တနလၤာ သားသမီးေလးေတြကို ခ်စ္သူ ေတာ္မယ္ ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား

တနလၤာ သားသမီးေလးေတြကို ခ်စ္သူ ေတာ္မယ္ ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား

တနလၤာေတြဟာ မိတ္ေဆြ ေပါမ်ားတယ္။လူခ်စ္ လူခင္လည္း ေပါမ်ားတဲ့ ေန႕နာမ္ ပိုင္ရွင္ေတြ ျဖစ္တယ္။

ေဒါသထြက္ တတ္ေပမဲ့ အျပင္မွာ ထုတ္ၿပီး အရမ္း မပြားပါဘူး ။ မိသားစုအေပၚမွာ ဆိုရင္ေတာ့ နဲနဲ စိတ္မရွည္တတ္ဘူး။ အစြဲအလန္း ႀကီးပါတယ္ ။ တစ္ေယာက္ဆို တစ္ေယာက္ အေပၚမွာဘဲ စြဲလမ္းေန တတ္တယ္။ စကားေျပာရင္ ဆြဲေဆာင္မႈရွိစြာနဲ႕ ေျပာဆို တတ္တာ တနလၤာပါ။

ခင္ရတဲ့ အေပါင္းအသင္းနဲ႕ စကားေျပာေနခ်ိန္ စိတ္ရွည္စြာနဲ႕ စိတ္ဝင္တစား လက္ခံ နားေထာင္ ေပးတတ္ တယ္ ။ ကိုယ္ကိုတိုင္လည္း ေပ်ာ္႐ႊင္စြာနဲ႕ ေနတတ္သလို သူမ်ားကို ေပ်ာ္႐ႊင္မႈေတြ တခါတရံ ဖန္တီး ေပးတတ္တယ္။

သူငယ္ခ်င္းေတြ မိတ္ေဆြေတြကို မက္ေမာစြာနဲ႕ ခင္တြယ္တတ္တယ္။ အလုပ္လုပ္တဲ့ ေနရာမွာလည္း စဥ္စားေတြးေခၚနိုင္စြမ္း ရွိတယ္ ။ စိတ္ကူး အျမင္က်ယ္တယ္။ ဗူးဆို ဖ႐ုံ မသီးတတ္ဘူး။

ျဖစ္ခ်င္တာကို အျမန္ဆုံး အေကာင္အထည္ ေဖာ္ရမွ ေက်နပ္တာ တနလၤာပါ။ တခါတေလေတာ့ အလုပ္လုပ္တဲ့ ေနရာမွာ ျဖစ္ခ်င္တာနဲ႕ ျဖစ္သြားတာ နဲနဲေလး လြဲေခ်ာ္ ေနတတ္ တယ္ ။တနလၤာေတြဟာ ကိုယ့္ရဲ႕ေရွ႕မွာ စိတ္မေကာင္းစရာ တစ္ခုခု ေတြ႕ျမင္ရရင္ သနား တတ္ တယ္ ။

တတ္နိုင္ရင္ ကူညီလိုတဲ့စိတ္ အျပည့္အဝ ရွိပါတယ္။ သို႔ေပမဲ့ ကိုယ္မႀကိဳက္တဲ့ အရာဆိုရင္ေတာ့ စိတ္လက္ျပတ္သားတယ္။ လူတစ္ေယာက္ကို ခင္ရင္လည္း သံေယာဇဥ္ ရွိစြာနဲ႕ ေပါင္းသင္းတတ္ ၾကပါတယ္။

ကိုယ့္အေပၚ ေကာင္းတဲ့လူ ဆိုရင္ မေမ့တတ္စြာနဲ႕ လိုက္ေလ်ာညီေထြစြာ ခင္မင္တတ္တယ္။ ခ်စ္ဖို႔ေကာင္းတဲ့ စိတ္ထားေလးေတြ ပိုင္ဆိုင္ထားၾကတာ တနလၤာပါ။တနလၤာေတြဟာ လူတစ္ေယာက္ရဲ႕ စိတ္ကို အတြင္းက်က် ေလ့လာတတ္တယ္။ စကားေျပာတဲ့ ေနရာမွာ ပြင့္လင္းမႈ ရွိတယ္။

