အသားရေအမျိုးအစားအလိုက် မျက်နှာသစ်ဆေး ရွေးချယ်နည်း

အသားရေအမျိုးအစားအလိုက် မျက်နှာသစ်ဆေး ရွေးချယ်နည်း

လက်ရှိ မိမိအသုံးပြုနေတဲ့ မျက်နှာသစ်ဆေးက သင့်အသားရေနဲ့ အဆင်ပြေမှုရှိရဲ့လားအလှအပေရေးရာကျွမ်းကျင်ပညာရှင်တွေကတော့ သင် အသုံးပြုလိုက်တ

ဲ့ မျက်နှာသစ်ဆေးအမျိုးအစားက သင့်အသားရေနဲ့ကိုက်ညီမှုရှိရမယ်လို့ ဆိုထားပါတယ်မျက်နှာသစ်ဆေးမဝယ်ခင်မှာ မိမိအသားရေနဲ့ကိုက်မကိုက် အရင်လေ့လာပြီးမှ ဝယ်သင့်ပါတယ်။

အဆီပြန်တဲ့အသားရေအတွက် ထုတ်ထားတဲ့မျက်နှာသစ်ဆေးက အသားရေခြောက်တဲ့သူတွေအတွက် အဆင်ပြေမှာမဟုတ်ပါဘူးတစ်စုံတစ်ယောက်အတွက် အဆင်ပြေတဲ့ မျက်နှာသစ်ဆေးဖြစ်နိုင်ပေမဲ့ အခြားတစ်ယောက်အတွက်တော့ ကောင်းချင်မှကောင်းနိုင်မှာပါ။

ဒါကြောင့် အလှအပဆရာဝန်တစ်ယောက်က မိမိအသားရေနဲ့ ကိုက်တဲ့မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ပြောပြပေးထားပါတယ်မိမိအသားရေအတွက် ဘယ်လိုမျိုးမျက်နှာသစ်ဆေးက အဆင်ပြေမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

အဆီပြန်တဲ့မျက်နှာအတွက်

သင့်မျက်နှာက ဝက်ခြံရှိပြီး အဆီပြန်တယ်ဆိုရင် အဆီမပါတဲ့မျက်နှာသစ်ဆေးကို ရှာဝယ်ပါတချို့မျက်နှာသစ်တွေက ဆလီဆလစ်အက်ဆစ် (Salicylic acid) ကဲ့သို့ ဝက်ခြံတိုက်ဖျက်တဲ့ဓာတ်ပါဝင်တာလည်းရှိပါတယ်။

ခြောက်သွေ့တဲ့အသားရေအတွက်

သင်က အသားရေခြောက်တယ်ဆိုရင် ရှားစောင်းလက်ပက်၊ အလှဆီနဲ့ ဗီတာမင်အီကဲ့သို့အသားရေစိုပြေစေတဲ့ ဓာတ်တွေပါဝင်တဲ့ မျက်နှာသစ်ဆေးကို သုံးသင့်ပါတယ်။

အထိခိုက်မခံတဲ့အသားရေအတွက်

အထိခိုက်မခံတဲ့အသားရေရှိတဲ့သူတွေက အယ်လ်ကိုဟောမပါဝင်တဲ့၊ ရနံ့မပါဝင်တဲ့မျက်နှာသစ်ဆေးကို သုံးပေးသင့်ပါတယ်အဲဒီမျက်နှာသစ်ဆေးက အသားရေကို ယားယံတာ၊ နီးမြန်းတာတွေ နည်းပါးစေပါတယ်။

သင့်အသားရေအမျိုးအစားနဲ့ပတ်သက်ပြီး မျက်နှာသစ်ဆေးသုံးပြီးတဲ့နောက်မှာ သင့်အသားရေက ကပ်စေးစေးမဖြစ်သင့်ပါဘူးမျက်နှာသစ်တဲ့အခါ မျက်နှာကိုအရမ်းကြီးမပွတ်ပါနဲ့။အဖုအပိမ့်တွေထလာပြီး ဆံခြည်မျှင်သွေးကြောတွေကိုတောင် ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Credit

Unicode











