တော်လှန်ရေးခရီးမှာ လာတဲ့အချိန်မတူပေမဲ့ ပြန်တဲ့အချိန်တော့တူချင်ပါတယ်လို ပြောလာလာတဲ့ PDF အဖွဲဝင်တစ်ဦး

တော်လှန်ရေးခရီးမှာ လာတဲ့အချိန်မတူပေမဲ့ ပြန်တဲ့အချိန်တော့တူချင်ပါတယ်လို ပြောလာလာတဲ့ PDF အဖွဲဝင်တစ်ဦး

ကျွန်တော်တို့ KIA ရဲဘော်အများစုဟာ အသက် ၂၀ Gen Z အရွယ်တွေ များပါတယ်။ပျော်ချင် ပါးချင်စားချင်သောက်ချင်တဲ့အရွယ်တွေပါ ပညာကောင်းကောင်းသင်ချင်ပါတယ် နိုင်ငံရပ်ခြားအထိပေါ့။

နိုင်ငံခြားမှာပိုက်ဆံရှာပြီးမိဘကိုထောက်ပံ့ ပေးချင်တယ်။မြို့ပေါ်က Gen Z တွေလို ဆိုင်ကယ်ပေါ် ၊ကားပေါ်ကိုယ့်ချစ်သူကိုတင်ပြီးလျှောက်လည်ချင်မိတယ်ကိုယ်ရှာတဲ့ပိုက်ဆံနဲ့ကိုယ်ချစ်တဲ့သူကိုတင့်တောင်းတင့်တယ်တောင်းရမ်းလက်ထပ်ယူချင်​ကြပါတယ် ပြောတော့ KIA ရဲဘော် စိတ်ကနုတယ်ဗျာ ခရစ်ယာန် ဘာသာရေး​ကျောင်း​တွေတက်​ပြီး ဘဝကိုအေးချမ်းတည်ငြိမ်စွာနဲ့ ဖြတ်သန်းချင်တဲ့စိတ်လည်

း ရှိခဲ့ဖူးပါတယ် ဒါပေမဲ့ ဘာတစ်ခုမှမျှော်လင့်လို့မရတဲ့ဘဝမှာ မျိုးချစ်စိတ်တစ်ခုတည်းနဲ့ ရှင်သန် နေသူများပါ ဘယ်နေ့ငြိမ်းချမ်းမလဲ? ဘယ်နေ့တော်လှန်ရေး​ကြီးပြီးဆုံးမှာလဲ? ဘယ်နေ့အိမ် အပြီးပြန်နိုင်မှာလဲ?

လို့ အကြိမ်ကြိမ်တွေးတောနေတဲ့အချိန်မှာဘဲအာဏာသိမ်းစစ်အစိုးရရဲ့လူမဆန်တဲ့လုပ်ရပ်ကြောင့် မြန်မာပြည်တစ်ဝှမ်းရှိ Gen Z များဟာ ဘာလက်နက်မှ မရှိပေမဲ့လည်း ရှိရာအကာအကွယ်လေးစွဲကိုင်ကာအသက်ပေး တိုက်ခိုက် ခုခံတော်လှန်နေတာတွေ့ရတော့ ပြည်မဘက်က Gen Z များ၏ အာဂသတ္တိကိုမလေးစားဘဲမနေနိုင်ပြန်ဘူး ကျွန်တော်တို့လက်နက်ကိုင် Gen Z များထက် ရဲစွမ်းသတ္တိရှိသူများလို့ချီးကျူးမိတာအကြိမ်ကြိမ်ပါ

မကြာပါဘူးကျွန်တော်လေးစားတဲ့ Gen Z တွေနဲ့ လူခြင်းတွေ့ဆုံရတော့တာဘဲကျွန်တော်တို့လိုတောတွင်းတော်လှန်ရေး Gen Z များအားကျ နေတဲ့ မြို့ပေါ်က Gen Z တွေဟာ ကျွန်တော်တို့ဖြစ်ချင်တဲ့

အခွင့်အရေးတွေ အပြည့်အဝရရှိ ခဲ့တဲ့ သူတွေပါ။ဒါပေမဲ့သူတို့ဟာ အရာအားလုံးကို စွန့်လွတ်ပြီးကျွန်တော်တို့ရှိတဲ့ နယ်မြေအထိ လာခဲ့ကြတယ်။သူတို့ရဲ့ စွန့်လွတ်အနစ်နာခံမှုကိုလေးစားပေမဲ့ သနားမိတာတော့အမှန်ပါနုနုရွရွလေးတွေ ပညာတတ်လေးတွေ ခိုင်းရက်စရာ မရဲလောက်တဲ့ Gen Z လေးတွေ ဟာ မိမိတို့ရည်ရွယ်ချက်ရည်မှန်းချက်အားလုံးကိုထားခဲ့ယုံမက မိဝေးဖဝေးနဲ့စွန့်စားပြီးလာနေကြတယ်။

