လက်ရှိချစ်သူနဲ့ တစ်သက်လုံး လက်တွဲသွားချင်ရင် ဒီအရာ (၄)ခုကို စွန့်လွှတ်လိုက်ပါ

လက်ရှိချစ်သူနဲ့ တစ်သက်လုံး လက်တွဲသွားချင်ရင် ဒီအရာ (၄)ခုကို စွန့်လွှတ်လိုက်ပါ

ယောကျာၤး တစ်ယောက် နဲ့ မိန်းမ တစ်ယောက် နဲ့ ချစ်ကြိုက်ကြ တဲ့အခါမှာ ၊ အချစ်ရေး တစ်ခုကို တည်ဆောက် ကြတဲ့ အခါမှာ ရေရှည်တည်မြဲနေဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်မို့ ဒီဘက်ခေတ်မှာ ရည်းစား များရတဲ့ ပြဿနာ တွေ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။တစ်ခါတစ်လေ မှ

နှလုံးသား ရဲ့ ဆန္ဒတစ်ခုတည်းကို ဦးစားမပေးပဲ ဦးနှောက်ကို သုံးပြီး စဉ်းစားမှ သာလျှင် အချစ်ရေး တစ်ခုဟာ တည်မြဲ နိုင်မှာ ဖြစ်ပါတယ်။ လိုအပ်သလို ပြောင်းလဲ ပေးရပါလိမ့်မယ်။ အချစ်ရေးတစ်ခု တည်မြဲနေစေဖို့ သင့်အနေနဲ့ စွန့်လွှတ်လိုက်သင့်တဲ့ အရာတွေရှိပါတယ်။ အဲဒါတွေ ကတော့

၁။ အတွေးနယ်ချဲ့ခြင်းကို စွန့်လွှတ်ပါ ။

စိတ်ကူးယဉ်တယ်ဆိုတာ စိတ်ချမ်းသာ စရာပါ။ အနာဂါတ်မှာ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ် ပုံဖော်တယ်ဆိုတာ ကောင်းတဲ့ အလေ့အကျင့်ပါ။ ဒါပေမယ့်လည်း မိမိ အချစ်ရေးနဲ့ ပတ်သက်ပြီး မလိုလားအပ်ပဲ အတွေးတွေနယ်ချဲ့နေ ခြင်းကတော့ အပျက်

သဘောဆောင်ပါတယ်။သံသယ စိတ်တွေ များလာစေပြီး ဘယ်သူ့ အတွက် မှလည်း ကောင်းကျိုး မရှိပါဘူး။ ကိုယ်တွေးလိုက် တိုင်းလည်း မှန်နေတယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ ဒါကြောင့် အတွေးတွေ နယ်မချဲ့မိဖို့ ကြိုးစားပါ။

၂။ ပေါ့ပျက်ပျက် ဆက်ဆံ တတ်ခြင်းကို စွန့်လွှတ်ပါ ။

ဆိုလိုချင်တာကတော့ အချစ်ရေး တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဆက်ဆံ တတ်ဖို့ လိုပါတယ်။ ပြဿနာ တစ်ခု တတ်လာရင်လည်း “မင်း သိမှာမဟုတ်ပါဘူးကွာ” ဆိုတာမျိုးတွေ မပြောသင့်ပါဘူး။ အဖြေရှာနေဖို့လည်း မလိုပါဘူး။ တစ်ကယ်

ဖြေရှင်းရမယ့် နည်းလမ်းကတစ်ယောက်နဲ့ တစ်ယောက် စကားပြောပါ။ သူပြောတာ ကိုယ်ပြန် နားထောင်ပါ။ ဖြေရှင်းရမယ့် နည်းလမ်းကို ရှာဖွေပါ။ ဒါကြောင့် အဖြေ တစ်ခု ရလာဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် လေးလေးစားစား ဆက်ဆံ ဖို့တော့ လိုပါလိမ့်မယ်။

၃။ သံသယ ဖြစ်ခြင်း ကို စွန့်လွှတ်ပါ ။

တစ်ကယ်လို့ ကိုယ့်ချစ်သူ ရည်းစားက လုံး၀ ယုံကြည်ချင်စရာ မကောင်းဘူးဆိုရင်တော့ ဆက် တွဲမနေပါနဲ့။ ယုံကြည်လို့ တွဲပြီဆိုရင်လည်း သံသယ တွေ ဖြစ်မနေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သံသယ တွေ ဖြစ်နေ ၊ မယုံမကြည်တွေ ဖြစ်နေတာဟာ အချစ် ရဲ့ လက္ခဏာ တွေ မဟုတ်တာ ကိုတော့ သတိပေး ပါရစေ။

၄။ တစ်ယောက်ကို တစ်ယောက် ငြိုငြင်နေခြင်းတွေကို စွန့်လွှတ်ပါ ။

အချစ်ရေး ဆိုတာဟာ တန်းတူညီမျှ ခြင်း အပေါ် မူတည်နေပါတယ်။ တစ်ယောက်မှာ မရှိတာကို တစ်ယောက်က ဖေးကူ ပေးမှ တန်းတူ ညီမျှခြင်း ဆိုတာ ဖြစ်လာမှာပါ။

အမြဲတမ်းပျော်ရွှင်နေတဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတတ်ပြီး တန်းတူညီမျှတဲ့ ဆက်ဆံရေးတွေ ရှိတတ်ကြ ပါတယ်။

Credit

Unicode