လက်ရှိချစ်သူကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူးဆိုရင် ဒီ(၅)ခုကို ပြုလုပ်ပါ…

လက်ရှိချစ်သူကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူးဆိုရင် ဒီ(၅)ခုကို ပြုလုပ်ပါ…

လူတိုင်းက ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူကို ဆုံးရှုံးရမှာ ကြောက်ပါတယ်။သိပ်ချစ်ရတဲ့ ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်လက်တွဲသွားချင်တယ်ဆိုရင် ဒီအရာ ( ၅ ) ခုကို ပြုလုပ်ဖို့ လိုပါလိမ့်မယ်။

၁။ ကျေးဇူးတင်စကား ဆိုပါ ။

ကိုယ့်ချစ်သူကို ကျေးဇူးတင်စကားဆိုဖို့ တွန့်ဆုတ်မနေပါနဲ့။” ကိုယ့်ကို ချစ်ပေးနေတဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ် “ ဆိုတဲ့စကားလေးကြောင့် သင်တို့ အချစ်တွေ ပိုမို ခိုင်မြဲသွားပါလိမ့်မယ်။ချစ်သူနှစ်ဦးကြားမှာ အခုလို ကြင်ကြင်နာနာ စကားလေးတွေ ပြောပေးနေတဲ့အတွက်ခဏခဏ ပြသနာတက်ခြင်းတွေကိုလည်း ကာကွယ်ပေးရာ ရောက်ပါလိမ့်မယ်။

၂။ အမြဲ ဆက်သွယ်မှုရှိပါစေ ။

ချစ်သူနဲ့ အနေဝေးနေချိန်မှာ အမြဲထိတွေ့ဆက်သွယ်နေဖို့ လိုပါတယ်။ဖုန်းပုံမှန်ခေါ်ပြီး ဖုန်းပြောပါ။ စာတို မက်ဆေ့ချ်လေးတွေ ပို့ပါ။အင်တာနက်ကတဆင့် ဆက်သွယ်ပါ။ဖြစ်နိုင်ရင် ပြောချင်တဲ့ စကားလေးတွေကို

စာရွက်ပေါ်မှာ ချရေးပါ။ပြီးရင် စာတိုက်ကဖြစ်စေ၊ ဓာတ်ပုံရိုက်ပြီး အင်တာနက်ကဖြစ်စေ ၊ ချစ်သူဆီကို ပို့ပါ။ချစ်သူအတွက် အချိန်ပေးပြီး စာရေးတဲ့ သင့်ကိသင့်ချစ်သူက အရမ်းချစ်သွားမှာ သေချာပါတယ်။

၃။ ခံစားချက်တွေကို ထုတ်ပြောပါ ။

သူ့ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ ပါးစပ်ကနေ ဖွင့်ပြောပါ။ခံစားချက်တွေကို ထုတ်ပြောခြင်းက အချစ်ရေးမှာ ကောင်းမွန်တဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ဒီစကားလေးတွေ စမ်းသပ်ပြောဆိုကြည့်ပါ …– ” ကိုယ် မင်းကို အရာရာတိုင်းထက် ပိုချစ်ပါတယ်”– ” ကိုယ့်ရင်ခွင်ထဲ မင်းရှိနေရင် အရမ်းစိတ်ချမ်းသာတယ် “– ” မင်းမျက်နှာလေး မြင်လိုက်ရမှ အမောပြေတော့တယ် ” ။

၄။ မေးခွန်းလေးတွေ မေးပါ ။

ကိုယ့်ချစ်သူကို မေးခွန်းလေးတွေ မေးဖူးပါသလား ။” မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား “ ၊ “နေ့လည်စာ စားကောင်းရဲ့လား” အစရှိတဲ့ စကားလေးတွေပေါ့။ချစ်သူ ဘာတွေ အဆင်မပြေဖြစ်နေလဲ ဆိုတာ သိရအောင် မေးမြန်းပါ ။ပြီးရင် အားပေးစကားလေးတွေ ပြောဆိုပေးပါ ။မေးခွန်းလေးတွေ မေးခြင်းက ချစ်သူကို တန်ဖိုးထားရာ ရောက်ပါတယ်

၅။ လေးစားမှု ရှိပါ ။

ချစ်သူနှစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ရန်ဖြစ်ကြရင်တောင် လေးစားမှုရှိနေဖို့လိခံစားချက်တွေကို လေးစားပါ။သူဘာပြောချင်နေတာလဲ ဆိုတာ သေချာနားထောင်ပါ။လးစားမှု မရှိရင် ပြသနာက ပိုကြီးသွားနိုင်ပါတယ်။လက်ရှိ ချစ်သူကို အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ကြည့်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Credit

Unicode

လက္ရွိခ်စ္သူကို ဘယ္လိုမွ အဆုံးရႈံးမခံႏိုင္ဘူးဆိုရင္ ဒီ(၅)ခုကို ျပဳလုပ္ပါ…

လူတိုင္းက ကိုယ္အရမ္းခ်စ္ရတဲ့ ခ်စ္သူကို ဆုံးရႈံးရမွာ ေၾကာက္ပါတယ္။သိပ္ခ်စ္ရတဲ့ ခ်စ္သူနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္လက္တြဲသြားခ်င္တယ္ဆိုရင္ ဒီအရာ ( ၅ ) ခုကို ျပဳလုပ္ဖို႔ လိုပါလိမ့္မယ္။

