ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ

ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ

ပြတ်သွားတဲ့အခါ ပြောတတ်တဲ့ စကားလုံးတွေ ငါတို့မဖြစ်နိုင်တော့ဘူးထင်တယ်ဘာလို့မဖြစ်နိုင်ဘူးလည်းမေးတော့လည်းရေရေရာရာမရှိဘူး မဖြစ်နိုင်ဘူးဆို အစတည်းကကို မတွဲနဲ့လေခုမှ မဖြစ်နိုင်ဘူးလာလုပ်နေရတဲ့ အကြောင်းပြချက်က

ရှင်းပါတယ်နောက်တစ်ယောက်ကြောင့်ပါငါမရှိမှနင်ပျော်မယ်မို့လားဆိုပြီးနင်မရှိတာကို ပျော်နေကြေးသာဆို အစတည်းကတွဲကိုတွဲမှာမဟုတ်ဘူး ဒါပေမယ့် သူတို့က နောက်ဆုံးသူတို့မပျော်တာနဲ့ပဲငါမရှိမှနင်ပျော်မယ်မို့လားလို့ သင့်ကိုလွဲချပြီး

ပြေးထွက်သွားတတ်ကြတယ် မေ့လိုက်ပါတော့ တဲ့သိပ်လွယ်တယ်ပြောတာ လူက Computer မှမဟုတ်တာDelete လေးနှိပ်ပြီး ပျောက်သွားတာမှမဟုတ်တာတစ်ချို့ဒဏ်ရာတွေဆို သေရာပါပဲ မေ့လိုက်ပါတော့ဆိုတာသိပ်လွယ်တယ်ထင်နေတာလား

တော့မသိဘူး နောက်တစ်ခုက ပြတ်သွားပြီးရင် သူတို့က သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို သိပ်သိချင်ကြတယ် အမှန်ပဲ ပြီးရင်လာမေးမယ် ပျော်နေလား အဆင်ပြေရဲ့လား ဘာညာနဲ့ သင်မပျော်ဘူးဆိုတာ အဆင်မပြေဘူးဆိုတာသိရင်

သူတို့ပါးစပ်ကမပြောပေမယ့် စိတ်ထဲက သိပ်ပြီး ကျေနပ်တတ်ကြတယ်ဒါပေမယ့် သင်က သူမရှိလည်းအေးဆေးပဲဆိုတဲ့ပုံစံကိုပြကြည့် အပြင်မှာ ဘာမှမပြောဘူးနော် စိတ်ထဲမှာတော့ဘာကိုမကျေနပ်လို့ မကျေနပ်မှန်းမသိ နောင်တပဲရသလိုလို

ပြန်တောင်းပန်ချင်သလိုလိုနဲ့ ဒါသူတို့ကို ပြန်နှိပ်စက်လို့ကောင်းတဲ့နည်းလမ်းတစ်ခုပါ မှတ်ထားပါ သင့်အပြုံးက သင့်ကိုမုန်းတဲ့သူအတွက် မီးတောက်ပဲ ပြတ်သွားပြီးရင် အတတ်နိုင်ဆုံးပြုံးပြုံးလေးနေပါနောက်တစ်ယောက်နောက်ပါသွားတယ်မို့လာ

စိတ်ထဲမှာ ကိုယ်ကစားလို့ဝသွားတဲ့ အရုပ်လေး မရှိဆင်းရဲတဲ့သူကစားဖို့ ပေးလိုက်တယ်သဘောထားလိုက်ပါ အေးဆေးပဲနောက်ဆုံးသူတို့က သင့်နောက်ကွယ်မှာ သင့်အကြောင်းမကောင်းပြောပြီး အဆင့်မရှိတဲ့စကားတွေပြောရင်းအဆုံးသတ်သွားမှာပါ သင်ကတော့ လစ်လျူရှုပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်သွားပါ

Credit

Unicode







