ချစ်သူအပေါ် အရမ်းကိုစိတ်နှစ်ပြီး အရူးအမူးချစ်တဲ့သူတွေဖြစ်တတ်တဲ့ ဆိုးကျိုး(၅)ခု…

ချစ်သူအပေါ် အရမ်းကိုစိတ်နှစ်ပြီး အရူးအမူးချစ်တဲ့သူတွေဖြစ်တတ်တဲ့ ဆိုးကျိုး(၅)ခု…

(၁) ပူပင်သောက ရောက်ခြင်း

ကိုယ့်ရဲ့ အချစ်စိတ်တွေ အားလုံးက သူမှ သူဘဲ ဖြစ်နေတဲ့ အခါ သူ့ဘက်က ကိုယ့်ကို ထားသွားမှာ၊ အမှားလုပ်မိမှာ၊ ကိုယ့်အပေါ် သစ္စာဖောက်မှာ စသဖြင့် အချိန်တိုင်း စိုးရိမ်ပူပန်စိတ် တွေနဲ့ ဖြတ်သန်းနေရပါလိမ့်မယ် …။ဖြစ်နိုင်ရင် ကိုယ့်အနားမှာဘဲ အချိန်တိုင်း ရှိချင်တဲ့ အတွက် သူ့ရဲ့

ကိုယ်ပိုင်အချိန် တွေကို ကိုယ့်ဘက်က ချုပ်ချယ်ကောင်း ချုပ်ချယ်လာမိပါလိမ့်မယ်။ဒီအခြေအနေတွေ အားလုံးဟာ တဖြည်းဖြည်းနဲ့ ချစ်တဲ့စိတ်ကနေ အတ္တဘက်ကို ရောက်မှန်းမသိ ရောက်သွားတတ် ပါတယ် …။ကိုယ့်ဘက်က ဆုံးရှုံးရမှာ ကြောက်လို့ သူ့အပေါ် ချုပ်ချယ်မှုတွေ များလာတဲ့ အခါ

တဖက်သူက ကိုယ့်ကို ငြီးငွေ့ပြီး ကိုယ့်အနားက ထွက်သွားချင် စိတ်တွေ ဖြစ်ပေါ်တတ် ပါတယ်။ဒီလိုနဲ့ ကိုယ်တွေရဲ့ Relationship က အဆုံးသတ်တဲ့ အခြေအနေထိ ရောက်သွားတတ် ကြပါတယ် …။

(၂) ရည်မှန်းချက်တွေ နောက်နှေးခြင်း

လူတယောက်ကို ရာနှုန်းပြည့် သူ့အပေါ်မှာ စိတ်နှစ်ပြီး ချစ်ရတဲ့ အခါ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေမှာ နောက်နှေး ကြံ့ကြာမှုတွေ ဖြစ်ပေါ်တတ် ပါတယ် …။အချိန်တိုင်းလိုလို သူ့အပေါ် စိတ်က ရောက်နေတဲ့ အတွက် အလုပ် လုပ်တဲ့ နေရာမှာလည်း

အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်ပြီး ထင်ထားသလောက်လည်း အောင်မြင်မှု မရရှိ နိုင်တော့ ပါဘူး။ကိုယ့်ဘဝ တက်လမ်း အတွက် ကိစ္စတစ်ခုခု လုပ်တော့မယ် ဆိုရင်တောင် သူက ကိုယ့်သွားမဲ့ ပန်းတိုင်းမှာ အတားအဆီး တစ်ခုလို ဖြစ်လာပါ လိမ့်မယ် …။ဒီကိစ္စကို လုပ်လိုက်လို့

အောင်မြင်မယ် ဆိုပေမဲ့ သူမကြိုက်မှာ၊ သူရဲ့ အဝေးကို ရောက်သွားမှာ စသဖြင့် သူ့အတွက် သူ့အတွက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တိုးတက်ချိန်တွေ ကုန်ဆုံးရ ပါလိမ့်မယ်။ဒါ့ကြောင့် ချစ်သူထားတဲ့ အခါ နှစ်ဦးစလုံး အပြန်အလှန် နားလည်မှု ရှိပြီ

ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်းပိုး မဖြစ်အောင် ကိုယ်ဘဝ အတွက် ပေးရမဲ့ အချိန်၊ သူ့အတွက် ပေးရမဲ့ အချိန် အားလုံးကို သီးခြားပိုင်းခြား ထားနိုင်ဖို့ လိုအပ် ပါတယ် …။

