သတိပြုသင့်ပါတယ်။ ဒါကြောင့် ဘယ်လိုကြောင့်ပဲ ခေါင်းမကြာခဏ ကိုက်ပါစေ။အကြိမ်ရေ ခပ်များများ ခေါင်းကိုက်နေတတ် တယ်ဆိုရင်တော့

ဆရာဝန်နဲ့ ပြသပြီး စနစ် တကျ ကုသမှုကို ခံယူသင့်ပါတယ်။ ခေါင်းကိုက်ခြင်းက မိုင်းဂရိမ်း ရောဂါကြောင့် ခေါင်းကိုက် တာမျိုးလည်းဖြစ် နေနိုင်ပါသေးတယ်။

Credit

Unicode