Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ

Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ

Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ

ပတ်ဝန်းကျင်က လူတွေကိုက အရွယ်ရောက်လို့ ရည်းစားမရှိရင် တော်တော်လေးကို ကဲ့ရဲ့ချင်ကြတာ မဟုတ်ဘူးလား။ အချိန်အကြာကြီး ရည်းစားမရှိဘဲ တစ်ယောက်တည်းနေရတဲ့ single လေးတွေမှာပဲ ခံစားရတဲ့ အခက်အခဲတွေကို ပြောပြပေးချင် ပါတယ်။

လူတွေရဲ့သနားခြင်းကိုခံရခြင်း

သူ့မှာဘာများ ချို့ယွင်းချက် ရှိလို့ ပါလိမ့်၊ ဘာလို့သူ့ကို ကောင်လးတွေက မကြိုက်ကြ တာလဲဆိုပြီး အလကားနေရင်းကို သနားစိတ် ဝင်ပြီး သနားနေကြတာ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းနေ ပါတယ်။

Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ

လူတွေရဲ့နားချခြင်းကိုခံရတယ်

သမီးကညာ အခါမလင့်စေနဲ့တို့၊ အရွယ်ရောက်နေပြီ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တို့ စတဲ့စကားတွေနဲ့ အမြဲတမ်း ထိုးနှက်ပြီး ရည်းစားထားဖို့ ကိုပဲ နားချနေကြ တာမျိုး။

သူငယ်ချင်းတွေရဲ့အတင်းမိတ်ဆက်ပေးခြင်း

ရည်းစားလိုချင်တယ်၊ ကိုယ်အထီးကျန်နေ တယ်ပဲ ထင်ပြီး သူငယ်ချင်းတွေက သူစိမ်းတွေနဲ့ အတင်းမိတ်ဆက်ပေး တာတို့၊ အတင်းအောင်သွယ်ပေး တာမျိုးတို့ကိုလည်း ကြုံရ ပါသေးတယ်။ တော်တော်လေးကို စိတ်အနှောက်အယှက်ဖြစ်စေ တာပါ။

Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ

လွယ်လွယ်ရတယ်လို့ထင်တယ်

ဒါကတော့ ကောင်လေးတွေပေါ့။ ဒီကောင်မလေး single ဖြစ်နေတာကြာပြီ ဆိုတော့ ငါလိုက်ရင် ခဏလေးနဲ့ ရမယ်ဆိုပြီး ထင်တာ မျိုးတွေ။ တကယ်ကို စော်ကားနေ သလို ပါပဲ။ တကယ်တော့ ကိုယ်တွေက သူတို့ကိုတောင် စိတ်မဝင်စားလို့ တစ်ယောက်တည်းနေေ နတာလေနော်။

နောက်ကွယ်မှာ အတင်းပြောတယ်

ဒီအသက် အရွယ်ရောက်နေပြီ ကြိုက်မယ့် သူမရှိဘူးလား ဆိုပြီး အရင်းနှီးဆုံး လူတွေ ဆီကတောင်မှပဲ အတင်းအပြောခံ ရတာမျိုးတွေ အထိ ဖြစ်လာ တတ်ပါတယ်။ တကယ်တော့ အကြောင်းအရင်း တချို့ကြောင့် single ဖြစ်နေတာ ပဲဖြစ်ဖြစ်၊

Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ

ကိုယ်တိုင်ကိုက single ဖြစ်ဖို့ရွေးချယ် ထားတာ ပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲ single ဖြစ်နေနေ တစ်ယောက်တည်းနေနေ ရတဲ့ အချိန်မှာ single life ကို အပြည့်အဝ ခံစားကြည့် ပါ။

တကယ်တော့ သင့်ရဲ့ ပျော်ရွှင်မှုတွေကို တခြားလူတွေအပေါ်မှာ လုံးဝမမှီခို ထားသင့် ပါဘူး။ တစ်ယောက်တည်းမွေး လာတဲ့ အတွက် တစ်ယောက်တည်းလည်း ပျော်ရွှင်စွာ ရှင်သန်နိုင် ရပါမယ်။ ပတ်ဝန်းကျင်က စကားတွေကို နားမယောင် ပါနဲ့။

Credit

Unicode






Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ




Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ





Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ


Single life မှာအကြာကြီး နေသားကျနေတဲ့လူတွေသာ သိနိုင်တဲ့ အခက်အခဲများ