ကိုယ္မႀကိဳက္တဲ့ အရာေတြကို ေျပာခ်င္တဲ့စကားရွိရင္ အားမနာတမ္း တိုက္ရိုက္ ေျပာတတ္တာ တနလၤာပါ။တနလၤာေတြဟာ မွန္ေနရင္ ဘာကိုမွဂ႐ုမစိုက္ပဲ ေနသေလာက္၊ မွားေနရင္ေတာ့ ေတာင္းပန္ဖို႔လည္း ဝန္မေလးတတ္ဘူး။

အေပါင္းအသင္းေတြ ၾကားမွာလည္း ယုံၾကည္မႈ အျပည့္အဝ ရွိရွိနဲ႕ ေနတတ္တာ တနလၤာပါ။ တနလၤာေလးေတြဟာ စိတ္ကူးယဥ္ဆန္တယ္။အား ေန တဲ့ အ ခ်ိန္ ေတြ မွာ စာ ဖတ္ တာ ေတြ ဗ ဟု သု တ ေတြ ကို ေလ့ လာ ရ တာ ႏွစ္ သက္ တဲ့ ေန႕ နာမ္ ေတြ ပါ။

Credit

Unicode

တနင်္လာ သားသမီးလေးတွေကို ချစ်သူ တော်မယ် ဆိုရင် သိထားသင့်တဲ့ အချက်များ

တနင်္လာတွေဟာ မိတ်ဆွေ ပေါများတယ်။လူချစ် လူခင်လည်း ပေါများတဲ့ နေ့နာမ် ပိုင်ရှင်တွေ ဖြစ်တယ်။

ဒေါသထွက် တတ်ပေမဲ့ အပြင်မှာ ထုတ်ပြီး အရမ်း မပွားပါဘူး ။ မိသားစုအပေါ်မှာ ဆိုရင်တော့ နဲနဲ စိတ်မရှည်တတ်ဘူး။ အစွဲအလန်း ကြီးပါတယ် ။ တစ်ယောက်ဆို တစ်ယောက် အပေါ်မှာဘဲ စွဲလမ်းနေ တတ်တယ်။ စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ ပြောဆို တတ်တာ တနင်္လာပါ။

ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင် ပေးတတ် တယ် ။ ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့ နေတတ်သလို သူများကို ပျော်ရွှင်မှုတွေ တခါတရံ ဖန်တီး ပေးတတ်တယ်။

သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ ခင်တွယ်တတ်တယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း စဉ်စားတွေးခေါ်နိုင်စွမ်း ရှိတယ် ။ စိတ်ကူး အမြင်ကျယ်တယ်။ ဗူးဆို ဖရုံ မသီးတတ်ဘူး။

ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည် ဖော်ရမှ ကျေနပ်တာ တနင်္လာပါ။ တခါတလေတော့ အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေး လွဲချော် နေတတ် တယ် ။တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခု တွေ့မြင်ရရင် သနား တတ် တယ် ။

တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝ ရှိပါတယ်။ သို့ပေမဲ့ ကိုယ်မကြိုက်တဲ့ အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ်။ လူတစ်ယောက်ကို ခင်ရင်လည်း သံယောဇဉ် ရှိစွာနဲ့ ပေါင်းသင်းတတ် ကြပါတယ်။

ကိုယ့်အပေါ် ကောင်းတဲ့လူ ဆိုရင် မမေ့တတ်စွာနဲ့ လိုက်လျောညီထွေစွာ ခင်မင်တတ်တယ်။ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာ တနင်္လာပါ။တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျ လေ့လာတတ်တယ်။ စကားပြောတဲ့ နေရာမှာ ပွင့်လင်းမှု ရှိတယ်။

ကိုယ်မကြိုက်တဲ့ အရာတွေကို ပြောချင်တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက် ပြောတတ်တာ တနင်္လာပါ။တနင်္လာတွေဟာ မှန်နေရင် ဘာကိုမှဂရုမစိုက်ပဲ နေသလောက်၊ မှားနေရင်တော့ တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။

အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှု အပြည့်အဝ ရှိရှိနဲ့ နေတတ်တာ တနင်္လာပါ။ တနင်္လာလေးတွေဟာ စိတ်ကူးယဉ်ဆန်တယ်။အား နေ တဲ့ အ ချိန် တွေ မှာ စာ ဖတ် တာ တွေ ဗ ဟု သု တ တွေ ကို လေ့ လာ ရ တာ နှစ် သက် တဲ့ နေ့ နာမ် တွေ ပါ။