ဒီလိုစိတ်ထားမျိုးကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကို တန်းဖိုထား၊အတုယူလိုက်ပါ…
ဒီလိုစိတ်ထားမျိုးကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကို တန်းဖိုထား၊အတုယူလိုက်ပါ…
ဒီလိုစိတ်ထားမျိုးကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကို တန်းဖိုထား၊အတုယူလိုက်ပါ…
မိန်းကလေးဆိုတာ ဒီလုပ်ရမယ် ဟိုလိုမနဲ့ဆိုတဲ့ စည်းကမ်းတွေ သတ်မှတ်ထားချက်တွေက ယောကျ်ားလေးတွေထက်များကြပါတယ်။ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ စကားရှိတယ်ဆိုပေမယ့် ယူသင့်တဲ့ ရှေးထုံးကို ယူပြီး ပယ်သင့်တဲ့ ရှေးထုံးကိုတော့ ပယ်ရမှာပါပဲ။
မှန်မမှန်ဆိုတာကို ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်း အားလုံးမှာ ရှိပါတယ်။ဒါကြောင့် မိန်းကလေးတွေ အယးလုံးကမတူကြပါဘူး..တမူထူးခြားတဲ့သူတွေရှိကြောင်းကို ဒီအချက်တွေက သိရအောင် ဖော်ပြပေးလိုက်ပါတယ် …။
တကယ်တော့ မိန်းကလေးတစ်ယောက် သာမာန်သွားရင် တော်ရုံလူတွေ လိုက်မမှီတော့ပါဘူး။ ဒီလိုမိန်းကလေးတွေဟာ အမှန်တရားကို မြတ်နိုးလိုပါ။ ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ မကြောက်တတ်ကြပါဘူး။မိမိ မှားနေရင် မှားနေတယ်လို့ ရဲရဲဝံ့ဝံ့ပြောတတ်ပြီ
အမှန်တရားအတွက်လည်း လုပ်ကိုင်ရဲကြပါတယ်။ သူတို့လုပ်လိုက်မိတဲ့အရာတွေအတွက်လည်း ဘယ်တော့မှာ နောင်တမရတတ်သလို ဖြစ်လာသမျှကို ရင်ဆိုင်ဖို့အသင့်ပါပဲ။ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိဖို့က အဓိကအရေးကြီးပါတယ်။
ဒီလိုမိန်းကလေးတွေက သူတို့အပေါ် လေးစားမှုရှိတာမျိုးကို သဘောကျတတ်ကြပါတယ်။တကယ်လို့ သူတို့ကို မလေးမစားနဲ့ ထင်သလိဆက်ဆံခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ တုံ့ပြန်မှုကို ခံရမှာပါ။ သူတို့တွေကို ထင်သလိုဆက်ဆံလိုမရတဲ့အကြောင်းကို
သူတို့က ပညာသားပါပါနဲ့ ပြန်တုံ့ပြန်တတ်ကြသူတွေ ဖြစ်ပါတယ်။သူတစ်ပါးကို ချောက်ချလိုစိတ်၊ မနာလိုဝန်တိုစိတ် လုံးဝမရှိဘူး။အထူးသဖြင့် မိန်းကလေးအချင်းချင်း စာနာနားလည်တတ်သူတွေ ဖြစ်ကြပါတယ်။အားနည်းတဲ့မိန်းကလေးတွေကို
စိတ်ဓာတ်ခွန်အားတွေပေးပြီး ဖေးမတွဲခေါ်တတ်ကြပါတယ်။ ကိုယ်တိုးတက်ဖို့ ကိုယ့်ကိုယ်ကိုပဲ ပြိုင်တတ်ကြသူတွေ ဖြစ်ပါတယ်။ဒါပြီး ကိုယ့်ကိုယ်ကို ချစ်တတ်ကြတယ်၊ လေးစားတတ်ကြတယ်၊ တန်ဖိုးထားတတ်ကြပါတယ်။ နောက်ပြီး သူတို့ကိုယ်သူတို့
အကောင်းဆုံးနဲ့ အလှဆုံးဖြစ်အောင်နေတယ်။အဲ့လိုနေထိုင်ပြုလုပ်ကြတာတွေက ကိုယ်ကိုယ်တိုင်အတွက် ကိုယ့်ရဲ့ယုံကြည်မှုတွေအတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။သူတို့တွေက တစ်ခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ်၊ နားလည်တဲ့စိတ် အပြည့်အဝရှိသူတွေ ဖြစ်ပါတယ် …။
credit
Unicode