မချွဲတတ်တဲ့ ကောင်မလေးတွေမှာသာ ရှိနေတဲ့ အားသာချက်များ

မချွဲတတ်တဲ့ ကောင်မလေးတွေမှာသာ ရှိနေတဲ့ အားသာချက်များ

ချွဲတတ်တဲ့ ကောင်မလေးတွေက ချစ်ဖို့ကောင်း တယ်လို့ ဆိုကြ ပါတယ်။ ချွဲတတ်တဲ့ မိန်းကလေး ရှိသလို မချွဲ တတ်တဲ့ ကောင်မလေးတွေ လည်း ရှိနေ ပါတယ်။

သူတို့ကတော့ မချွဲတတ်တာ ကိစ္စ မရှိဘူးလို့ ယူဆကြပြီး အားသာချက်တွေ လည်း ပိုင်ဆိုင် ထားကြပါတယ်။ သူများတဲ့ မတူစွာပဲ သူတို့က အခုလို အားသာမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

၁-ထက်မြက်တယ်

သူတို့တွေက ဉာဏ်ကောင်း ကြတတ် ပါတယ်။ ချွဲတာထက် ဉာဏ်ရည်က ပိုပြီး အသုံးကျတယ်လို့ ယူဆကြ သလို သူတို့ကိုယ် သူတို့လည်း ယုံကြည်မှု ရှိကြ ပါတယ်။

ကိုယ့်အရည်အချင်းကို ဉာဏ်ရည်က တဆင့် အသုံးပြု ရတာကို သိပ်ကို သဘောကျလို့ သူတို့ တော်ကြောင်း ထက်ကြောင်းကို အနားက သူတွေ ကတောင် သိနေကြ ပါတယ်။

၂-တည်တံ့တယ်

ချွဲရတာကို ရှက်တတ် ကြပြီး ချွဲပြီး အခွင့်အရေး ယူရတာ မျိုးကို လိပ်ပြာလည်း မလုံသလို ဖြစ်တတ်ကြ ပါတယ်။ ဒါကြောင့် သူတို့တွေက ချွဲတာကို အရည်အချင်း တစ်ခုလို လုပ်တဲ့ သူတွေ ကိုလည်း အထင်မကြီး တတ်ကြ ပါဘူး။

သူတို့ ကိုယ်တိုင်လည်း ပျော်ချင်ပျော်မယ်၊ ပေါတောတော နေချင်နေမယ်ဆိုပေမယ့် ကောင်လေးတွေကို ချွဲပြီး ဆက်ဆံတာမျိုးကိုတော့ မလုပ်တတ်ကြပါဘူး။

၃- ကိုယ့်ကိုယ်ကို လေးစားတယ်

သူတို့က ကိုယ်တန်ဖိုး ကိုယ် မြှင့်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်အရည်အချင်းကိုလည်း ဖြည့်ဖို့ ကြိုးစား တတ်ကြ သလို တခြားသူတွေ အပေါ်လည်း လေးစားတတ် ကြပါတယ်။

ဒီလိုမျိုး ကိုယ့်ကိုယ်ကို လေးစားမှသာ တခြားသူတွေ ကလည်း ကိုယ့်အပေါ် လေးစားမှာ ဖြစ်တယ်လို့လည်း ခံယူထားတတ်ကြပါတယ်။

၄- အမြင်တင့်တယ်တယ်

ကလေးဘဝမှာပဲ ချွဲတာက ချစ်ဖို့ကောင်းတယ်လို့ အမြင်ခံရတာ ဖြစ်ပါတယ်။ အသက်တွေ ကြီးလာတာ နဲ့အမျှ ရင့်ကျက်ပြီး တည်ငြိမ်လာတဲ့ သူကိုသာ လူအများက လက်ခံလေးစားကြတာ ဖြစ်ပါ တယ်။

အသက်နဲ့ မလိုက်အောင် ချွဲနေတာမျိုးက ကိုယ့်ကို အထင်သေးမှု ဖြစ်စေနိုင်တဲ့ အချက်လည်း ဖြစ်လို့ မချွဲတတ်တဲ့ ကောင်မလေးတွေက တည်ငြိမ်တယ်လို့ လူအများက မြင်တာမျိုး ခံကြရပါတယ်။

၅- ယုံကြည်မှု ရှိတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ သူတွေက ဘာလုပ်လုပ် အောင်မြင်မှု ရတာ များပါတယ်။ မချွဲတတ်လို့ ရှက်စရာလို့ သူတို့က မမြင်ဘဲ ဒါက ကိုယ့်အား သာချက်လို့ ပြန်ပြောင်း မြင်တတ်ကြ ပါတယ်။

ဒီအချက်ကြောင့် သူတို့က မချွဲတတ်ခြင်းကို ဂုဏ်ယူပြီး အလုပ်တွေ မှန်သမျှကို ရလဒ်ကောင်းမွန်အောင်သာ လုပ်ဆောင် တတ်ကြ ပါတယ်။ ဒီအချက်က သူတို့ရဲ့ ဆွဲဆောင်မှု ရှိနေစေတဲ့ အချက် တစ်ချက်လည်း ဖြစ်နေ ပါသေးတယ်။