ခြေရှုပ်တဲ့ယောကျ်ားတွေရဲ့လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး

ခြေရှုပ်တဲ့ယောကျ်ားတွေရဲ့လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး

ခြေရှုပ်တဲ့ယောကျ်ားတွေရဲ့လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး

ဗေဒင်မေးစရာ မလိုပါဘူး။ ဒီ ၁၀ ခွန်းကို အမြဲတမ်းလိုလို ပြောနေတတ်တယ် ဆိုရင်တော့ သေချာနေပါပြီ။

၁။ အဲ့ကောင်မလေးက သူငယ်ချင်းပါကွာ

ဒီလိုစကားမျိုးဟာ သူကောင်မလေး တစ်ယောက်နဲ့ ပတ်သက်နေကြောင်း သင်ရှာဖွေတွေ့ ရှိသွားပြီး ဒါဘယ်သူလဲလို့ မေးမှသာ ပြန်ဖြေတဲ့စကားပါ။အမှန်တကယ် သူငယ်ချင်းသာဆိုရင် အဲ့ဒီကောင်မလေး အကြောင်းကို

သင်အစောကြီးတည်းက သိနေရမှာပေါ့။အခုမှပေါ်လာပြီး သံသယဖြစ်စရာ အပြောအဆိုတွေနဲ့ ပတ်သက်နေကြတဲ့ သူတို့နှစ်ယောက်ဟာ အမှန်တကယ် သူငယ်ချင်းတွေ ဖြစ်တယ်လို့ သင်ယုံပါသလား။ယုံသင့်တယ်လို့ ထင်ပါသလား။

၂။ ကိုယ့်လွတ်လပ်ခွင့်ကို အလေးထားပါ၊ ကိုယ့်ဖုန်းကို မကိုင်နဲ့ မကြိုက်ဘူး

သင်မဟုတ်တဲ့ တခြားမိန်းကလေးနဲ့ ပို့ထားတဲ့စာတွေ ၊ အဲ့ဒီမိန်းကလေးရဲ့ ပုံတွေ ရှိနေတာ သေချာသလောက်ပါပဲ။အဲ့ဒီ မိန်းကလေးဆိုတာဟာ တစ်ယောက်တည်းလည်း ဖြစ်နိုင်သလို တစ်ယောက်ထပ်မကတဲ့ ကောင်မလေးတွေလဲ ဖြစ်နိုင်ပါတယ်။

၃။ မင်း ငါ့အပေါ်ကို သစ္စာဖောက်နေတယ်မဟုတ်လား

တမင်သက်သက် စွပ်စွဲနေမှန်း သူရော သင်ပါသိပြီးသားပါ။ ဒါဆိုဘာဖြစ်လို့ စွပ်စွဲပါသလဲ။အဖြေကတော့ သူကိုယ်တိုင်ဟာ သစ္စာမဲ့တဲ့အတွက် သင်လဲ သူ့လိုပဲ သစ္စာမဖောက်နိုင်စရာ အကြောင်းမရှိဘူးလို့ တွေးလို့ပါ။ကိုယ့်စိတ်နဲ့နှိုင်းတဲ့ သဘောပါ။

၄။ ငါကမင်းနဲ့ မတန်ပါဘူး

သြော် ဟုတ်လား ၊ ဒါဖြင့် ဘယ်သူနဲ့ တန်တယ်ထင်လဲ လို့သာမေးလိုက်ပါ။သူ့ကိုယ်သူ နှိမ့်ချသလိုသာ ပြောဆိုနေပေမယ့် တကယ်တမ်းတော့ အသစ်တွေ့နေလို့ မာယာတွေ များနေခြင်း ဖြစ်ပါတယ်။

