မိန်းကလေးတွေ ချစ်သူကို မကြာခဏ စိတ်ကောက်တတ်ကြတာ ဒီအချက်တွေကြောင့်ပါ

မိန်းကလေးတွေ ချစ်သူကို မကြာခဏ စိတ်ကောက်တတ်ကြတာ ဒီအချက်တွေကြောင့်ပါ

စိတ်ကောက်တဲ့ နေရာမှာတော့ ကောင်မလေးတွေက နာမည်ကြီးပါပဲ။ ကောင်မလေးတွေက စိတ်ကောက်တယ်ဆိုတာ အကြောင်းအရင်း ရှိလို့ပါပဲ။ ကောင်လေးတွေ မသိကြပေမယ့် စိတ်ကောက်တာရဲ့နောက်မှာ ဒီလိုအခြေအနေတွေ ရှိနေတတ်ပါတယ်။

(၁) ချစ်လို့

ကောင်မလေးတွေက ကောင်လေးတွေကို ချစ်မိတဲ့အခါမှ စိတ်ကောက်တတ်ကြတာ ဖြစ်ပါတယ်။ ကိုယ် ချစ်ရတဲ့သူမို့ စိတ်ကောက်တာ ဘာဆန်းလဲလို့လည်း တွေးတတ်ကြ ပါတယ်။ ချစ်လို့ စိတ်ကောက်မိ တတ်တာမျိုးကို အဲ့ဒီကောင်မလေးတွေပဲ နားလည်ကြ ပါတယ်။

(၂) ကောင်းစေချင်လို့

ကိုယ့်ချစ်သူကို အစစအရာရာ ကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ကောင်မလေးတွေက မြင်ချင်ကြပါတယ်။ သူ့ရဲ့ အရှိတရားကို လက်ခံတယ်ဆိုပေမယ့် သူ့ကို ထိခိုက်စေတဲ့ အချို့အကျင့်တွေကို ပြုပြင်စေချင်တာကြောင့်လည်း စိတ်ကောက်ပြတတ်ကြပါတယ်။ ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ သူ ပြုပြင်လာနိုင်ဖို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။

(၃) အသည်းယားလို့

ကိုယ့်ကောင်လေးကို ကြည့်ရင်းနဲ့ အသည်းယားလာတဲ့ အခါမျိုးမှာလည်း ကောင်မလေးတွေက စိတ်ကောက် တတ်ကြပါတယ် ။ ချစ်စရာကောင်းပြီး အသည်းယားစရာ ပုံစံ ဖြစ်နေတဲ့ ကိုယ့်ကောင်လေးကို စနောက်ချင် တဲ့စိတ်နဲ့ စိတ်ကောက်ကြတာ ဖြစ်ပါတယ်။

(၄) အချော့ခံချင်လို့

ကောင်မလေးတွေက ချစ်တဲ့အခါ ကိုယ့်ကောင်လေး ကိုယ့်ကို ပြုမူတာလေးတွေကအစ သဘော ကျမိတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ အချော့ခံချင်နေတဲ့ အခါမျိုးမှာတော့ အကြောင်းရှာပြီး စိတ်ကောက်ပြ တတ်ကြပါတယ်။ တကယ်တမ်းက စိတ်ကောက်နေ တာတော့ မဟုတ်ပါဘူး။

(၅) ဘယ်လောက်ချစ်လဲ သိချင်လို့

ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက် ထိ ချစ်လဲ ဆိုတာကို ကောင်မလေးတွေက သိချင်လေ့ ရှိကြ ပါတယ်။ ဒါကြောင့် အချစ်စမ်းတဲ့ အခါမှာ စိတ်ကောက်တတ်ကြပါသေးတယ်။ ဒီအတွက် စိတ်ကောက်ရင်တော့ ချစ်ရင် ချော့လေ ဘာညာ ပြောတတ်ကြပါ တယ်အားလုံးပဲ ချစ်ရသူနဲ့ ပျော်ရွှင်စွာ လက်တွဲနိုင်ကြပါစေနော်။

Credit….AKP

Unicode



(၁) ချစ်လို့


(၂) ကောင်းစေချင်လို့


(၃) အသည်းယားလို့


(၄) အချော့ခံချင်လို့


