သင်လွှင့်ပစ်နေတဲ့ ကြက်ဥခွံတွေက ဘယ်လိုအသုံးဝင်နေလဲကြည့်လိုက်ပါဦး…

သင်လွှင့်ပစ်နေတဲ့ ကြက်ဥခွံတွေက ဘယ်လိုအသုံးဝင်နေလဲကြည့်လိုက်ပါဦး…

သင်လွှင့်ပစ်နေတဲ့ ကြက်ဥခွံတွေက ဘယ်လိုအသုံးဝင်နေလဲကြည့်လိုက်ပါဦး…

ကြက်ဥအခွံတွေကိုလွှင့်ပစ်ဖို့မလိုတော့ဘူးနော်။ကြက်ဥအခွံတွေက ကြက်ဥအနှစ်တွေ၊ အကာတွေလိုပဲ အသားအရည်အတွက်အရမ်းအသုံးဝင်ပါတယ်။အခု ကြက်ဥအခွံနဲ့မျက်နှာ အသားအရည်ကိုထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေပြောပြပေးသွားမှာပါ။

ပထမဆုံးကြက်ဥအခွံကိုအမှုန့်ဖြစ်အောင်လုပ်ရမှာပါ။ကြက်ဥအခွံတွေကိုရေသေချာဆေးလိုက်ပါ။ပြီးရင်ပိုးမွှားတွေကပ်နေတာကို ဖယ်ရှားဖို့ဒယ်ပိုင်းမှာ မီးအပူချိန်နည်းနည်းနဲ့ ၁၀မိနစ်လောက် ထားပြီး အမှုန့်ချေပါ။

အပူပေးပြီးရင်တော့ပေါင်ဒါမှုန့်လိုဖြစ်အောင်လုပ်ဖို့ ကြေသွားတဲ့အမှုန်တွေ ကိုမွှေစက်ထဲထည့်ပြီအမှုန့်ဖြစ်အောင်လုပ်လို့ရပါပြီ။ကြက်ဥမှုန့်တွေရလာပြီဆိုရင်တော့ဒီလိုမျိုးသုံးလို့ရပါပြီ။

၁။မျက်နှာပေါင်းတင်မယ်

ကြက်ဥတစ်လုံးကိုခွဲပြီးအနှစ်ကိုဖယ်ထုတ်လိုက်ပါ။ကျန်နေတဲ့အကာရည်နဲ့ကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောပြီးခပ်ထူထူလေးဖြစ်အောင်လုပ်ပါ။ပြီးရင်မျက်နှာ၊လည်ပင်းတွေမှာသုတ်လိမ်းပါ။၁၀မိနစ်လောက်ထားပြီးရင် ရေနဲ့သေချာသန့်စင်လိုက်ပါ။

အသားအရည်ခြောက်သွေ့တဲ့သူဆိုရင် တစ်ပတ်ကိုတစ်ခါလုပ်ပေးပြီးအဆီပြန်တဲ့အသားအရည်ပိုင်ရှင်တွေကတော့တစ်ပတ်ကို ၂ခါလုပ်ပေးပါ။အသားအရည်ပါးတဲ့သူတွေကတော့ ဆယ်ရက်တစ်ခါလုပ်ပေးသင့် ပါတယ်။

ကြက်ဥအကာနဲ့ကြက်ဥအမှုန့်က အသားအရည်ကိုချောမွေ့စေပြီးအရေးအကြောင်း ကင်းစင်စေပါတယ်။

၂။အသားအရည်နုပျိုစေတယ်

လူငယ်ရောလူကြီးရော အသားအရည်နုပျိုစေဖို့ဒီနည်းလမ်းလေးကိုသုံးပေးနိုင်ပါတယ်။ကြက်ဥ မှုန့်နဲ့ကြက်ဥအကာကိုလိုအပ်သလောက်ရောစပ်ပြီးမျက်နှာကိုလိမ်းပေးပါ။တင်းတင်းလေးဖြစ်သွားတဲ့အထိ

စက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။နာရီဝက်လောက်ထားပြီးရင် ရေအေးနဲ့ဆေးချလို့ ရပါပြီ။ပြီးရင်တော့ မျက်နှာစိုပြည်စေတဲ့ကရင်မ်တစ်မျိုးမျိုးလိမ်းပေးထားပါ။တစ်ပတ်ကို ၃ကြိမ်လုပ်ပေးနိုင်ပါတယ်။

