ဒီအချက်တွေရှိတဲ့ကောင်လေးမျိုးကို ချစ်သူအဖြစ်ရွေးချယ်ပါ

ဒီအချက်တွေရှိတဲ့ကောင်လေးမျိုးကို ချစ်သူအဖြစ်ရွေးချယ်ပါ

မိန်းကလေးတစ်ချို့ဟာ ချစ်သူရွေးမယ်ဆိုရင် အသားဖြူရမယ်၊အရပ်ရှည် ရမယ်၊ရုပ်ချောရမယ်…စသဖြင့် အချက်တွေကိုစံထားပြီး ရွေးတတ်ကြပါတယ် ။လူတစ်ယောက်ကို ချစ်သူတော်မယ်ဆိုရင် ဘာတွေကို ကြည့်ရမလဲ၊

ဘာတွေကို စံထားပြီး ချစ်သူအဖြစ် သတ်မှတ်သင့်၊မသင့်ကို ဆုံးဖြတ် ရမလဲဆိုပြီး ခေါင်းစားနေတဲ့ ညီမငယ်လေးတွေအတွက် အကြံပြုပေးပါရစေနော် ။

(၁) ကြင်နာတတ်တဲ့ လူမျိုး

ဒါကတော့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုပါ။ကြင်နာတတ်ဆိုတာ မိန်းကလေးတွေရဲ့ ပြယုဂ်တစ်ခုလို့သာ သတ်မှတ် လက်ခံထားသူတွေရှိပြီး ယောက်ျားဆိုရင်တော့ ရဲရင့်၊ပြတ်သားရမယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ တွဲမြင်ပါ တယ်။တကယ်တော့ ကြင်နာတတ်ခြင်းက

လူသားအားလုံးနဲ့ ပတ်သက်ပါတယ် ။ကြင်နာသနားတတ်ပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောက်ျားမျိုးနဲ့တွေ့ပြီဆို ရင် လုံးဝလက် လွတ်မခံ သင့်ပါဘူး။ဒီလိုလူမျိုးက သင့်ကို ဘယ်တော့မှ ထိခိုက်ပျက်စီးအောင် လုပ်မှာ မဟုတ်တာတစ်ခုကတော့ လုံးဝသေချာပါတယ် ။

(၂) ရိုးသားမှု

ဒါလည်း အရေးကြီးပါတယ်။ရိုးသားမှုရှိတဲ့ သူမျိုးဟာ ဒီနေ့ခေတ်မှာ အင်မတန် ရှားပါတယ်။တစ်ချို့က ရိုးသားတာကို နုံအတယ်လို့ အယူမှားကြတာတွေ ရှိပါတယ်။ကိုယ်တိုင်တောင် ရိုးသားမှုမရှိတဲ့ သူမျိုးကို ဘယ်သူကမှ စိတ်ချယုံကြ ည်မှ မဟုတ်ပါဘူး ။

မုသားတွေသုံးပြီး လှည့်ဖျားတတ်တဲ့ ယောက်ျားမျိုးက သင့်အတွက် ဘယ်တော့မှ စိတ်ချယုံကြည်ရတဲ့ ချစ်သူကောင်း၊ခင်ပွန်းကောင်း ဖြစ်လာမှာ မဟုတ်ပါဘူးနော် ။

(၃) ရည်မှန်းချက်ရှိသူ

ယောက်ျားတစ်ယောက်မှာ ပိုက်ဆံရှိခြင်း၊မရှိခြင်းက အရေးမကြီးပါဘူး။ ချစ်သူရွေးတဲ့ အခါငွေကြေးဆိုတာ လုံးဝကိုထည့်သွင်း စဉ်းစားစားဖို့ကို မလိုပါဘူး ။ငွေအ စား သင်စဉ်းစားရမှာက ဒီလူဟာ ရည်မှန်းချက်ရှိသူလား …ဒါမှမဟုတ် လောလောဆယ်မှာတော့ ငွေရှိပေမယ့်

ဘဝမှာ ရည်မှန်းချက်ရယ်လို့ဘာမှမည် မည် ရရမရှိဘူးဆိုရင်တော့ မီးနီသာပြလိုက်ပါ။ရည်မှန်းချက်တော့ ရှိပါတယ်။ လ က်တွေ့ အကောင်အထည်မဖော်တဲ့၊ ကြိုးစားမှုမရှိတဲ့ သူမျိုးဆိုရင်လည်းမရပါဘူး။ရည်မှန်းချက်လည်းရှိ၊ ကိုယ်တိုင်လည်း ကြိုးစားနေတဲ့ သူမျိုးကိုသာ ရွေးချယ်ပါ ။

(၄) ယုံကြည္မှု ရွိသူ

မိန်းကလေးဆိုတာမျိုးက ဘယ်လောက်ပဲ ထက်မြက်နေပါတယ်၊ကိုယ့်အား ကိုယ်ကိုးတယ်ဆိုအုံးတော့ ချစ်သူအပေါ် အနည်းနဲ့အများ အားကိုးမှီခိုချင် စိတ်ရှိပါတယ်။ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုမရှိတဲ့ ယောက်ျားမျိုးက သင့်အတွက် အားကိုးအားထားစရာပြုစရာ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူးနော် ။

(၅) ယုံကြည်အားကိုးလို့ရ

သင့်အတွက် ယုံကြည်အားကိုးလို့ရတဲ့ သူမျိုးကို ရွေးပါ။လူတစ်ယောက်ကို ချစ်သူတော်မယ်ဆိုရင် အနည်းဆုံးတော့ သူ့အပေါ်မှာ ကိုယ့်စိတ်က အချစ် စိတ်အပြင် ယုံကြည်အားကိုးစိတ်လေးပါ ရှိနေဖို့ လိုပါတယ်။အချစ်ကလည်း အရေးကြီးပေမယ့်၊ ချစ်တာတစ်ခုတည်းနဲ့ ရွေးဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး ။

(၆) ရက်ရောပေးကမ်းတတ်သူ

ကပ်စေးနှဲတဲ့ ယောက်ျားမျိုးဟာ ချစ်သူတော်မယ်ဆိုရင်တော့ ထည့်မစဉ်း စားသ င့်တဲ့ အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။ကပ်စေးနှဲတာနဲ့ ငွေကို စနစ်တကျ သုံးစွဲတာနဲ့တော့ မတူဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ် ။

အလှူအ တန်းဆိုရင်လည်းနောက်တွန့်ပြီး ကိုယ်အိတ်ထဲက ပိုက်ဆံကို အပြင်ထွက်မှာ သေမလောက် ကြောက်နေတဲ့ သူမျိုးဆိုရင်တော့ ချစ်သူတော်ဖို့ကို နည်းနည်းပြန် စဉ်းစားစေချင်ပါတယ် ။ရည်းစားဖြစ်ပြီးမှ ကိုယ်ကချည်းငွေထုတ်ရှင်းနေရရင် ၊

ကိုယ်က အပေးသမား၊ သူကတော့ တောက်လျောက် အယူသမားဆိုရင်တော့ ဒီလိုလူကို ရေရှည်လက်တွဲဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့် စေတနာကောင်းပြီး ရက်ရောပေးကမ်းတတ်သူမျိုး ကိုရွေးခယ်ပါနော် ။ ။