ျပတ္သြားၿပီးတဲ့ ရည္းစားေဟာင္းကေပးတဲ့ ရွားရွားပါးပါး ေကာင္းက်ိဳး (၆)မ်ိဳး

ျပတ္သြားၿပီးတဲ့ ရည္းစားေဟာင္းကေပးတဲ့ ရွားရွားပါးပါး ေကာင္းက်ိဳး (၆)မ်ိဳး

တစ္ခ်ိန္က ကိုယ့္မိသားစု၊ သူငယ္ခ်င္းေတြထက္ ပိုခ်စ္ခဲ့တဲ့၊ တစ္ေယာက္နဲ႕တစ္ေယာက္ မ်က္စိေအာက္ ေအေပ်ာက္မခံနိုင္ေအာင္ အခ်ိန္တိုင္းလိုလို အတူတူရွိခဲ့တဲ့ ၊မနက္အိပ္ရာထခ်ိန္ကေန ညအိပ္ခ်ိန္အထိ စကားေတြေျပာလို႔မဝနိုင္တဲ့အထိ ဘယ္ေလာက္ပဲခ်စ္ခဲ့ၾကပါေစ၊ ျပတ္စဲသြားၿပီးတဲ့အခါ ရည္းစားေဟာင္း၊ အခ်စ္ေဟာင္းေတြျဖစ္သြားပါၿပီ။

ခ်စ္ခဲ့ၾကတုန္းက ေကာင္းကြက္ေတြခ်ည္းျမင္ခဲ့သေလာက္၊ ျပတ္သြားၿပီးေနာက္မွာေတာ့ေကာင္းကြက္ဆိုတာမေတြ႕ရသေလာက္ကိုျဖစ္သြားတတ္ပါတယ္။ဒါက သင့္ရဲ႕စိတ္ပင္ပန္းမႈကို ပိုဆိုးေစပါတယ္။ဒီေတာ့ ရည္းစားေဟာင္းနဲ႕ပတ္သက္လို႔ အဆိုးခ်ည္းပဲျမင္ေနတာေလးေတြကို ခဏရပ္ၿပီး ေက်းဇူးတင္စရာအခ်က္ေလးေတြကို စဥ္းစားၾကည့္လိုက္ရေအာင္။

၁- ကိုယ့္အစြမ္းအစဘယ္ေလာက္ရွိလဲသိေစခဲ့သူပါ

အရင္က သူမရွိဘဲမေနနိုင္ေလာက္ဘူး၊ ေရွ႕မဆက္နိုင္ေလာက္ဘူးလို႔ ထင္ခဲ့တယ္၊ဒါေပမယ့္ သူတကယ္ထြက္သြားတဲ့အခ်ိန္မွာ အဲ့ဒီလိုမဟုတ္ဘူး၊ ကိုယ့္ကိုယ္ကိုေကာင္းေကာင္းထူမတ္နိုင္တယ္၊တစ္ေယာက္တည္းေရွ႕ဆက္နိုင္တယ္၊ ဒီလိုအစြမ္းအစေတြရွိတာကို သိေစခဲ့တာပါ။

၂- အခ်စ္ေရးမွာ ကိုယ္ဘာလိုခ်င္တာလဲဆိုတာသိေစခဲ့တယ္

လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္ခ်စ္သူဆီက ဘာလိုခ်င္လဲဆိုတာေသခ်ာမသိၾကပါဘူး။သူ႕ဆီက ဂ႐ုစိုက္မႈေတြ လိုခ်င္တာလား၊ စိတ္ရွည္သည္းခံတာ လိုခ်င္တာလား၊ ကိုယ္လိုခ်င္သမွ်ျဖည့္ဆည္းေပးတာ လိုခ်င္တာလား၊ဝမ္းနည္းေနတဲ့ အခ်ိန္ႏွစ္သိမ့္ေပးတာကို လိုခ်င္တာလား၊

