ဒါရိုက်တာကိုပေါက်ပြောလိုက်ပြီ

ဒါရိုက်တာကိုပေါက်ပြောလိုက်ပြီ

ဒါရိုက်တာကိုပေါက်ပြောလိုက်ပြီ

တော်လှန်ရေးရဲဘော်တွေကို စာနာပေးကြဖို့နဲ့ကူညီထောက်ပံ့ပေးကြဖို့ ဒါရိုက်တာကိုပေါက်က တိုက်တွန်းမန်မာပြည်အနှံ့က စစ်အာဏာရှင်ဆန့်ကျင်တိုက်ပွဲဝင် လူငယ်တွေ၊ တော်လှန်ရေးရဲဘော်တွေကို စာနာပေးကြဖို့နဲ့ ကူညီထောက်ပံ့ပေးကြဖို့ ဒါရိုက်တာ ကိုပေါက်က တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံကို အသက်မရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ မြေကြီးတစ်ခုလိုမမြင်ဘဲ သက်ရှိလူသားတစ်ယောက်လို အစားထိုးခံစားကြည့်စမ်းပါ။ တော်တော်သနားဖို့ ကောင်းတယ်။ ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။

နှစ်ပေါင်း၇၀ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံခဲ့ရတယ်။ အခုလည်း ခံနေရတုန်းပဲ။ သူ့ရဲ့ နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေကို ကျနော်တို့ရဲ့ အသက် သွေး ချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်”လို့ ဒါရိုက်တာ ကိုပေါက်က ဆိုပါတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်က တည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့

အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးဟာ သမိုင်းပေးတာဝန်တခုဖြစ်ပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံနဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်လို့ သူက ပြောပါတယ်။

“အခုကျနော်လျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှနောက်ပြန်လှည့်လာမှာလည်း မဟုတ်ဘူး။ အရင်က သက်သောင့်သက်သာ ဘဝတွေထက် ခက်ခဲမယ်ဆိုတာသိတယ်။ သိ သိနဲ့ ရွေးခဲ့တဲ့ခရီးအတွက် ဘယ်လိုအကြောင်းအရာမျိုးကိုမှ မငြီးညူခဲ့ဘူး။

ဒုက္ခထဲမှာ ကျ နော်ပျော်ပါတယ်။ အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ ကလေးတွေက အများကြီးပါ။ ကျနော်တို့ ဒုက္ခက သူတို့တွေ ရင်ဆိုင်နေရတာထက် အများကြီးသေးပါတယ်။ မြန်မာပြည်အနှံ့က လူငယ်တွေ

တော်လှန်ရေးရဲဘော်တွေကို စာနာပေးပါ၊ ကူညီပေးပါ၊ ထောက်ပံ့ပေးကြပါ။နောက်ဆုံး မေတ္တာပေးပါမန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ တော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ

အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၀၂၆ ယောက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၇,၆၀၀ ကျော် ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Credit

Unicode

ဒါ႐ိုက္တာကိုေပါက္ေျပာလိုက္ၿပီ

ေတာ္လွန္ေရးရဲေဘာ္ေတြကို စာနာေပးၾကဖို႔နဲ႔ကူညီေထာက္ပံ့ေပးၾကဖို႔ ဒါ႐ိုက္တာကိုေပါက္က တိုက္တြန္းမန္မာျပည္အႏွံ႔က စစ္အာဏာရွင္ဆန္႔က်င္တိုက္ပြဲဝင္ လူငယ္ေတြ၊ ေတာ္လွန္ေရးရဲေဘာ္ေတြကို စာနာေပးၾကဖို႔နဲ႔ ကူညီေထာက္ပံ့ေပးၾကဖို႔ ဒါ႐ိုက္တာ ကိုေပါက္က တိုက္တြန္းလိုက္ပါတယ္။

“ျမန္မာႏိုင္ငံကို အသက္မရွိတဲ့ ေ႐ႊ႕ေျပာင္းလို႔မရတဲ့ ေျမႀကီးတစ္ခုလိုမျမင္ဘဲ သက္ရွိလူသားတစ္ေယာက္လို အစားထိုးခံစားၾကည့္စမ္းပါ။ ေတာ္ေတာ္သနားဖို႔ ေကာင္းတယ္။ ရင္နာစရာအျဖစ္အပ်က္ေတြ အမ်ားႀကီး ႀကဳံခဲ့ရတယ္။

