“အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ ဆေး…”

“အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ ဆေး…”

ငါ ဒီအချိန်ကြီးကို ရအောင် ကျော်ဖြတ်မယ် ဆိုတဲ့ “ခိုင်မာတဲ့ ဆုံးဖြတ်ချက်” ရယ်၊ ဘာ အခက်အခဲပဲ ရှိရှိ တကယ်ကို ကြိုး စားမယ် ဆိုတဲ့ “သတ္တိ” ရယ် ရှိရင် ရပြီ ။

ကြိုးစားနေတဲ့ အချိန် မှာ “သူ ပြန်မလာ ခဲ့ရင်တို့၊ သူ ပြန်လာ ပါ့မလား” တို့ဆိုတဲ့ အတွေးတွေထက် “ငါဘယ် လိုနေရင် ပိုအဆင်ပြေ လာမလဲ” ဆိုတဲ့ အတွေးတွေကို ပိုပြီး တွေးကြည့်ပါ ။

လူတစ်ယောက်ကို မေ့ဖို့က ချက်ချင်းကြီး ဝုန်းခနဲ ဒိုင်းခနဲ မမေ့သွားဘူး။ သူ့ကို ကိုယ် ဘယ်လောက် ချစ်ခဲ့သလဲ ဆိုတာရယ်၊ အချိန် ဘယ်လောက်ကြာကြာ ချစ်ခဲ့ရလဲ ဆိုတာရယ်

ပေါ်မှာ မူတည်ပြီး healing လုပ်ရတဲ့ အချိန် ကွာသွားတာတော့ ရှိမှာပေါ့ ။အဲ့လို ကြိုးစားနေတဲ့ အချိန်တွေ အတွင်းမှာ ခဏ ခဏ အနှောင့်အယှက် ပေါ် လာလိမ့်မယ် ။

ဥပမာ – တစ်လလောက်၊ နှစ်လလောက် အဆက်အသွယ် မလုပ်ဘဲ အဆင်ပြေ နေရာကနေ ဖုန်းထဆက်ချင် လာတာတို့၊ သူ့အကောင့်ကို ဝင်ကြည့်မိတာတို့၊ သူရည်းစား ရတာပဲဖြစ်ဖြစ်၊ တခြားလူတွေနဲ့ ပျော်နေတဲ့ သတင်းတွေ ကြားရတာ တို့လိုမျိုးပေါ့ ။

အဲ့လိုတွေဖြစ် လာခဲ့ရင် စိတ်ကို လျှော့မချပစ်လိုက်နဲ့။ အပေါ်မှာ ပြောခဲ့သလိုပဲ… သတ္တိရှိရှိ နဲ့ ဆက်အားတင်းပြီး ရအောင် ကျော်ဖြတ်ရင် တစ်နေ့ထက် တစ်နေ့ ပိုအဆင်ပြေ လာလိမ့်မယ် ဆိုတာကို ယုံကြည်ပေးပါ ။

အမလည်း တစ်ချိန်က အဲ့ဒီ အသည်းကွဲတယ် ဆိုတဲ့ ကာလကြီးကို ကျော်ဖြတ်ခဲ့ဖူးလို့ အမပြောတဲ့ စကားကိုယုံ‌ပါ…”တစ်နေ့နေ့ မှာတော့… တကယ် အဆင်ပြေ သွားမှာပါ” အချိန်ဆိုတာ အသည်းကွဲရင် မဖြစ်မနေ သောက်ရမယ့်ဆေးခါးကြီး တစ်ခုပါ။

ရှောင်လွှဲလို့ မရပါဘူး။တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုရှိမယ်၊ အပေးအယူမျှမယ်ဆိုရင် အဲလိုဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ညှိနှိုင်းမရတာပဲဖြစ်ဖြစ်၊ သူက ကိုယ့်ကို

သစ္စာဖောက်တာပဲဖြစ်ဖြစ် ပြတ်ရတော့မယ်ဆိုရင်တော့ ကာလလေးတစ်ခုကို သတ္တိရှိရှိ စိတ်ဓာတ် ခိုင်ခိုင်မာမာ ထားပြီး ကျော်ဖြတ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

Credit to writer

Unicode

“အသည္းကြဲရင္ ေပ်ာက္တယ္ဆိုတဲ့ ေဆး…”

