မေန႕ကထက္ ဒီေန႕ပိုခ်စ္ေစမယ့္နည္းလမ္း (၄)သြယ္

မေန႕ကထက္ ဒီေန႕ပိုခ်စ္ေစမယ့္နည္းလမ္း (၄)သြယ္

အခ်စ္ေၾကာင့္စိတ္ညစ္ေနလား။ အခ်စ္ဆိုတာဘာလဲ။ ဘယ္လို နားလည္မႈေတြထပ္ေပးရဦးမလဲ။ျပႆနာေတြဆိုတာ အၿမဲကိုယ့္ဆီဘဲ ေရာက္လာ ေနတယ္ လို႔ထင္သလား။

ဒီခ်စ္မိခဲ့တဲ့ရင္ခုန္သံေလးေတြ ေၾကာင့္ ေခါင္းစားေနရတယ္ဆိုပါေတာ့။ဒီေတာ့ ေအာက္ပါနည္းလမ္းေတြနဲ႕ မေပ်ာ္႐ႊင္တဲ့ေနရာမွာ ေပ်ာ္႐ႊင္မႈေလးေတြ ခံစားနိုင္ေစဖို႔လက္ရွိျပည့္စုံေနတဲ့ခ်စ္သူေတြကေတာ့ ပိုပီးေတာ့ ခ်စ္သက္ရွည္နိုင္ဖို႔ ေဝမွ်ေပးလိုက္ပါတယ္။

၁- အေပးအယူမွ်ဂ႐ုစိုက္တတ္မွ

တင္းက်ပ္စြာခ်ည္ႏွောင္ထားတဲ့ ခ်စ္နည္းထက္ လြတ္လြတ္လပ္လပ္နဲ႕နားလည္မႈေပးၾကည့္ပါ။အၿမဲတစ္ေယာက္နဲ႕တစ္ေယာက္ ညွိႏွိုင္း ေဆြးႏြေးၾကပါ။အခ်ိန္ေတြမအားလပ္ရင္ေတာင္ တစ္ပတ္တစ္ခါစကားလက္ဆုံက်ေဆြးႏြေးပါ။ႏြေးေထြးတဲ့လက္တစ္စုံနဲ႕အတူ ကမၻာပတ္သလို လမ္းေလွ်ာက္ထြက္ေပးပါ။

ေဝးကြာေနတဲ့ခ်စ္သူေတြကေတာ့ ညအခ်ိန္မွာ ဖုန္းေျပာရင္း SMS ပို႔ရင္းကုန္ဆုံးၾကည့္ပါ။ဘယ္ေတာ့မွ အလုပ္ကိစၥေတြနဲ႕ အခ်စ္ကိုအေရာင္ျပယ္ေအာင္မလုပ္ပါနဲ႕။ခ်စ္သူအတြက္အခ်ိန္ဆိုတာ ေပးကိုေပးသင့္တဲ့လုပ္ရပ္တစ္ခုပါ။

၂-ရန္ျဖစ္ေစမဲ့စကားအျမန္ေရွာင္ရွား

အခ်စ္မွာ ျပႆနာျဖစ္မဲ့ အေနမထားမေရာက္ေအာင္ခင္ကတည္းက စကားလမ္းေၾကာင္းလႊဲတတ္ရပါမယ္။ျပႆနာတစ္ခုျဖစ္ေတာ့မယ္ဆိုရင္ စကား မကြၽံမိပါေစနဲ႕။ဆိုးဝါးမဲ့အေျခအေနေရာက္လာရင္ေတာ့ စကားစျဖတ္လို႔ ရေအာင္ျဖတ္ပါ။

ေျပာခ်ိန္မတန္ဘဲနဲ႕ သြားမစပါနဲ႕။ ေနာက္ဆုံးစကားလမ္းေၾကာင္းလႊဲပါ။နားလည္မႈေပးနိုင္ေအာင္ အတတ္နိုင္ဆုံးႀကိဳးစားဖို႔ ေျပာခ်င္ပါတယ္။မုန္းဖို႔ ခ်စ္ခဲ့ၾကတာမွမဟုတ္တာေနာ္။