၁။ ေက်းဇူးတင္စကား ဆိုပါ ။

ကိုယ့္ခ်စ္သူကို ေက်းဇူးတင္စကားဆိုဖို႔ တြန႔္ဆုတ္မေနပါနဲ႔။” ကိုယ့္ကို ခ်စ္ေပးေနတဲ့ အတြက္ မင္းကို ေက်းဇူးတင္ပါတယ္ “ ဆိုတဲ့စကားေလးေၾကာင့္ သင္တို႔ အခ်စ္ေတြ ပိုမို ခိုင္ၿမဲသြားပါလိမ့္မယ္။ခ်စ္သူႏွစ္ဦးၾကားမွာ အခုလို ၾကင္ၾကင္နာနာ စကားေလးေတြ ေျပာေပးေနတဲ့အတြက္ခဏခဏ ျပသနာတက္ျခင္းေတြကိုလည္း ကာကြယ္ေပးရာ ေရာက္ပါလိမ့္မယ္။

၂။ အၿမဲ ဆက္သြယ္မႈရွိပါေစ ။

ခ်စ္သူနဲ႔ အေနေဝးေနခ်ိန္မွာ အၿမဲထိေတြ႕ဆက္သြယ္ေနဖို႔ လိုပါတယ္။ဖုန္းပုံမွန္ေခၚၿပီး ဖုန္းေျပာပါ။ စာတို မက္ေဆ့ခ်္ေလးေတြ ပို႔ပါ။အင္တာနက္ကတဆင့္ ဆက္သြယ္ပါ။ျဖစ္ႏိုင္ရင္ ေျပာခ်င္တဲ့ စကားေလးေတြကို

စာ႐ြက္ေပၚမွာ ခ်ေရးပါ။ၿပီးရင္ စာတိုက္ကျဖစ္ေစ၊ ဓာတ္ပုံ႐ိုက္ၿပီး အင္တာနက္ကျဖစ္ေစ ၊ ခ်စ္သူဆီကို ပို႔ပါ။ခ်စ္သူအတြက္ အခ်ိန္ေပးၿပီး စာေရးတဲ့ သင့္ကိသင့္ခ်စ္သူက အရမ္းခ်စ္သြားမွာ ေသခ်ာပါတယ္။

၃။ ခံစားခ်က္ေတြကို ထုတ္ေျပာပါ ။

သူ႔ကို ဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတာ ပါးစပ္ကေန ဖြင့္ေျပာပါ။ခံစားခ်က္ေတြကို ထုတ္ေျပာျခင္းက အခ်စ္ေရးမွာ ေကာင္းမြန္တဲ့ အက်င့္တစ္ခု ျဖစ္ပါတယ္။ဒီစကားေလးေတြ စမ္းသပ္ေျပာဆိုၾကည့္ပါ …– ” ကိုယ္ မင္းကို အရာရာတိုင္းထက္ ပိုခ်စ္ပါတယ္”– ” ကိုယ့္ရင္ခြင္ထဲ မင္းရွိေနရင္ အရမ္းစိတ္ခ်မ္းသာတယ္ “– ” မင္းမ်က္ႏွာေလး ျမင္လိုက္ရမွ အေမာေျပေတာ့တယ္ ” ။

၄။ ေမးခြန္းေလးေတြ ေမးပါ ။

ကိုယ့္ခ်စ္သူကို ေမးခြန္းေလးေတြ ေမးဖူးပါသလား ။” မေန႔ညက ေကာင္းေကာင္း အိပ္ေပ်ာ္ရဲ႕လား “ ၊ “ေန႔လည္စာ စားေကာင္းရဲ႕လား” အစရွိတဲ့ စကားေလးေတြေပါ့။ခ်စ္သူ ဘာေတြ အဆင္မေျပျဖစ္ေနလဲ ဆိုတာ သိရေအာင္ ေမးျမန္းပါ ။ၿပီးရင္ အားေပးစကားေလးေတြ ေျပာဆိုေပးပါ ။ေမးခြန္းေလးေတြ ေမးျခင္းက ခ်စ္သူကို တန္ဖိုးထားရာ ေရာက္ပါတယ္

၅။ ေလးစားမႈ ရွိပါ ။

ခ်စ္သူႏွစ္ဦး စိတ္သေဘာထားခ်င္း မတိုက္ဆိုင္လို႔ ရန္ျဖစ္ၾကရင္ေတာင္ ေလးစားမႈရွိေနဖို႔လိခံစားခ်က္ေတြကို ေလးစားပါ။သူဘာေျပာခ်င္ေနတာလဲ ဆိုတာ ေသခ်ာနားေထာင္ပါ။လးစားမႈ မရွိရင္ ျပသနာက ပိုႀကီးသြားႏိုင္ပါတယ္။လက္ရွိ ခ်စ္သူကို အရင္ရည္းစားေဟာင္းနဲ႔ ႏႈိင္းယွဥ္ၾကည့္တာမ်ိဳးကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။