ရေကို နေ့တိုင်းပုံမှန်ချိုးစရာမလိုဘူးလို့ ကမ္ဘာ့အရေပြားကျန်းမာရေး အဖွဲ့အစည်းထုတ်ပြန်

ရေကို နေ့တိုင်းပုံမှန်ချိုးစရာမလိုဘူးလို့ ကမ္ဘာ့အရေပြားကျန်းမာရေး အဖွဲ့အစည်းထုတ်ပြန်

ကဲ ဆောင်းတွင်းဆိုတော့ ဘာပဲကိုင်ကိုင် အေးစက်စက်ကြီးနဲ့ပါနော်။ ပိုဆိုးတာက မနက်အစော ရေကိုင်လိုက်ရင်ကို တစ်ကိုယ်လုံးတုန်တက်သွားလို့ ဘယ်လိုရေချိုးရမလဲတောင် မသိတဲ့ အဖြစ်မျိုး ကြုံဖူးကြမှာပါနော်။ ဒီလိုဆို ဆောင်းတွင်းရောက်ရင် ရေပုံမှန်ချိုးကြလေ့ရှိလား သတ္တိခဲတို့ရေ။

ဒါမှ မဟုတ် တစ်ရက်ခြားဖြစ်ဖြစ်၊ နှစ်ရက်သုံးရက်ခြားပြီးတော့ ဖြစ်ဖြစ် ရေချိုးလေ့ရှိတဲ့ ရေကြောက်သမား တွေလည်း ပါနေမလား။ မညာရဘူးနော်။ သင် ရေနေ့တိုင်းချိုးသလား။ တစ်နေ့ ရေ ဘယ်နှစ်ကြိမ်ချိုး ဖြစ်လဲ။နွေ၊ မိုး၊ ဆောင်း ဘယ်ရာသီဖြစ်ဖြစ်ပါတစ်ရက်မှာတော့ ရေတစ်ခါပုံမှန်ချိုးကြလေ့ရှိကြမယ်လို့ ထင်ပါတယ်။

ခန္ဓာကိုယ်က ပုံမှန်ထွက်လေ့ရှိတဲ့ ချွေး၊ အညစ်အကြေးနဲ့ အနံ့အသက်တွေကြောင့် အများစုကတော့ တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ရေချိုးသန့်စင်တတ်ကြမှာပါ။ ဒါမှလည်း ကိုယ့် ကိုကိုယ် သန့်သန့်ရှင်းရှင်းနဲ့ စိတ်ကျေကျေနပ်နပ် နေထိုင်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ အရေပြားကျန်းမာရေး အဖွဲ့အစည်းက သုတေသနပြုဆေးစစ်တမ်းရဲ့ တွေ့ရှိမှုမှာ ဆိုရင်တော့ လူတစ်ယောက်အဖို့ ရေချိုးခြင်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးစရာမလိုဘူးလို့ သိရပါတယ်။

တစ်ရက်ကို တစ်ကြိမ်နှုန်း ပုံမှန်ရေချိုးခြင်းက ခန္ဓာကိုယ်အရေပြားကျန်းမာရေးနဲ့ မညီဘူးလို့ ဆိုထားပါ တယ်။ တကယ်တမ်းလိုအပ်တာက နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါမှသာ ရေချိုးပေးခြင်းက ကျန်းမာ ရေးနဲ့ ညီညွတ်တယ်လို့ သိရပါတယ်။

ပုံမှန်ရေချိုးခြင်းကနေ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အထောက်အကူပြု အဆီတွေ၊ ကိုယ် ခန္ဓာ အတွက် ကောင်းကျိုးပြုနေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်လိုက်သလိုဖြစ်ပြီးတော့ အရေပြား နီမြန်းခြင်း၊ အက်ကွဲခြင်း၊ ဝက်ခြံထွက်ခြင်းနဲ့ ခန္ဓာကိုယ်ပေါ် ဗိုင်းရပ်စ်ပိုးမွှားများ ပေါက်ပွား ခြင်းကနေ

အခြားသော ကျန်းမာရေးထိခိုက်စေနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောကြားထား ပါတယ်။အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit

Unicode

ေရကို ေန႕တိုင္းပုံမွန္ခ်ိဳးစရာမလိုဘူးလို႔ ကမၻာ့အေရျပားက်န္းမာေရး အဖြဲ႕အစည္းထုတ္ျပန္

