ရေအေးနဲ့ ရေချိုးခြင်းကြောင့် ရရှိစေတဲ့ အသားအရေ ကောင်းကျိုးများ
ရေအေးနဲ့ ရေချိုးခြင်းကြောင့် ရရှိစေတဲ့ အသားအရေ ကောင်းကျိုးများ
ရေအေးနဲ့ ရေချိုးခြင်းမှာ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။ တစ်ချို့လူတွေက ရေအေးနဲ့ ရေချိုးတဲ့အခါ ဖျားနာခြင်းတွေနဲ့ တစ်ခြားကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ထင်မှတ်တတ်ကြပါတယ်။တကယ်တမ်းမှာတော့
ရေအေးနဲ့ ရေချိုးခြင်းက ကောင်းကျိုးတွေ များစွာကို ဖြစ်ပေါ်စေတာပါ။ရေအေးနဲ့ရေချိုးခြင်းက ဒီလို အသားအရေ ကောင်းကျိုးတွေကို ရရှိစေပါတယ်။အသားအရေကို စိုပြေစေတယ်ရေအေးနဲ့တော့ နေ့တိုင်း ရေချိုးနေမိတာပဲ ဒါပေမယ့်
သူ့ရဲ့ ကောင်းကျိုးတွေကိုတော့ သတိမထားမိတတ်ကြဘူးမှလား။ ရေအေးနဲ့ ရေချိုးခြင်းက အသားအရေကိုအစိုဓာတ်ပြည့်ဝစေပြီး glow စေပါတယ်နော်။ ရေအေးနဲ့ ရေချိုးတဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက်
အသားအရေကို အဟာရဖြည့်ပြီးသား ဖြစ်စေပါတယ်။အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်ရေအေးနဲ့ ရေချိုးခြင်းက အသားအရေရဲ့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်တဲ့။ ရေနွေးနဲ့ ချိုးတဲ့သူထက်ရေအေးနဲ့ချိုးတဲ့သူရဲ့ အသားအရေဟာ
သိသိသာသာကို အရွယ်တင်နုပျိုစေတာကို တွေ့ရပါတယ်။နောက်ပြီး ရေအေးနဲ့ ရေချိုးလိုက်တဲ့အခါ လန်းဆန်းခြင်းကို ခံစားရမှာပါ ဒါက အာရုံကြောစနစ်တွေကို လှုံဆော်ပေးပြီးစိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
အသားအရေကို ကောင်းမွန်စေတယ်ရေအေးနဲ့ ရေချိုးခြင်းက အသားအရေထိခိုက်ပျက်စီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ရေအေးနဲ့ရေချိုးတဲ့အခါခန္ဓာကိုယ်ကနေ ကောင်းမွန်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့အတွက်
ဝက်ခြံနဲ့ အသားအရေ ပြသနာတွေကို ကောင်းမွန်လာစေပါတယ်။ချွေးပေါက်တွေကို ကျဉ်းစေတယ်ရေနွေးက ချွေးပေါက်တွေကို ပိုကျယ်စေပြီး ရေအေးကတော့ ချွေးပေါက်တွေကို သေးငယ်သွားစေပါတယ်။
ရေအေးက သွေးကြောတွေကိုဖိအားပေးလိုက်တဲ့အတွက် ချွေးပေါက်တွေ ကျဉ်းသွားစေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေအေးနဲ့ ရေချိုးခြင်းက အသားအရေအတွက် ကောင်းကျိုးတွေ များစွာ ရှိလို့နေပါတယ်။
Khin
Credit
Zawgyi