၅။ မင်းဘဝအတွက် လမ်းခွဲပေးလိုက်တာပါ

ဂျင်းအကြီးစားပါပဲ။ ဒါဟာ လမ်းခွဲပြီးတာတောင် ပြတ်ပြတ်သားသား မဖြစ်စေဘဲ တွေဝေအောင်ပြောတဲ့စကားပါ။..သူနောက် တစ်ယောက်နဲ့ တွဲနေလည်း ဒီစကားကြောင့် သူ့ကို သင်အပြစ် မမြင်တော့မှာ မဟုတ်ပါဘူး။

နောက်တစ်ယောက်နဲ့ တွဲပြီးအဆင်မပြေလို့ သင့်ဆီပြန်လာချင်ရင်တော့ ချစ်ရက်နဲ့ လမ်းခွဲလိုက်ရတာမို့ သံယောဇဉ်မပြတ်လို့ blah blah တော်ကီတွေနဲ့ ချုပ်လိုက်ယုံပဲပေါ့။

၆။ မင်းဟာငါ့ရဲ့ အချစ်ဆုံးပါပဲ၊ တစ်သက်လုံး သတိရနေမှာပါ

အပေါ်က စကားလိုပါပဲ။ မပြတ်မသားနဲ့ လှေနံနှစ်ဘက် နင်းဖို့အတွက် အကွက်တွေ ခင်းနေတာပါ။

၇။ အဲ့ကောင်မလေးကို ငါတကယ်မချစ်ပါဘူး

ချစ်ခြင်း မချစ်ခြင်းသည် ဒီနေရာမှာ အရေးမပါပါဘူး။အဓိကက လက်ရှိတွဲနေတဲ့သူအပေါ်မှာ သစ္စာရှိဖို့ပဲမဟုတ်ဘူးလား။မချစ်ပါဘူးလို့ပြောပြီး စုံတွဲလိုပြုမူနေတာကို ခွင့်လွှတ်ပေးဖို့ မထိုက်တန်ပါဘူး။

၈။ နောက်တစ်ခါမလုပ်တော့ပါဘူး

ဒီလိုပြောပေမယ့်လည်း ယုံကြည်မှုဟာပျက်စီးသွားခဲ့ပါပြီ။သူသင့်ကိုချစ်တယ်ဆိုရင်တောင် သူချစ်တဲ့သူအပေါ်ကို နာကျင်စေမယ့်လုပ်ရပ်တွေကို လုပ်ခဲ့တယ်ဆိုတာ သင်အသိဆုံးပါ။နောက်တစ်ကြိမ် မလုပ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

၉။ မင်းငါ့ကိုဘာလို့မယုံကြည်ရတာလဲ

ယုံကြည်လိုက်တာနဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားမှာပါ။လုပ်လဲလုပ်ခဲ့ဖူးလို့သာ သင်သူ့ကို ဆက်လက် မယုံကြည်နိုင်တော့တာပါ။ဒါဟာ လူရှုပ်လူပွေတွေရဲ့လက်သုံးစကားပါ။ သူသစ္စာမရှိကြောင်း အထင်အရှား သက်သေရှိနေရင်တောင် သင်က မလိုအပ်ဘဲ သဝန်တိုနေသလို၊ သူ့ကိုမယုံကြည်သလို ပြောဆိုပါလိမ့်မယ်။

၁၀။ ကိုယ်ပြောင်းလဲသွားပါပြီ

မဖြစ်နိုင်ပါဘူး။ အကြိမ်ကြိမ်အခါခါ သင့်ကို နာကျင်စေပြီးတော့မှ ပြောင်းလဲသွားပါပြီဆိုတာ ဖြစ်နိုင်တယ်ထင်ရဲ့လား။သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ချင်ရင်တာ့ ဒီလိုလူမျိုးကို စွန့်လွှတ်လိုက်ပါ။ အချစ်စစ် အချစ်မှန်ဟာ

သာယာချိုမြိန်မှု အပြည့်ရှိပါတယ်။ဒီလို တစ်ဖတ်သတ်ဆန်တဲ့ နားလည်မှုတွေ နာကျင်မှုတွေ အနစ်နာခံမှုတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးဟာ အချစ်မဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြစ်ပါတယ်။

Credit