ႏွစ္ေပါင္း၇၀ေက်ာ္ အႏိုင္က်င့္ ႏွိပ္စက္တာကိုခံခဲ့ရတယ္။ အခုလည္း ခံေနရတုန္းပဲ။ သူ႔ရဲ႕ နာက်င္ခံစားခဲ့ရတဲ့ ေဝဒနာေတြကို က်ေနာ္တို႔ရဲ႕ အသက္ ေသြး ေခြၽး ဘဝတို႔နဲ႔ ရင္းၿပီး ကုစားေပးၾကရမယ္”လို႔ ဒါ႐ိုက္တာ ကိုေပါက္က ဆိုပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ဟာ စစ္အုပ္စုရဲ႕ မတရားအာဏာသိမ္းကာလ စတင္ခ်ိန္က တည္းက ျပည္သူေတြနဲ႔ တသားတည္းရပ္တည္ကာ စစ္ကာဏာရွင္ဆန္႔က်င္ေရး လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ ပါဝင္လႈပ္ရွားခဲ့တဲ့

အႏုပညာရွင္တေယာက္ျဖစ္ၿပီး ပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရသူလည္း ျဖစ္ပါတယ္။ဒါ့အျပင္ စစ္အာဏာရွင္ဆန္႔က်င္ေတာ္လွန္ေရးဟာ သမိုင္းေပးတာဝန္တခုျဖစ္ၿပီး ကိုယ့္အသိစိတ္နဲ႔ကိုယ္ လိပ္ျပာလုံလုံနဲ႔ေပးဆပ္ရင္း ကိုယ့္သမိုင္းကိုယ္ေရးၾကရမယ္လို႔ သူက ေျပာပါတယ္။

“အခုက်ေနာ္ေလွ်ာက္ေနတဲ့လမ္းကေန ဘယ္ေတာ့မွေနာက္ျပန္လွည့္လာမွာလည္း မဟုတ္ဘူး။ အရင္က သက္ေသာင့္သက္သာ ဘဝေတြထက္ ခက္ခဲမယ္ဆိုတာသိတယ္။ သိ သိနဲ႔ ေ႐ြးခဲ့တဲ့ခရီးအတြက္ ဘယ္လိုအေၾကာင္းအရာမ်ိဳးကိုမွ မၿငီးညဴခဲ့ဘူး။

ဒုကၡထဲမွာ က် ေနာ္ေပ်ာ္ပါတယ္။ အေရးတႀကီးေျပာခ်င္တာက က်ေနာ္တို႔ထက္ဆိုးတဲ့ ကေလးေတြက အမ်ားႀကီးပါ။ က်ေနာ္တို႔ ဒုကၡက သူတို႔ေတြ ရင္ဆိုင္ေနရတာထက္ အမ်ားႀကီးေသးပါတယ္။ ျမန္မာျပည္အႏွံ႔က လူငယ္ေတြ

ေတာ္လွန္ေရးရဲေဘာ္ေတြကို စာနာေပးပါ၊ ကူညီေပးပါ၊ ေထာက္ပံ့ေပးၾကပါ။ေနာက္ဆုံး ေမတၱာေပးပါမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္က စတင္ကာ အၾကမ္းဖက္စစ္ေကာင္စီက ႏိုင္ငံ ေတာ္အာဏာကို သိမ္းယူခဲ့တဲ့ ကာလဟာ ၇ လနီးပါး ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီကာလေတြအတြင္း ႏိုင္ငံတဝန္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြမွာ ျပည္သူေတြ ၿမိဳ႕႐ြာအႏွံ႔ ပါဝင္ေနခဲ့ၾကၿပီး စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက အၾကမ္းဖက္ ပစ္ခတ္ႏွိမ္နင္းမႈေတြနဲ႔ က်ဆုံးမႈေတြ၊ ဖမ္းဆီးထိန္းသိမ္း တရားစြဲဆိုခံရတာေတြနဲ႔အတူ

အေျခအေနေတြ ပိုမိုတင္းမာလာေနခဲ့တာ ျဖစ္ပါတယ္။ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း(ေအေအပီပီ)ရဲ႕ ထုတ္ျပန္ခ်က္အရ လက္ရွိအခ်ိန္ထိ အၾကမ္းဖက္စစ္တပ္က ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ အျပစ္မဲ့ က်ဆုံးျပည္သူ ၁,၀၂၆ ေယာက္နဲ႔ မတရားဖမ္းဆီးထိန္းသိမ္းခံရသူေပါင္း ၇,၆၀၀ ေက်ာ္ ထိ ရွိခဲ့ၿပီလို႔ သိရပါတယ္။