ဗိုက်ပူသူများ အလွယ်တကူပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ…

ဗိုက်ပူသူများ အလွယ်တကူပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ…

ဗိုက်ပူသူများ အလွယ်တကူပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ…

ဝမ်းဗိုက်ပူသူ တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေကို မစားမိအောင် မဆင်ခြင်နိုင် ကြသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း ပျင်းရိတတ်ကြပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေက အလွယ် တကူ လုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျစေပါတယ်။

ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ။

ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေပါတယ်။ ဇီဝဖြစ်ပျက်မှု ကောင်း တာက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်း စေပါတယ်။ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေကို လောင်ကျွမ်းသွားစေပြီး ကြွက်သား တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ် ပါ။ ခန္ဓာကိုယ် အလေးချိန်က ၁၄၅ ပေါင် ဖြစ်ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။

မှန်ကန်သော ခါးကွင်း လှည့်နည်းအတိုင်း လှည့်ပါ။

လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်း လှည့်တဲ့အခါ လှုပ်ရှားမှု ပုံစံသုံးမျိုးနဲ့ ပြု လုပ်ဖို့ အကြံပေး ထားပါ တယ်။ ဝမ်းဗိုက် က အဆီတွေကို ချဖို့ ခါးကွင်းလှည့်တဲ့ အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှား ပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားများ သန်မာအောင်

လေ့ကျင့်ခန်း လုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေရာ မှာရှိတဲ့ ဥပမာ – ပေါင်ကြက်သား၊ ရင်အုပ် ပိုင်းကြွက်သားတွေကိုပါ လေ့ကျင့်တာက ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေတာ ကြောင့် ဝမ်းဗိုက်က အဆီတွေအတွက် ပိုမိုထိရောက်မှု ရှိပါတယ်။

ယောဂလေ့ကျင့်ပါ။

ယာဂလေ့ကျင့်မှုက ဝမ်းဗိုက်ချပ် ရပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်း လျားမှောက်ပြီး လက်တံတောင်ကို ထောက်ထားပါ။ ခြေဖျားတွေကို ထောက်ထားပြီး ခန္ဓာကိုယ်နဲ့ ကြမ်းပြင် မထိဘဲ အပြိုင်အနေအထား မျိုးနေ ပါ။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူသွင်း ရှူထုတ် ငါးကြိမ်ပြုလုပ်ပြီး ခဏနားပါ။ လေ့ကျင့်မှုကို ၁၀ ကြိမ်ပြုလုပ်သင့်ပါ တယ်။

အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။

စိတ်ဖိစီးတာကြောင့် ကော်တီဇော ဝမ်းဗိုက်မှာ အဆီတွေကို စုစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ် တာက စိတ် ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။သက် ရှူသွင်းတဲ့အခါ တစ်ကနေငါးအထိ စိတ် ထဲမှာ ရွတ်ပြီး အသက်ပြန်ရှူထုတ်တဲ့အ ခါ တစ်ကနေ ၁၀ အထိ ရွတ်ပါ။ ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။

အချိန်မပေးရဘဲ အလုပ်လုပ် အသက်အောင့်ပြီး လေ့ကျင့်ပါ။

ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။ အချိန်မပေးရဘဲ အလုပ် လုပ် ရင်း၊ စာဖတ်ရင်း၊ အိမ်မှုကိစ္စတွေ လုပ်ရင်းနဲ့ သက်သောင့် သက်သာပဲ လေ့ကျင့်နိုင်ပါတယ်။အသက် အောင့်ပြီး

ဝမ်းဗိုက် ကို ရှပ်ထားလိုက်ပါ။ တစ် ကနေသုံးအထိ စိတ်ထဲက ရေတွက်ပါ။ ပြန်ဖြေလျှော့ပြီး အသက်ရှူပါ။ အလေ့အကျင့် ရသွားတဲ့ အခါ တစ် ကနေ သုံးအထိ ရေတွက်မှုကို သီးသန့်လုပ်စရာမလိုဘဲ လေ့ကျင့်မှု ပြု လုပ်နိုင်ပါလိမ့်မယ်။

ချွေးများများထွက်အောင် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာ ကိုယ်ကို ညှာပြီး ဖြည်း ဖြည်းသက်သာ လုပ်နေပါက သင့်ဝမ်းဗိုက်အ ဆီတွေကို ချနိုင်မှာ မဟုတ်ပါဘူး။ ချွေးထွက်အောင်၊ မောပန်းတဲ့အထိ လေ့ကျင့်ပေးတာက ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်း သွားစေပါတယ်။

စက္ဘီးစီးပါ။

ဝမ်းဗိုက်ချပ်ရပ် စေတဲ့ လေ့ကျင့်ခန်း တွေထဲမှာ စက် ဘီးစီးတာလည်း ပါဝင်ပါ တယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ စက်ဘီးစီးလေ့ကျင့် ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။

Credit

Unicode