
















Credit

Unicode

သင့်လက်က ပြောတဲ့သင့်အကြောင်းက ဘာတွေလဲ ဝင်ဖတ်ကြည့်လိုက်

ကိုယ့်ရဲ့ လက်ကလေးကို ကြည့်ပြီး ကိုယ်က ဘယ်လို လူမျိုးဖြစ်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ

(A)လက်သည်းကြွယ်ကလက်ညှိုးထက်ရှည်လျှင်သင်ဟာ ပျော်ပျော်နေတတ်ပြီးလူချစ်လူခင်ပေါများသောသူ

အမြဲတမ်းသင့်ရဲ့ပတ်ဝန်းကျင်မှာသူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများရှိပြီးလူချစ်လူခင်ပေါများပါလိမ့်မယ်။




ဒါပေမဲ့တခါတလေအရိပ်အခြေကိုမကြည့်တတ်လို့အဆူခံရတတ်ပင်မဲ့လည်းသင်ကတော့ရည်ရွယ်ပြီးလုပ်တဲ့ကိစ္စတော့မဟုတ်ပါ။ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။

(B)လက်ခလယ်ပြီးလျှင်ဒုတိယအရှည်ဆုံးကလက်ညှိုးဖြစ်သောသူဟာအမြဲတမ်းယုံကြည်မှုအပြည့်ရှိပြီးလူအများ၏အားကိုးလေးစားခြင်းကိုခံရသူ


အမြဲတမ်းမိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိပြီးဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလိုအားလုံးကိုပြီးမြောက်အောင်မြင်အောင်လုပ်ပေးသူအများနဲ့ပူးပေါင်းဆောင်ရွက်တာထက် တစ်ယောက်တည်းလုပ်ရတာကို သဘောကျသူ။

အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။

လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။

(C)လက်သည်းကြွယ်နဲ့လက်ညှိုးကအရွယ်တူနေလျှင်ပြသာနာကိုမေ့ထားပြီးငြိမ်းချမ်ရေးကိုအလေးထားသူ


လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။တတ်နိုင်ရင် အေးအေးဆေးဆေးပဲနေချင်တယ်။ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။