ငါ ဒီအခ်ိန္ႀကီးကို ရေအာင္ ေက်ာ္ျဖတ္မယ္ ဆိုတဲ့ “ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္” ရယ္၊ ဘာ အခက္အခဲပဲ ရွိရွိ တကယ္ကို ႀကိဳး စားမယ္ ဆိုတဲ့ “သတၱိ” ရယ္ ရွိရင္ ရၿပီ ။

ႀကိဳးစားေနတဲ့ အခ်ိန္ မွာ “သူ ျပန္မလာ ခဲ့ရင္တို႔၊ သူ ျပန္လာ ပါ့မလား” တို႔ဆိုတဲ့ အေတြးေတြထက္ “ငါဘယ္ လိုေနရင္ ပိုအဆင္ေျပ လာမလဲ” ဆိုတဲ့ အေတြးေတြကို ပိုၿပီး ေတြးၾကည့္ပါ ။

လူတစ္ေယာက္ကို ေမ့ဖို႔က ခ်က္ခ်င္းႀကီး ဝုန္းခနဲ ဒိုင္းခနဲ မေမ့သြားဘူး။ သူ႔ကို ကိုယ္ ဘယ္ေလာက္ ခ်စ္ခဲ့သလဲ ဆိုတာရယ္၊ အခ်ိန္ ဘယ္ေလာက္ၾကာၾကာ ခ်စ္ခဲ့ရလဲ ဆိုတာရယ္

ေပၚမွာ မူတည္ၿပီး healing လုပ္ရတဲ့ အခ်ိန္ ကြာသြားတာေတာ့ ရွိမွာေပါ့ ။အဲ့လို ႀကိဳးစားေနတဲ့ အခ်ိန္ေတြ အတြင္းမွာ ခဏ ခဏ အေႏွာင့္အယွက္ ေပၚ လာလိမ့္မယ္ ။

ဥပမာ – တစ္လေလာက္၊ ႏွစ္လေလာက္ အဆက္အသြယ္ မလုပ္ဘဲ အဆင္ေျပ ေနရာကေန ဖုန္းထဆက္ခ်င္ လာတာတို႔၊ သူ႔အေကာင့္ကို ဝင္ၾကည့္မိတာတို႔၊ သူရည္းစား ရတာပဲျဖစ္ျဖစ္၊ တျခားလူေတြနဲ႔ ေပ်ာ္ေနတဲ့ သတင္းေတြ ၾကားရတာ တို႔လိုမ်ိဳးေပါ့ ။

အဲ့လိုေတြျဖစ္ လာခဲ့ရင္ စိတ္ကို ေလွ်ာ့မခ်ပစ္လိုက္နဲ႔။ အေပၚမွာ ေျပာခဲ့သလိုပဲ… သတၱိရွိရွိ နဲ႔ ဆက္အားတင္းၿပီး ရေအာင္ ေက်ာ္ျဖတ္ရင္ တစ္ေန႔ထက္ တစ္ေန႔ ပိုအဆင္ေျပ လာလိမ့္မယ္ ဆိုတာကို ယုံၾကည္ေပးပါ ။

အမလည္း တစ္ခ်ိန္က အဲ့ဒီ အသည္းကြဲတယ္ ဆိုတဲ့ ကာလႀကီးကို ေက်ာ္ျဖတ္ခဲ့ဖူးလို႔ အမေျပာတဲ့ စကားကိုယုံ‌ပါ…”တစ္ေန႔ေန႔ မွာေတာ့… တကယ္ အဆင္ေျပ သြားမွာပါ” အခ်ိန္ဆိုတာ အသည္းကြဲရင္ မျဖစ္မေန ေသာက္ရမယ့္ေဆးခါးႀကီး တစ္ခုပါ။

ေရွာင္လႊဲလို႔ မရပါဘူး။တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ နားလည္မႈရွိမယ္၊ အေပးအယူမွ်မယ္ဆိုရင္ အဲလိုျဖစ္ခဲ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ညႇိႏႈိင္းမရတာပဲျဖစ္ျဖစ္၊ သူက ကိုယ့္ကို

သစၥာေဖာက္တာပဲျဖစ္ျဖစ္ ျပတ္ရေတာ့မယ္ဆိုရင္ေတာ့ ကာလေလးတစ္ခုကို သတၱိရွိရွိ စိတ္ဓာတ္ ခိုင္ခိုင္မာမာ ထားၿပီး ေက်ာ္ျဖတ္လိုက္ရင္ အဆင္ေျပသြားပါလိမ့္မယ္။