ကျွန်တော်တို့ တော်လှန်ရေးနယ်မြေမှာဘာသာမတူ လူမျိုးမတူပေမဲ့ စစ်အာဏာရှင်စနစ်အ​ပြီးတိုင်ချုပ်ငြိမ်း သွားဖို့ ရည်ရွယ်ချက်ကတူနေတော့ တော်လှန်ရေးနယ်မြေမှာတွေ့ဆုံကြရတာပေါ့။စိတ်ရင်းနဲ့ ဒို့​တွေ ခင်မင်ခဲ့ကြပါတယ်။

တစ်ချို့ Gen Z တွေအိမ်ကိုလွမ်းတယ် အမေကိုလွမ်းတယ်။ဗမာဟင်းထမင်းလွမ်းတယ်တဲ့.. တစ်ချို့ Gen Z တွေ တော်လှန်းရေးအမြန်ပြီးချင်ပြီတဲ့။တစ်ချို့ Gen Z တွေ ပညာဆက်သင်ရအုံးမယ်တဲ့တစ်ချို့ Gen Z တွေ ချစ်သူကိုလွမ်းလို့ Video Call နဲ့အလွမ်းသယ်ပြီးငိုယိုကြတယ်..အရာအားလုံးကိုလွမ်း​ကြပေမဲ့ တော်လှန်ရေးရင်ခုန်သံက ပိုပြီးအား​ကြီး​နေတော့ ဘယ်တတ်နိုင်မှာလဲ?

ငါ့ညီတို့ လိုဘဲ ကျွန်တော်တို့လည်းအိမ်ပြန်ချင်လှပါပြီဗျာ တော်လှန်ရေးပြီးသွားလို့ အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းသွားရင်ငါတို့တွေအတူအိမ်အ​ပြီးပြန်ကြရအောင်နောမင်းတို့ရှိတဲ့ ပြည်မဘက်ငါတို့​တွေ

လာလည်မယ်…တစ်ခါမှမ​​ရောက်ဖူး​သေးတဲ့ ရန်ကုန်မြို့​ကြီးကိုခေါ်လည်ပါနော်။မင်းတို့တော်လှန်ရေးခရီးအသက်သွင်းပေးခဲ့တဲ့ ငါတို့တိုင်းရင်းသားနယ်မြေကိုလည်း​မေ့မသွား​ကြနဲ့အုံမင်းတို့ပြောထားတဲ့ကတိအတိုင်းစစ်မြေ​​​ပြင်​​ဖြစ်သွားတဲ့ ငါတို့တိုင်းရင်းသားနယ်မြေ​တွေကိုနာလန်ထူတိုးတက်ကြီးပွားအောင်လာကူပေးကြဖို့မျှော်လင့်ပါတယ်ကျွန်တော် တို့ တော်လှန်​ရေးတပ်ကိုဝင်လာတဲ့

အချိန်ခြင်းမတူညီပေမဲ့အိမ်ပြန်တဲ့ အချိန်တော့တူတော့မယ်။တော်လှန်ရေး ကြီးပြီးသွားလို့ ပြည်သူလူထုတင်မြောက်တဲ့အစိုးရတက်သွားပြီဆိုရင်ငါတို့ ပညာတွေဆက်သင်ကြမယ်။

စီးပွားတွေရှာကြမယ်။တောင်ပေါ် မြေပြန့် အ​​ပြန်အလှန် လည်ကြမယ်နော် ၊ ရည်ရွယ် စိတ်ကူးထားတဲ့သူတွေနဲ့ သာယာတဲ့ အိမ်ထောင်ပြုကြမယ်။ငါတို့မျိုးဆက်တွေစစ်မှန်တဲ့ Federal Demogracy နိုင်ငံ​​တော်မှာ

ကြီးပြင်းခိုင်းမယ်တော်လှန်ရေးအမြန်ပြီးချင်နေပြီဗျာ။ စိတ်ကူးနဲ့တောင်ပျော်နေပြီ Gen Z အမျိုးတို့ရယ်…အခုမှာတော့ငါတို့သမိုင်းပေးတာဝန်ကိုကြေပြွန်စွာဆက်လက်ထမ်းဆောင်ကြရအောင်နော်

Credit