ပေါင်တံ သွယ်လျစေဖို့ (၃)မိနစ်လေ့ကျင့်ခန်း…

(၁) V ပုံစံ

ခြေထောက်ကို ဆန့်ပြီး ခေါင်းနဲ့ ခြေထောက်နဲ့ ထိပေးပါ။ ခန္ဓာကိုယ်ကို ခြေထောက်နဲ့ ထိပ်ကပ်နေဖို့အတွက် လက်နဲ့အားယူပြီး လုပ်လို့ရပါတယ်။ထိကပ်နေတဲ့အချိန်ကို ၅ စက္ကန့်ကနေ ၁၅ စက္ကန့်ကြား ထားသင့်ပါတယ်။

(၂) ခြေခွဲ

ခန္ဓာကိုယ်ကို ပက်လက်လှန်ထားပြီး ခြေထောင်နှစ်ချောင်းကို ထောင်ထားရမှာ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကိုတော့ ကြမ်းပြင်မှာ ကပ်ထားရမှာ ဖြစ်ပါတယ်။ခြေထောက်နှစ်ဖက်ကိုတော့ ဘေးနှစ်ဖက်ကို ကားလိုက်၊ ပြန်စုလိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။

(၃) ဝမ်းလျားမှောက်

ဝမ်းလျားမှောက်ထားပြီး မေးစေ့နဲ့ ခြေချောင်းထိပ်တွေက ကြမ်းပြင်ကို ထိထားရမှာ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်နိုင်သလောက် ထုတ်ရမှာ ဖြစ်ပါတယ်။နောက်ပြီးရင်တော့ ညာဘက်လက်နဲ့ ဘယ်ဘက်လက်ကို မြှောက်ထားပြီး သုံးစက္ကန့်လောက်နေရမှာဖြစ်ပါတယ်။

အဆိုပါပုံစံအတိုင်းပဲ ဘယ်ဘက်လက်နဲ့ ညာဘက်ခြေထောက်ကို မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုပုံစံအတိုင်း ငါးကြိမ်လောက်လုပ်ရမှာ ဖြစ်ပါတယ်။

Crredit

Unicode


(၁) V ပုံစံ


(၂) ခြေခွဲ


(၃) ဝမ်းလျားမှောက်