၃။ကြည်လင်တောက်ပတဲ့အသားအရည်ဖြစ်စေတယ်

မိတ်ကပ်မလိမ်းပဲတောက်ပကြည်လင်နေတဲ့အသားအရည်မျိုးရချင်တဲ့သူတွေအတွက်တော့ တကယ်အသုံးဝင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ပထမဆုံးကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းထဲမှာ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။

ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောပြီးခပ်ပျစ်ပျစ်လေးရအောင် လုပ်ပါ။အားလုံးပြီးရင်တော့ မျက်နှာမှာလိမ်းပြီး နာရီဝက်လောက်စောင့်ပေးပါ။နာရီဝက်ပြည့်တဲ့အခါရေအေးအေးလေးနဲ့ဆေးချပေးရုံပါပဲ။

ဘယ်လိုအသားအရည်မျိုးမဆို တစ်ပတ်ကို ၂ခါလောက်ရေမချိုးခင်လုပ်ပေးရုံနဲ့တစ်နေ့တာလုံးကြည်လင်ဝင်းပပြီး သန့်စင်နေတဲ့မျက်နှာလေးကိုပိုင်ဆိုင်ရမှာပါ။

၄။ထိခိုက်လွယ်တဲ့အသားအရည်အတွက်ကာကွယ်နိုင်တယ်

သင့်ရဲ့အသားအရည်က ထိခိုက်လွယ်တယ်၊အသားအရည်ပါးတယ်၊မိတ်ကပ်ပစ္စည်းတွေတော်ရုံနဲ့ မတည့်ဘူးစသဖြင့် Sensitive အသားအရည်ပိုင်ရှင်တွေအတွက် ဒီနည်းလမ်းလေးက အဆင်ပြေနိုင်ပါတယ်။

ကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းကိုယူပါ။အဲ့ထဲကိုပန်းသီးအရက် ရှာလကာရည်စားပွဲတင်ဇွန်းထည့်ပါ။ခပ်ထူထူလေးဖြစ်ရင် မျက်နှာပေါ်ကိုလိမ်းပေးပါ။နာရီဝက်လောက်ကြာရင်တော့ရေဆေးလို့ရပါပြီ။ရေခဲရေအေးအေးလေးနဲ့

သန့်စင်ချင်တယ်ဆိုရင်လည်းရပါတယ်။ပြီးရင်တော့ ရေဓာတ်ဖြည့်ကရင်မ်လူးပေးထားပါ။တစ်ပတ်ကို ၂ခါလုပ်ပေးရင် Ph level ညီမျှပြီးထိခိုက်လွယ်တဲ့အသားအရည်ကိုပုံမှန်ဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၅။မျက်နှာချေးချွတ်မယ်

မျက်နှာချေးချွတ်တာကတော့အသားအရည်အတွင်းပိုင်းထိသန့်စင်ပေးတာမျိုးပါ။သဘာဝပစ္စည်းတွေနဲ့လုပ်ပေးရင်တော့ဓာတုဆေးဝါးတွေကြောင့်ထိခိုက်မှာမစိုးရိမ်ရတော့ပါဘူး။ပထမဆုံး ကြက်ဥမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့အုတ်ဂျုံမှုန့်စားပွဲတင်ဇွန်းရောထည့်ပါ။

နွားနို့ကိုလည်း ဆတူထည့်ပြီးရောစပ်ပါ။ရောပြီးရင်မျက်နှာပေါ်လိမ်းပြီး ၁၀မိနစ်လောက်ထားပါ။နည်းနည်းလေးခြောက်သွားရင်နွားနို့အရည်ကိုနည်းနည်းထပ်လိမ်းပြီး စက်ဝိုင်း ပုံစံနှိပ်နယ်ပေးပါ။
အဲ့ဒီအခါမှာ

ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး အသားအရည် အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုလုံလောက်စွာရရှိနိုင်ပါတယ်။၁၀မိနစ်လောက်ထားပြီး ရင်တော့ ရေနဲ့သေချာသန့်စင်ပေးနိုင်ပါပြီ။

Credit

Unicode

သင္လႊင့္ပစ္ေနတဲ့ ၾကက္ဥခြံေတြက ဘယ္လိုအသုံးဝင္ေနလဲၾကည့္လိုက္ပါဦး…

ၾကက္ဥအခြံေတြကိုလႊင့္ပစ္ဖို႔မလိုေတာ့ဘူးေနာ္။ၾကက္ဥအခြံေတြက ၾကက္ဥအႏွစ္ေတြ၊ အကာေတြလိုပဲ အသားအရည္အတြက္အရမ္းအသုံးဝင္ပါတယ္။အခု ၾကက္ဥအခြံနဲ႔မ်က္ႏွာ အသားအရည္ကိုထိန္းသိမ္းႏိုင္မယ့္နည္းလမ္းေလးေတြေျပာျပေပးသြားမွာပါ။

