သင့်ချစ်သူမှာ နောက်တစ်ယောက် ရှိနေကြောင်း ဒီအချက်တွေကြည့်ရင် သိနိုင်ပါတယ်

သင့်ချစ်သူမှာ နောက်တစ်ယောက် ရှိနေကြောင်း ဒီအချက်တွေကြည့်ရင် သိနိုင်ပါတယ်

အချစ်စစ် ဆိုတာကို မဆုံတွေ့သရွေ့ သင့်အချစ်ရေးက မချောမွေ့တတ်ပါဘူး။ ချစ်သူ ရှိထားပေမယ့်လည်း အချစ်ရေး ကံမကောင် းသူတွေ ရှိနေ ပါတယ်။ ကိုယ်နဲ့ ချစ်သူ ဖြစ်နေရက်နဲ့ကိုယ့်ချစ်သူက

နောက်တစ်ယောက်ကို ချစ်သွား တာမျိုး ကြုံရတတ် သလို နောက်တစ်ယောက်ကို စိတ်ကစားတာမျိုးလည်း ကြုံရတတ် ပါသေး တယ်။ ဒီလို အခြေအနေ ရှိမရှိကို ဒီလို အချက်တွေကနေ အကဲခတ်

သိနိုင်ပါတယ်နော်။ (၁) မူပျက်နေတယ်။ ။ ပုံမှန် ကိုယ်နဲ့ ပြောစရာ ရှိတာပြော၊ သွားစရာရှိတာ အတူသွား၊ တိုင်ပင်စရာ ရှိတာ တိုင်ပင်၊ ကိုယ့် ဒီနေ့ သွားစရာ လုပ်စရာတွေကို ပြောတတ်နေတဲ့ အခြေအနေ

ကနေ ရုတ်တရက် ဘာမှ မပြောတော့တာမျိုးက ကြာနေပြီ။ အဆင်မပြေတာ ရှိလား မေးရင်လည်း ရှိသလို မရှိသလို ရေရေရာရာ မရှိ ဖြစ်နေတတ်ပါတယ်။ တစ်ခြားသူတွေနဲ့ကျ ပုံမှန်အတိုင်း

ဖြစ်နေပြီး ကိုယ်နဲ့မှ မူပျက်နေ တာက အသစ်တွေ့နေလို့ ဖြစ်နိုင် ပါတယ်။ (၂) ရှောင်လာတယ်။ ။ ပြဿနာလည်း မရှိပါဘဲ၊ သူ့ဘက်က မအားလပ်တာလည်းမဟုတ်ဘဲနဲ့ သင့်ကို အကြောင်း အမျိုးမျိုးပြပြီး

ရှောင်နေတာ မျိုးက သင့်ထက် တခြား စိတ်ဝင်စားစရာ တွေ့နေတာကြောင့် ဖြစ်ပါတယ်။ ကိစ္စတွေရှိလို့ ရှောင်တတ် တာမျိုး ဖြစ်နိုင်ပေမယ့် တကယ်တမ်း အဲ့လို မရှိပါဘဲ တမင်အကြောင်းပြတာမျိုး

ဆိုရင်တော့ သေချာသလောက် ရှိပါတယ်နော်။ (၃) အပြစ်တင်စရာ မဟုတ်တာကို တင်လာတယ်။ ။ တကယ်က ကိုယ့်ဘက်က သူ ပုံမမှန်ဲဖြစ်နေလို့၊ မူပျက်နေလို့မေးရင် စိတ်ညစ်နေလို့ စိတ်ရှုပ်စရာ

ရှိလို့ ပြောပြီး ကိုယ့်ကို တစ်ယောက်တည်း လွှတ်ထားပေးပါ ဘာညာ ပြောပြီး ကိုယ်မဟုတ်တဲ့ တစ်ခြားသူ အကုန်လုံးနဲ့ကျ ဘာမှမဖြစ်သလို ပျော်ပါးနေတာမျိုး တွေ့ရမှာပါ။ ဒီလိုဆိုပြီး ကိုယ်က သူ့ကို

မေးမြန်းစစ်ဆေးလာရင် မင်းက နားလည် မပေး တတ်ဘူး မင်းအတွက်ပဲသိတယ် စတဲ့ အပြစ်တင်မှုတွေ ကြုံလာ တတ်ပါ တယ်။ ဒါက နောက်တစ်ယောက်တွေ့နေလို့ သင့်အပေါ် အမြင်မကြည်

ဖြစ်နေတာ ဖြစ်နေနိုင် ပါတယ်။ (၄) အချိန် မပေးတော့ ဘူး။ ။ နဂိုဆို မုန့်တူတူစားတာနဲ့ ညဘက် စကားပြောတတ် တာတွေ ရှိပေမယ့် အခုဆို ကိုယ့်ကို အကြောင်းတွေပြပြီး ရှောင်တတ်လာမှာပါ။

အချိန်မပေးလို့ ပြောမိ ရင်လည်း အမြဲ အချိန်ကပေးနေ ရမှာလား ဒီလောက်တောင် နားမလည်တတ်ဘူးလား စသဖြင့် အပြစ်မြင်နေတတ် ပါတယ်။ (၅) ဖုန်းပေး မကိုင်တော့ ဘူး။ ။ Privacy ဆိုတာကို

အလေးထား ကြပေမယ့် တစ်ယောက် အကြောင်း တစ်ယောက် သိနေတဲ့ စုံတွဲတွေမှာ တစ်ခါတစ်လေ ဖုန်းယူကိုင် တာမျိုးက ထူးခြားတဲ့အရာတွေ မဟုတ် ပါဘူး။ ဒါပေမယ့် ရုတ်တရက် ဖုန်းတွေ

အကိုင်မခံတော့ ဘူး။ ဖုန်းကို အရိပ်တကြည့်ကြည့် ဖြစ်နေမယ်။ ကိုယ်ရှေ့မှာ ဖုန်းမသုံးတော့ဘူးဆိုရင်တော့ သူ အသစ်တွေ့နေတာကို သင် ဖမ်းမိမှာ စိုးရိမ်လို့ ဖြစ်နိုင်ပါတယ်။

Credit

Unicode