ကိုယ္ဘာလုပ္လုပ္ နားလည္ခြင့္လႊတ္ေပးတာကို လိုခ်င္တာလားဒါမွမဟုတ္ အဲ့ဒါေတြအားလုံးကို လိုခ်င္တာလား ၊ သဲသဲကြဲကြဲမသိၾကပါဘူး။သူနဲ႕ျပတ္စဲၿပီးေနာက္မွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ ကိုယ္ဘာကိုလိုခ်င္တာလဲဆိုတာကို သိသြားေစပါတယ္။

၃- တစ္ေယာက္ေယာက္ကို ခ်စ္ရတာက ဘယ္ေလာက္အံ့ၾသဖို႔ေကာင္းတဲ့ ခံစားခ်က္လဲသိေစခဲ့တယ္

လူတစ္ေယာက္ကို ခ်စ္မိတဲ့အခါ သူဘာေတြပဲလုပ္လုပ္ ခြင့္လႊတ္မိတယ္၊ ဘယ္လိုအေျခအေနေတြပဲႀကဳံရပါေစ သူနဲ႕ဆိုေက်ာ္ျဖတ္နိုင္တယ္၊အရင္က သူ႕ကိုေစာင့္ၾကည့္မယ္၊အမွားလုပ္ရင္ခြင့္မလႊတ္ဘူးဆိုၿပီး စဥ္းစားခဲ့ေပမယ့္ တကယ္ခ်စ္မိသြားတဲ့အခါ အဲ့ဒီလိုမဟုတ္ဘဲ ခြင့္လႊတ္မိေနတာမ်ိဳးပါ။လူတစ္ေယာက္ကို ခ်စ္မိတဲ့အခါ ဘယ္လိုအံ့ၾသစရာခံစားခ်က္ေတြျဖစ္လာတယ္ဆိုတာကို သိေစခဲ့တယ္။

၄-လက္လႊတ္တတ္ေအာင္ သင္ေပးခဲ့တယ္

ကိုယ္တကယ္ခ်စ္ေပမယ့္ ေရွ႕ဆက္ဖို႔ မျဖစ္နိုင္တဲ့အခါ ဆြဲထားမယ္ဆိုရင္ ႏွစ္ေယာက္လုံးနာက်င္ရပါတယ္။ကိုယ္ခ်စ္တဲ့လူကို လက္လႊတ္တတ္ေအာင္လည္း သူကပဲ သင္ေပးခဲ့တာပါပဲ။

၅- ပိုေကာင္းတဲ့လူတစ္ေယာက္နဲ႕ေတြ႕ဖို႔အခြင့္အေရးေပးခဲ့တယ္

သူနဲ႕ လမ္းခြဲလိုက္တဲ့အခါ ေနာက္ထပ္ကိုယ့္အေပၚေကာင္းတဲ့လူတစ္ေယာက္နဲ႕ေတြ႕ဖို႔ အခြင့္အေရးရသြားပါတယ္။သူနဲ႕သာလမ္းမခြဲဘဲဆက္တြဲေနမယ္ဆိုရင္ ဒီလိုအခြင့္အေရးရမွာမဟုတ္ပါဘူး။

၆-လူတစ္ေယာက္ရဲ႕အဆိုးဆုံးပုံစံကို ခ်စ္တတ္ေအာင္သင္ေပးခဲ့တယ္

ကိုယ္တကယ္ခ်စ္တဲ့သူနဲ႕ လမ္းမခြဲရဖို႔၊ လက္တြဲမျဖဳတ္ရဖို႔အတြက္ အဆုံးစြန္သည္းခံေပးခဲ့တယ္၊ကိုယ့္ကို ခ်စ္တယ္၊ ေပ်ာ္ေစခ်င္တယ္လို႔ ေျပာခဲ့တဲ့သူကကိုယ္စိတ္ဆင္းရဲေအာင္လုပ္မယ္လို႔ ဘယ္တုန္းကမွမေတြးခဲ့ဖူးဘူး၊လမ္းခြဲရေလာက္တဲ့အထိ ကိုယ့္အေပၚ

