အသက်(၁၈)နှစ်အရွယ်လေးတွေနဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ညီလေးတွေက ခွံ့ကျွေးမှစားမယ်ဆိုလို့ ကိုယ်တိုင်ထမင်းကျွေးနေတဲ့ ရဲဘော်တစ်ဦး

အသက်(၁၈)နှစ်အရွယ်လေးတွေနဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ညီလေးတွေက ခွံ့ကျွေးမှစားမယ်ဆိုလို့ ကိုယ်တိုင်ထမင်းကျွေးနေတဲ့ ရဲဘော်တစ်ဦး

အသက်(၁၈)နှစ်အရွယ်လေးတွေနဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ညီလေးတွေက ခွံ့ကျွေးမှစားမယ်ဆိုလို့ ကိုယ်တိုင်ထမင်းကျွေးနေတဲ့ ရဲဘော်တစ်ဦး

တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးအတွက် အသက်ကိုတောင်ရင်းပြီး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ရဲဘော်တွေကတော့ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်နေကြတာ ဖြစ်ပါတယ် ။

ပြည်သူ့ရဲဘော်တွေက တောထဲတောင်ထဲမှာ စစ်ပညာသင်ယူရင်းနဲ့ တကယ့်ညီအစ်ကို အရင်းအချာတွေလို စည်းလုံးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ် ။

အနယ်နယ်အရပ်ရပ်ကနေ ရောက်ရှိလာကြတဲ့ လူငယ်တွေက လွတ်မြောက်နယ်မြေက တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ ခိုလှုံရင်း စစ်ရေးလေ့ကျင့်နေကြတာ ဖြစ်ပါတယ် ။

ပြည်သူ့ရဲဘော်တစ်ဦးကလည်း သူနဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်လေးတွေရဲ့အကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

အသက် (၁၈)နှစ်၊ (၁၉)နှစ်အရွယ်လေးတွေသာရှိသေးတဲ့ ဒီလူငယ်လေးတွေက မိဘရင်ခွင်မှာရှိနေရမယ့်အစား ရှေ့တန်းခံစစ်မှာ တာဝန်ကိုယ်စီ ထမ်းရွက်နေကြတာ ဖြစ်ပါတယ် ။

အသက်ငယ်ပေမယ့် ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ဒီလူငယ်လေးတွေက ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ပြည်သူ့ရဲဘော်ဘဝကို ခံယူခဲ့တာ ဖြစ်ပါတယ် ။

အခုလည်း ဒီလူငယ်လေးတွေက စောစောစီးစီး ထမင်းခွံ့ကျွေးမှစားမယ်ဆိုလို့ ရဲဘော်တစ်ဦးက သူတို့ကို ကိုယ်တိုင်ထမင်းကျွေးနေတာပဲ ဖြစ်ပါတယ် ။

ညီအစ်ကိုတွေလို ရင်းနှီးချစ်ခင်နေတဲ့ ပြည်သူ့ရဲဘော်တွေရဲ့ဒီပုံရိပ်လေးက ပြည်သူတွေကိုပါ ပီတိဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒီပုံလေးကိုမျှဝေခဲ့တဲ့ ရဲဘော်ကတော

“တော်လှန်ရေးပြီး ညီတို့လိုချင်တဲ့ဆိုင်ကယ်နဲ့ ဂိမ်းစက်ဝယ်ပေးမယ် ဘာကြောင့်ဖြစ်ဖြစ် ရှင်သန်အောင်ကြိုးစားပေးပါ ရဲဘေ ာ်” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

crd#original writer

zawgyi