(၃) မိသားစုနဲ့ အဆင်မပြေဖြစ်ခြင်း

စားလဲ သူ၊ သွားလဲ သူ အရာအားလုံးအပေါ် သူ့က လွှမ်းမိုးနေတဲ့ အခါ မိသားစု ရေးရာမှာလည်း ခေါင်းထဲ သိပ်မရှိတတ် ကြတော့ ပါဘူး ။အိမ်က မိသားစုအတွက် အရေးကြီးတဲ့ အချိန်တွေမိသားစုနဲ့အတူ မနေပေးနိုင်ဘဲ ချစ်သူက ချိန်းလို့ သွားရတာမျိုး၊

ချစ်သူက စိတ် ကွက်မှာဆိုလို့ သူ့အတွက် ဖြည့်ဆည်းပေး တာမျိုး စတဲ့ အဖြစ်အပျက်တွေက ကြာလာတဲ့ အခါသင်ဟာ မိသားစုဝင် ထဲကနေ အပြင်ကို ခွဲထွက်သွားပြီး မိသားစုနဲ့လည်း အဆင်မပြေဖြစ်တတ်ကြပါတယ် …။ချစ်သူနဲ့ မိသားစုရေးရာ ကိစ္စအချို့

ယှဉ်လာတဲ့ အခါ ဘယ်ကိစ္စက အရေးကြီးလည်း သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ပြုလုပ်တာ အကောင်းဆုံးပါ။(အမေနေမကောင်းတဲ့ နေ့မှာ ချစ်သူနဲ့ ချိန်းထားတယ်ဆိုရင်ရော သင်သူ့ကို ရွေးချယ်မလဲ?)

(၄) အရမ်းနာကျင်ရခြင်း

အချစ်ကြီးတဲ့ သူအတွက် ခံစားမှုကလည်း အတိုင်းမသိ ကြီးမားတတ် ကြပါတယ်။သူ့အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သလောက် သူ့ဘက်က တုံ့ပြန်မှုက ကိုယ့်အပေါ် အသိအမှတ် မပြုတဲ့ အခါ အရမ်းကို နာကျင် ခံစားလွယ် ပါတယ် …။

အခြားသူတွေ အမြင်မှာတော့ ကိုယ်တွေရဲ့ အဖြစ်အပျက်က သာမန်ကိစ္စ တစ်ခုလို မြင်နေပေမဲ့ကိုယ့်ဘက်က သူ့ကို အများကြီး မျှော်လင့်ထားပြီး မျှော်လင့်ထား သလို မဖြစ်လာတဲ့ အခါ ဝမ်းနည်းမှုတွေ တပွေ့တပိုက်နဲ့ ရင်ဆိုင်ရတတ် ပါတယ်။

အရမ်းကို ဂရုစိုက်ပြီး ချစ်တတ်တဲ့ အတွဲတွေအတွက်တော့ ပြဿနာ မဟုတ်ပေမဲ့ ကိုယ်တစ်ဦးထဲ ကပဲ သူ့အပေါ် အရူးအမူး ချစ်ပြနေရင်တော့ အဆုံးသတ်မှာ ကိုယ်ဘဲ နာကျင် ခံစားရမယ် ဆိုတာ မလွဲမသွေ ပါဘဲ …။

(၅) နောင်တတွေနဲ့ အဆုံးသတ်ခြင်း

ကိုယ့်ဘက်က အချိန်ပြည့် ဂရုစိုက်ပြီး သူ့အပေါ် ချစ်ပေးနေပေမဲ့ သူ့ဘက်က တုံ့ပြန်မှုက ကိုယ့်အပေါ် မကောင်းတဲ့အခါ အချိန်တွေ ကြာလာတာနဲ့ အမျှ ပူဆွေးသောက ရောက်တတ်ကြ ပါတယ် …။ပိုင်းမှာ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ပြီး ဝမ်းနည်းရာကနေ တဖြည်းဖြည်းများလာ တဲ့အခါ ဒေါသစိတ်တွေ၊ ပေါက်ကွဲချင်စိတ်တွေ

တဖြည်းဖြည်း ဖြစ်ပေါ်လာ ပါလိမ့်မယ် …။အတိတ်တွေကို စဉ်းစားမိတိုင်း ကိုယ့်ရဲ့ ပေးဆပ်မှုက သူနဲ့ မတန်ဘူး သူ့အတွက် ပေးဆပ်ခဲ့ရ တာတွေအတွက် ကိုယ့်ကိုကိုယ် ဒေါသလည်းထွက် နောင်တလည်းရ ဆိုတဲ့ အဖြစ်မျိုးနဲ့ အဆုံးသတ် သွားပါလိမ့်မယ်။ဒီလို အတိတ်က ရရှိခဲ့တဲ့ အမာရွတ်တွေက ကြီးတဲ့အထိ ကိုယ့်ရဲ့ စိတ်ကို ခတ်ထန်စေပါတယ် …။

Unicode

Unicode