ဆိုးဆိုး႐ြား႐ြားဆက္ဆံလိမ့္မယ္လို႔လည္းေတြးခဲ့ဖူးမွာမဟုတ္ပါဘူး။ေရွ႕ဆက္ဖို႔ဘယ္လိုမွမျဖစ္နိုင္ေတာ့လို႔ လမ္းခြဲလိုက္ေပမယ့္ လူတစ္ေယာက္ရဲ႕ အဆိုးဆုံးပုံစံကိုေတာင္ သည္းခံၿပီးခ်စ္တတ္ေအာင္ သင္ေပးခဲ့တယ္လို႔ ေျပာရမွာပါ။

Credit

Unicode

ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းကပေးတဲ့ ရှားရှားပါးပါး ကောင်းကျိုး (၆)မျိုး

တစ်ချိန်က ကိုယ့်မိသားစု၊ သူငယ်ချင်းတွေထက် ပိုချစ်ခဲ့တဲ့၊ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက် အေပျောက်မခံနိုင်အောင် အချိန်တိုင်းလိုလို အတူတူရှိခဲ့တဲ့ ၊မနက်အိပ်ရာထချိန်ကနေ ညအိပ်ချိန်အထိ စကားတွေပြောလို့မဝနိုင်တဲ့အထိ ဘယ်လောက်ပဲချစ်ခဲ့ကြပါစေ၊ ပြတ်စဲသွားပြီးတဲ့အခါ

ရည်းစားဟောင်း၊ အချစ်ဟောင်းတွေဖြစ်သွားပါပြီ။ချစ်ခဲ့ကြတုန်းက ကောင်းကွက်တွေချည်းမြင်ခဲ့သလောက်၊ ပြတ်သွားပြီးနောက်မှာတော့ကောင်းကွက်ဆိုတာမတွေ့ရသလောက်ကိုဖြစ်သွားတတ်ပါတယ်။ဒါက သင့်ရဲ့စိတ်ပင်ပန်းမှုကို ပိုဆိုးစေပါတယ်။

ဒီတော့ ရည်းစားဟောင်းနဲ့ပတ်သက်လို့ အဆိုးချည်းပဲမြင်နေတာလေးတွေကို ခဏရပ်ပြီး ကျေးဇူးတင်စရာအချက်လေးတွေကို စဉ်းစားကြည့်လိုက်ရအောင်။

၁- ကိုယ့်အစွမ်းအစဘယ်လောက်ရှိလဲသိစေခဲ့သူပါ

အရင်က သူမရှိဘဲမနေနိုင်လောက်ဘူး၊ ရှေ့မဆက်နိုင်လောက်ဘူးလို့ ထင်ခဲ့တယ်၊ဒါပေမယ့် သူတကယ်ထွက်သွားတဲ့အချိန်မှာ အဲ့ဒီလိုမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုကောင်းကောင်းထူမတ်နိုင်တယ်၊တစ်ယောက်တည်းရှေ့ဆက်နိုင်တယ်၊ ဒီလိုအစွမ်းအစတွေရှိတာကို သိစေခဲ့တာပါ။

၂- အချစ်ရေးမှာ ကိုယ်ဘာလိုချင်တာလဲဆိုတာသိစေခဲ့တယ်

လူတော်တော်များများက ကိုယ့်ချစ်သူဆီက ဘာလိုချင်လဲဆိုတာသေချာမသိကြပါဘူး။သူ့ဆီက ဂရုစိုက်မှုတွေ လိုချင်တာလား၊ စိတ်ရှည်သည်းခံတာ လိုချင်တာလား၊ ကိုယ်လိုချင်သမျှဖြည့်ဆည်းပေးတာ လိုချင်တာလား၊ဝမ်းနည်းနေတဲ့ အချိန်နှစ်သိမ့်ပေးတာကို လိုချင်တာလား၊

