လှည်းတန်းကျောင်းရှေ့တွင် ကျဆုံးသွားခဲ့သော ညီညီအောင်ထက်နိုင်၏ မိခင် ဖြစ်သူ ဒေါ်ဝင်းမာ ကို Onlineပေါ်တွင် တရားမဝင် ပုဇွန်ခြောက်ရောင်းသည်ဟု ဆိုကာ စစ်ကောင်စီမှ ဖမ်းဆီး။

လှည်းတန်းကျောင်းရှေ့တွင် ကျဆုံးသွားခဲ့သော ညီညီအောင်ထက်နိုင်၏ မိခင် ဖြစ်သူ ဒေါ်ဝင်းမာ ကို Onlineပေါ်တွင် တရားမဝင် ပုဇွန်ခြောက်ရောင်းသည်ဟု ဆိုကာ စစ်ကောင်စီမှ ဖမ်းဆီး။

လှည်းတန်းကျောင်းရှေ့တွင် ကျဆုံးသွားခဲ့သော ညီညီအောင်ထက်နိုင်၏ မိခင် ဖြစ်သူ ဒေါ်ဝင်းမာ ကို Onlineပေါ်တွင် တရားမဝင် ပုဇွန်ခြောက်ရောင်းသည်ဟု ဆိုကာ စစ်ကောင်စီမှ ဖမ်းဆီး။

၂၀၂၁ခုနှစ်၊စက်တင်ဘာ၁ရက်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ရက်နေ့တုန်းက ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ စစ်ကောင်စီဘက်က သေနတ်ဖြင့် ပစ်လို့ လှည်းတန်း လမ်းမ ၊ကမာရွတ် ကျောင်းရှေ့မှ

ရင်ဘတ် ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ကို ညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို ဒီကနေ့ စက်တင်ဘာလ ၁ရက်နေ့မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမှာရှိတဲ့ ကိုညီညီအောင်ထက်နိုင်တို့နေအိမ်ကိုစစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းကဝင်ရောက်ပြီး ကိုညီညီအောင်ထက်နိုင်ရဲ့အကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဝင်ရောက်ဖမ်းဆီးရာမှာ

မတွေ့တာကြောင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။မနက်ကိုးနာရီခွဲလောက်ကတည်းက စစ်ကောင်စီအင်အား ၄၀လောက်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊

ရာအိမ်မှူးတွေနဲ့အတူလာတာ၊ အိမ်ထဲမှာအကြာကြီးပဲ၊ ဘာတွေလုပ်နေလဲမသိဘူး။သူ့အမေဆီက ဖုန်းတွေယူပြီး သူ့သားအကြီးကိုကိုအောင်ထက်နိုင်ကိုလာအဖမ်းခံဖို့ဖုန်းဆက်နေတာလည်းကြားတဲ့လူတွေကကြားတယ်။

၁၂နာရီခွဲလောက်မှာတော့ သူတို့အမေဒေါ်ဝင်းမာကိုဖမ်းခေါ်သွားတယ်” လို့ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။လက်ရှိမှာ ကိုညီတို့ အမေဟာ အိမ်စားရိတ်နဲ့ စားရေးသောက်ရေးတို့အတွက် Facebookမှ နေ၍ ”

ဝင်းစားသောက်ကုန်” တံဆိပ် နဲ့ ပုဇွန်ခြောက် ရောင်းချနေတာဖြစ်ပြီး ကျဆုံးအာဇာနည်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေက တခဲနက် ဝယ်ယူအားပေးကြသဖြင့် လူကြိုက်များ နာမည်ကျော်နေတာကိုလည်း တွေ့ရှိရပါတယ်။

စစ်ကောင်စီ၏ အကြောင်းပြချက်က ကိုကိုအောင်ထက်နိုင်တို့ သားအမိ သည် တရားမဝင် ပုဇွန်ခြောက်ရောင်းဝယ်မှု ပြုသည်ဟု ဆိုသည့် အကြောင်း ပြချက်ဖြင့် ဖမ်းဆီးခဲ့တယ်လို့ အနီးနားနေ ပြည်သူတို့က ပြောပါတယ်။

 

ကိုညီညီအောင်ထက်နိုင်ရဲ့ဖခင်ဖြစ်သူဟာ ရွှေပြည်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်ကျေးဥက္ကဋ္ဌဟောင်းဖြစ်ပြီး သားဖြစ်သူသေဆုံးမှုအပြီးမှာသားအကြီးဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့အတူနေအိမ်ကနေ ရှောင်တိမ်းနေတာကြာပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောခဲ့ပါသည်။
[email protected]