ပထမဆုံးၾကက္ဥအခြံကိုအမႈန႔္ျဖစ္ေအာင္လုပ္ရမွာပါ။ၾကက္ဥအခြံေတြကိုေရေသခ်ာေဆးလိုက္ပါ။ၿပီးရင္ပိုးမႊားေတြကပ္ေနတာကို ဖယ္ရွားဖို႔ဒယ္ပိုင္းမွာ မီးအပူခ်ိန္နည္းနည္းနဲ႔ ၁၀မိနစ္ေလာက္ ထားၿပီး အမႈန႔္ေခ်ပါ။

အပူေပးၿပီးရင္ေတာ့ေပါင္ဒါမႈန႔္လိုျဖစ္ေအာင္လုပ္ဖို႔ ေၾကသြားတဲ့အမႈန္ေတြ ကိုေမႊစက္ထဲထည့္ၿပီအမႈန႔္ျဖစ္ေအာင္လုပ္လို႔ရပါၿပီ။ၾကက္ဥမႈန႔္ေတြရလာၿပီဆိုရင္ေတာ့ဒီလိုမ်ိဳးသုံးလို႔ရပါၿပီ။

၁။မ်က္ႏွာေပါင္းတင္မယ္

ၾကက္ဥတစ္လုံးကိုခြဲၿပီးအႏွစ္ကိုဖယ္ထုတ္လိုက္ပါ။က်န္ေနတဲ့အကာရည္နဲ႔ၾကက္ဥမႈန႔္စားပြဲတင္ဇြန္းတစ္ဇြန္းကိုေရာၿပီးခပ္ထူထူေလးျဖစ္ေအာင္လုပ္ပါ။ၿပီးရင္မ်က္ႏွာ၊လည္ပင္းေတြမွာသုတ္လိမ္းပါ။၁၀မိနစ္ေလာက္ထားၿပီးရင္ ေရနဲ႔ေသခ်ာသန႔္စင္လိုက္ပါ။

အသားအရည္ေျခာက္ေသြ႕တဲ့သူဆိုရင္ တစ္ပတ္ကိုတစ္ခါလုပ္ေပးၿပီးအဆီျပန္တဲ့အသားအရည္ပိုင္ရွင္ေတြကေတာ့တစ္ပတ္ကို ၂ခါလုပ္ေပးပါ။အသားအရည္ပါးတဲ့သူေတြကေတာ့ ဆယ္ရက္တစ္ခါလုပ္ေပးသင့္ ပါတယ္။ၾကက္ဥအကာနဲ႔ၾကက္ဥအမႈန႔္က အသားအရည္ကိုေခ်ာေမြ႕ေစၿပီးအေရးအေၾကာင္း ကင္းစင္ေစပါတယ္။

၂။အသားအရည္ႏုပ်ိဳေစတယ္

လူငယ္ေရာလူႀကီးေရာ အသားအရည္ႏုပ်ိဳေစဖို႔ဒီနည္းလမ္းေလးကိုသုံးေပးႏိုင္ပါတယ္။ၾကက္ဥ မႈန႔္နဲ႔ၾကက္ဥအကာကိုလိုအပ္သေလာက္ေရာစပ္ၿပီးမ်က္ႏွာကိုလိမ္းေပးပါ။တင္းတင္းေလးျဖစ္သြားတဲ့အထိ

စက္ဝိုင္းပုံစံႏွိပ္နယ္ေပးပါ။နာရီဝက္ေလာက္ထားၿပီးရင္ ေရေအးနဲ႔ေဆးခ်လို႔ ရပါၿပီ။ၿပီးရင္ေတာ့ မ်က္ႏွာစိုျပည္ေစတဲ့ကရင္မ္တစ္မ်ိဳးမ်ိဳးလိမ္းေပးထားပါ။တစ္ပတ္ကို ၃ႀကိမ္လုပ္ေပးႏိုင္ပါတယ္

၃။ၾကည္လင္ေတာက္ပတဲ့အသားအရည္ျဖစ္ေစတယ္

မိတ္ကပ္မလိမ္းပဲေတာက္ပၾကည္လင္ေနတဲ့အသားအရည္မ်ိဳးရခ်င္တဲ့သူေတြအတြက္ေတာ့ တကယ္အသုံးဝင္တဲ့နည္းလမ္းေလးျဖစ္ပါတယ္။ပထမဆုံးၾကက္ဥမႈန႔္စားပြဲတင္ဇြန္းတစ္ဇြန္းထဲမွာ နႏြင္းမႈန႔္အနည္းငယ္ထည့္ပါ။

ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းေရာၿပီးခပ္ပ်စ္ပ်စ္ေလးရေအာင္ လုပ္ပါ။အားလုံးၿပီးရင္ေတာ့ မ်က္ႏွာမွာလိမ္းၿပီး နာရီဝက္ေလာက္ေစာင့္ေပးပါ။နာရီဝက္ျပည့္တဲ့အခါေရေအးေအးေလးနဲ႔ေဆးခ်ေပး႐ုံပါပဲ။

ဘယ္လိုအသားအရည္မ်ိဳးမဆို တစ္ပတ္ကို ၂ခါေလာက္ေရမခ်ိဳးခင္လုပ္ေပး႐ုံနဲ႔တစ္ေန႔တာလုံးၾကည္လင္ဝင္းပၿပီး သန႔္စင္ေနတဲ့မ်က္ႏွာေလးကိုပိုင္ဆိုင္ရမွာပါ။

၄။ထိခိုက္လြယ္တဲ့အသားအရည္အတြက္ကာကြယ္ႏိုင္တယ္

သင့္ရဲ႕အသားအရည္က ထိခိုက္လြယ္တယ္၊အသားအရည္ပါးတယ္၊မိတ္ကပ္ပစၥည္းေတြေတာ္႐ုံနဲ႔ မတည့္ဘူးစသျဖင့္ Sensitive အသားအရည္ပိုင္ရွင္ေတြအတြက္ ဒီနည္းလမ္းေလးက အဆင္ေျပႏိုင္ပါတယ္။

ၾကက္ဥမႈန႔္စားပြဲတင္ဇြန္းတစ္ဇြန္းကိုယူပါ။အဲ့ထဲကိုပန္းသီးအရက္ ရွာလကာရည္စားပြဲတင္ဇြန္းထည့္ပါ။ခပ္ထူထူေလးျဖစ္ရင္ မ်က္ႏွာေပၚကိုလိမ္းေပးပါ။နာရီဝက္ေလာက္ၾကာရင္ေတာ့ေရေဆးလို႔ရပါၿပီ။ေရခဲေရေအးေအးေလးနဲ႔

သန႔္စင္ခ်င္တယ္ဆိုရင္လည္းရပါတယ္။ၿပီးရင္ေတာ့ ေရဓာတ္ျဖည့္ကရင္မ္လူးေပးထားပါ။တစ္ပတ္ကို ၂ခါလုပ္ေပးရင္ Ph level ညီမွ်ၿပီးထိခိုက္လြယ္တဲ့အသားအရည္ကိုပုံမွန္ျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။

၅။မ်က္ႏွာေခ်းခြၽတ္မယ္

မ်က္ႏွာေခ်းခြၽတ္တာကေတာ့အသားအရည္အတြင္းပိုင္းထိသန႔္စင္ေပးတာမ်ိဳးပါ။သဘာဝပစၥည္းေတြနဲ႔လုပ္ေပးရင္ေတာ့ဓာတုေဆးဝါးေတြေၾကာင့္ထိခိုက္မွာမစိုးရိမ္ရေတာ့ပါဘူး။ပထမဆုံး ၾကက္ဥမႈန႔္စားပြဲတင္ဇြန္းတစ္ဇြန္းနဲ႔အုတ္ဂ်ဳံမႈန႔္စားပြဲတင္ဇြန္းေရာထည့္ပါ။

ႏြားႏို႔ကိုလည္း ဆတူထည့္ၿပီးေရာစပ္ပါ။ေရာၿပီးရင္မ်က္ႏွာေပၚလိမ္းၿပီး ၁၀မိနစ္ေလာက္ထားပါ။နည္းနည္းေလးေျခာက္သြားရင္ႏြားႏို႔အရည္ကိုနည္းနည္းထပ္လိမ္းၿပီး စက္ဝိုင္း ပုံစံႏွိပ္နယ္ေပးပါ။
အဲ့ဒီအခါမွာ

ဆဲလ္ေသေတြကိုဖယ္ရွားေပးႏိုင္ၿပီး အသားအရည္ အတြက္လိုအပ္တဲ့အာဟာရဓာတ္ေတြကိုလုံေလာက္စြာရရွိႏိုင္ပါတယ္။၁၀မိနစ္ေလာက္ထားၿပီး ရင္ေတာ့ ေရနဲ႔ေသခ်ာသန႔္စင္ေပးႏိုင္ပါၿပီ။