အရမ်းကောင်းတဲ့စာကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့တဲ့

အရမ်းကောင်းတဲ့စာကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့တဲ့

အရမ်းကောင်းတဲ့စာ ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေ နဲ့တဲ့ သင့်အချိန် ၁ မိနစ်လောက်ပေးပြီး ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ပါ ။

ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့ တစ်ခါက ရွာတစ်ရွာမှာ သူခိုးဝင် ခိုးတော့ ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။ သူခိုးကလည်း ကြံရာမရ ဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတဲ့ သချုႋင်းထဲကို ကမန်းကတမ် းနှင့် ဝင်ပြေးပြီး ပုန်းနေရ ပါသတဲ့ ။

ရွာသားတွေ ပြန်လည် ထွက်ခွါ သွားတော့မှ ပုန်းနေရာကနေ ခေါင်းကလေးပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူနှင့် မလှမ်းမကန်းမှာ ရသေ့တစ်ပါး တရားထိုင် နေတာကို သွားပြီး မြင်ပါ သတဲ့။

ဒီတော့ သူခိုးက တွေးလိုက်တာက သြော်လက်စသတ်တော့ ဒီသချုႋင်းထဲမှာ ငါတစ်ယောက်တည်းမှ မဟုတ်ပဲ။ ဟိုဖက်မှာ လည်း သူခိုး တစ်ယောက် ပုန်းနေပါလား “လို့ တွေးမိပါသတဲ့

ရသေ့ကြီး ကလည်းပဲ လူသံ သူသံကြား ရတာနှင့် ဘာတွေ များပါ လိမ့်လို့ ခေါင်းကလေး မော့ပြီးကြည့်လိုက်တော့၊ မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက် ရတော့ ရသေ့ကြီးက တွေးပါ သတဲ့။ သြော် ဒီသချုႋင်းထဲမှာ ငါတစ်ယောက်တည်း

တရားအားထုတ် နေတယ်လို့ ထင်နေတာ ။ ဟိုဖက်မှာလည်း သူတော်ကောင်း တစ်ယောက် တရားအားထုတ် နေပါလား လို့တွေးပြီး သာဓု အကြိမ်ကြိမ် ခေါ်မိ ပါသတဲ့

လူတွေဟာ မိမိစိတ် အတိုင်း သူတပါးကို မြင်တတ် ကြတယ်လို့ ဆိုလို တာပါ ပဲ ။ စိတ်ထား မကောင်းသူက သူတပါး ကိုလည်း မကောင်းမြင် တတ်ကြ တယ်။ မကောင်းပြော တတ်ကြ တယ်။ မကောင်းကြံ တတ်ကြ တယ်။ စိတ်ထား ကောင်းသူများ ကတော့

မကောင်းတဲ့ သူကို တောင်မှ ဖြည့်ပြီး အကောင်းပြောတတ ်ကြပါတယ် ။ အကောင်းမြင် တတ်ကြပါတယ် ။ ပြောချင်တာ ကတော့ ကိုယ့်စိတ်နဲ့နှိုင်း မရိုင်းစေနဲ့ပေါ့

Credit

Unicode