၃- ေမ့သင့္တာေတြေမ့လိုက္ပါ

အတိတ္ဆိုတာ လက္ရွိဘဝထဲ ဆြဲေခၚမလာပါနဲ႕။လက္ရွိမွာအေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားခ်စ္ျပပါ။အနာဂတ္အတြက္အခ်စ္အိမ္ေလးႀကိဳေဆာက္ၾကတာေပါ့။ဒါေၾကာင့္ အတိတ္က အမွားေတြကိုေမ့ပစ္ပါ။ ဘာေၾကာင့္ေမ့မျပစ္နိုင္ရမွာလဲ။ရေအာင္ေမ့ထားၾကည့္ပါ။

ခုခ်ိန္ထိမေမ့နိုင္ေသးဘူးဆိုရင္ေတာ့ သင့္ရဲ႕ အခ်စ္က စစ္ေရာစစ္ရဲ႕လားလို႔ေမးခ်င္ပါရဲ႕ေနာ္။အတိတ္ကအျပစ္ေတြျပန္ေျပာေနမဲ့အစား လက္ရွိဘယ္ေလာက္တန္ဖိုးထားခ်စ္ေနတဲ့အေၾကာင္းကိုေျပာျပပါ။

၄-ကူညီျဖည့္ဆည္းမႈေတြနဲ႕ ခ်စ္သက္တမ္းေလးရွည္ပါေစ

ခ်စ္သူရဲ႕လိုအပ္မႈေတြကို ၿငီးတြားစိတ္ပ်က္ေနမဲ့အစား ကူညီျဖည့္ဆည္းေပးပါ။အျခားသူေတြနဲ႕မႏွိုင္းဘဲ သင့္အခ်စ္အိမ္ေလးအတြက္ အၿမဲ Hero ျဖစ္ေအာင္ႀကိဳးစားၾကည့္ပါ။

စစ္မွန္တဲ့အခ်စ္ေတြေၾကာင့္ ခိုင္ၿမဲသာယာတဲ့ တုန႔္ျပန္မႈေတြ မၾကာခင္ေရာက္လာပါလိမ့္မယ္။ဘဝခရီးရွည္ႀကီးကို အေမာေတြေဒါသေတြနဲ႕ျဖတ္ေက်ာ္မဲ့အစား အၾကင္နာေရစင္ေအးတစ္ခြက္ကို မက္မေျပေသာက္သုံးၾကည့္ပါ။

Credit

Unicode

မနေ့ကထက် ဒီနေ့ပိုချစ်စေမယ့်နည်းလမ်း (၄)သွယ်

အချစ်ကြောင့်စိတ်ညစ်နေလား။ အချစ်ဆိုတာဘာလဲ။ ဘယ်လို နားလည်မှုတွေထပ်ပေးရဦးမလဲ။ပြဿနာတွေဆိုတာ အမြဲကိုယ့်ဆီဘဲ ရောက်လာ နေတယ် လို့ထင်သလား။

ဒီချစ်မိခဲ့တဲ့ရင်ခုန်သံလေးတွေ ကြောင့် ခေါင်းစားနေရတယ်ဆိုပါတော့။ဒီတော့ အောက်ပါနည်းလမ်းတွေနဲ့ မပျော်ရွှင်တဲ့နေရာမှာ ပျော်ရွှင်မှုလေးတွေ ခံစားနိုင်စေဖို့လက်ရှိပြည့်စုံနေတဲ့ချစ်သူတွေကတော့ ပိုပီးတော့ ချစ်သက်ရှည်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

၁- အပေးအယူမျှဂရုစိုက်တတ်မှ

တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက် လွတ်လွတ်လပ်လပ်နဲ့နားလည်မှုပေးကြည့်ပါ။အမြဲတစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း ဆွေးနွေးကြပါ။အချိန်တွေမအားလပ်ရင်တောင် တစ်ပတ်တစ်ခါစကားလက်ဆုံကျဆွေးနွေးပါ။နွေးထွေးတဲ့လက်တစ်စုံနဲ့အတူ ကမ္ဘာပတ်သလို လမ်းလျှောက်ထွက်ပေးပါ။