ကဲ ေဆာင္းတြင္းဆိုေတာ့ ဘာပဲကိုင္ကိုင္ ေအးစက္စက္ႀကီးနဲ႕ပါေနာ္။ ပိုဆိုးတာက မနက္အေစာ ေရကိုင္လိုက္ရင္ကို တစ္ကိုယ္လုံးတုန္တက္သြားလို႔ ဘယ္လိုေရခ်ိဳးရမလဲေတာင္ မသိတဲ့ အျဖစ္မ်ိဳး ႀကဳံဖူးၾကမွာပါေနာ္။ ဒီလိုဆို ေဆာင္းတြင္းေရာက္ရင္ ေရပုံမွန္ခ်ိဳးၾကေလ့ရွိလား သတၱိခဲတို႔ေရ။

ဒါမွ မဟုတ္ တစ္ရက္ျခားျဖစ္ျဖစ္၊ ႏွစ္ရက္သုံးရက္ျခားၿပီးေတာ့ ျဖစ္ျဖစ္ ေရခ်ိဳးေလ့ရွိတဲ့ ေရေၾကာက္သမား ေတြလည္း ပါေနမလား။ မညာရဘူးေနာ္။ သင္ ေရေန႕တိုင္းခ်ိဳးသလား။ တစ္ေန႕ ေရ ဘယ္ႏွစ္ႀကိမ္ခ်ိဳး ျဖစ္လဲ။ႏြေ၊ မိုး၊ ေဆာင္း ဘယ္ရာသီျဖစ္ျဖစ္ပါတစ္ရက္မွာေတာ့ ေရတစ္ခါပုံမွန္ခ်ိဳးၾကေလ့ရွိၾကမယ္လို႔ ထင္ပါတယ္။

ခႏၶာကိုယ္က ပုံမွန္ထြက္ေလ့ရွိတဲ့ ေခြၽး၊ အညစ္အေၾကးနဲ႕ အနံ႕အသက္ေတြေၾကာင့္ အမ်ားစုကေတာ့ တစ္ေန႕ကို တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္ ေရခ်ိဳးသန႔္စင္တတ္ၾကမွာပါ။ ဒါမွလည္း ကိုယ့္ ကိုကိုယ္ သန႔္သန႔္ရွင္းရွင္းနဲ႕ စိတ္ေက်ေက်နပ္နပ္ ေနထိုင္နိုင္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။

ဒါေပမယ့္ ကမၻာ့ အေရျပားက်န္းမာေရး အဖြဲ႕အစည္းက သုေတသနျပဳေဆးစစ္တမ္းရဲ႕ ေတြ႕ရွိမႈမွာ ဆိုရင္ေတာ့ လူတစ္ေယာက္အဖို႔ ေရခ်ိဳးျခင္းကို ေန႕စဥ္ပုံမွန္ျပဳလုပ္ေပးစရာမလိုဘူးလို႔ သိရပါတယ္။

တစ္ရက္ကို တစ္ႀကိမ္ႏႈန္း ပုံမွန္ေရခ်ိဳးျခင္းက ခႏၶာကိုယ္အေရျပားက်န္းမာေရးနဲ႕ မညီဘူးလို႔ ဆိုထားပါ တယ္။ တကယ္တမ္းလိုအပ္တာက ႏွစ္ရက္တစ္ခါ၊ သုံးရက္တစ္ခါမွသာ ေရခ်ိဳးေပးျခင္းက က်န္းမာ ေရးနဲ႕ ညီၫြတ္တယ္လို႔ သိရပါတယ္။

ပုံမွန္ေရခ်ိဳးျခင္းကေန ခႏၶာကိုယ္မွာ မရွိမျဖစ္ လိုအပ္တဲ့ အေထာက္အကူျပဳ အဆီေတြ၊ ကိုယ္ ခႏၶာ အတြက္ ေကာင္းက်ိဳးျပဳေနတဲ့ ဘက္တီးရီးယားေတြကို ဖယ္ရွားပစ္လိုက္သလိုျဖစ္ၿပီးေတာ့ အေရျပား နီျမန္းျခင္း၊ အက္ကြဲျခင္း၊ ဝက္ၿခံထြက္ျခင္းနဲ႕ ခႏၶာကိုယ္ေပၚ ဗိုင္းရပ္စ္ပိုးမႊားမ်ား ေပါက္ပြား ျခင္းကေန

အျခားေသာ က်န္းမာေရးထိခိုက္ေစနိုင္မယ့္ အေျခအေနေတြ ျဖစ္ေပၚလာနိုင္တယ္လို႔ ေျပာၾကားထား ပါတယ္။အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႕ေလးကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။