ဝေးကွာနေတဲ့ချစ်သူတွေကတော့ ညအချိန်မှာ ဖုန်းပြောရင်း SMS ပို့ရင်းကုန်ဆုံးကြည့်ပါ။ဘယ်တော့မှ အလုပ်ကိစ္စတွေနဲ့ အချစ်ကိုအရောင်ပြယ်အောင်မလုပ်ပါနဲ့။ချစ်သူအတွက်အချိန်ဆိုတာ ပေးကိုပေးသင့်တဲ့လုပ်ရပ်တစ်ခုပါ။

၂-ရန်ဖြစ်စေမဲ့စကားအမြန်ရှောင်ရှား

အချစ်မှာ ပြဿနာဖြစ်မဲ့ အနေမထားမရောက်အောင်ခင်ကတည်းက စကားလမ်းကြောင်းလွှဲတတ်ရပါမယ်။ပြဿနာတစ်ခုဖြစ်တော့မယ်ဆိုရင် စကား မကျွံမိပါစေနဲ့။ဆိုးဝါးမဲ့အခြေအနေရောက်လာရင်တော့ စကားစဖြတ်လို့ ရအောင်ဖြတ်ပါ။

ပြောချိန်မတန်ဘဲနဲ့ သွားမစပါနဲ့။ နောက်ဆုံးစကားလမ်းကြောင်းလွှဲပါ။နားလည်မှုပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဖို့ ပြောချင်ပါတယ်။မုန်းဖို့ ချစ်ခဲ့ကြတာမှမဟုတ်တာနော်။

၃- မေ့သင့်တာတွေမေ့လိုက်ပါ

အတိတ်ဆိုတာ လက်ရှိဘဝထဲ ဆွဲခေါ်မလာပါနဲ့။လက်ရှိမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားချစ်ပြပါ။အနာဂတ်အတွက်အချစ်အိမ်လေးကြိုဆောက်ကြတာပေါ့။ဒါကြောင့် အတိတ်က အမှားတွေကိုမေ့ပစ်ပါ။ ဘာကြောင့်မေ့မပြစ်နိုင်ရမှာလဲ။ရအောင်မေ့ထားကြည့်ပါ။

ခုချိန်ထိမမေ့နိုင်သေးဘူးဆိုရင်တော့ သင့်ရဲ့ အချစ်က စစ်ရောစစ်ရဲ့လားလို့မေးချင်ပါရဲ့နော်။အတိတ်ကအပြစ်တွေပြန်ပြောနေမဲ့အစား လက်ရှိဘယ်လောက်တန်ဖိုးထားချစ်နေတဲ့အကြောင်းကိုပြောပြပါ။

၄-ကူညီဖြည့်ဆည်းမှုတွေနဲ့ ချစ်သက်တမ်းလေးရှည်ပါစေ

ချစ်သူရဲ့လိုအပ်မှုတွေကို ငြီးတွားစိတ်ပျက်နေမဲ့အစား ကူညီဖြည့်ဆည်းပေးပါ။အခြားသူတွေနဲ့မနှိုင်းဘဲ သင့်အချစ်အိမ်လေးအတွက် အမြဲ Hero ဖြစ်အောင်ကြိုးစားကြည့်ပါ။

စစ်မှန်တဲ့အချစ်တွေကြောင့် ခိုင်မြဲသာယာတဲ့ တုန့်ပြန်မှုတွေ မကြာခင်ရောက်လာပါလိမ့်မယ်။ဘဝခရီးရှည်ကြီးကို အမောတွေဒေါသတွေနဲ့ဖြတ်ကျော်မဲ့အစား အကြင်နာရေစင်အေးတစ်ခွက်ကို မက်မပြေသောက်သုံးကြည့်ပါ။