ကိုယ်ဘာလုပ်လုပ် နားလည်ခွင့်လွှတ်ပေးတာကို လိုချင်တာလားဒါမှမဟုတ် အဲ့ဒါတွေအားလုံးကို လိုချင်တာလား ၊ သဲသဲကွဲကွဲမသိကြပါဘူး။သူနဲ့ပြတ်စဲပြီးနောက်မှာ အံ့သြစရာကောင်းလောက်အောင် ကိုယ်ဘာကိုလိုချင်တာလဲဆိုတာကို သိသွားစေပါတယ်။

၃- တစ်ယောက်ယောက်ကို ချစ်ရတာက ဘယ်လောက်အံ့သြဖို့ကောင်းတဲ့ ခံစားချက်လဲသိစေခဲ့တယ်

လူတစ်ယောက်ကို ချစ်မိတဲ့အခါ သူဘာတွေပဲလုပ်လုပ် ခွင့်လွှတ်မိတယ်၊ ဘယ်လိုအခြေအနေတွေပဲကြုံရပါစေ သူနဲ့ဆိုကျော်ဖြတ်နိုင်တယ်၊အရင်က သူ့ကိုစောင့်ကြည့်မယ်၊အမှားလုပ်ရင်ခွင့်မလွှတ်ဘူးဆိုပြီး စဉ်းစားခဲ့ပေမယ့် တကယ်ချစ်မိသွားတဲ့အခါ အဲ့ဒီလိုမဟုတ်ဘဲ ခွင့်လွှတ်မိနေတာမျိုးပါ။လူတစ်ယောက်ကို ချစ်မိတဲ့အခါ ဘယ်လိုအံ့သြစရာခံစားချက်တွေဖြစ်လာတယ်ဆိုတာကို သိစေခဲ့တယ်။

၄-လက်လွှတ်တတ်အောင် သင်ပေးခဲ့တယ်

ကိုယ်တကယ်ချစ်ပေမယ့် ရှေ့ဆက်ဖို့ မဖြစ်နိုင်တဲ့အခါ ဆွဲထားမယ်ဆိုရင် နှစ်ယောက်လုံးနာကျင်ရပါတယ်။ကိုယ်ချစ်တဲ့လူကို လက်လွှတ်တတ်အောင်လည်း သူကပဲ သင်ပေးခဲ့တာပါပဲ။

၅- ပိုကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ဖို့အခွင့်အရေးပေးခဲ့တယ်

သူနဲ့ လမ်းခွဲလိုက်တဲ့အခါ နောက်ထပ်ကိုယ့်အပေါ်ကောင်းတဲ့လူတစ်ယောက်နဲ့တွေ့ဖို့ အခွင့်အရေးရသွားပါတယ်။သူနဲ့သာလမ်းမခွဲဘဲဆက်တွဲနေမယ်ဆိုရင် ဒီလိုအခွင့်အရေးရမှာမဟုတ်ပါဘူး။

၆-လူတစ်ယောက်ရဲ့အဆိုးဆုံးပုံစံကို ချစ်တတ်အောင်သင်ပေးခဲ့တယ်

ကိုယ်တကယ်ချစ်တဲ့သူနဲ့ လမ်းမခွဲရဖို့၊ လက်တွဲမဖြုတ်ရဖို့အတွက် အဆုံးစွန်သည်းခံပေးခဲ့တယ်၊ကိုယ့်ကို ချစ်တယ်၊ ပျော်စေချင်တယ်လို့ ပြောခဲ့တဲ့သူကကိုယ်စိတ်ဆင်းရဲအောင်လုပ်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး၊လမ်းခွဲရလောက်တဲ့အထိ ကိုယ့်အပေါ်

ဆိုးဆိုးရွားရွားဆက်ဆံလိမ့်မယ်လို့လည်းတွေးခဲ့ဖူးမှာမဟုတ်ပါဘူး။ရှေ့ဆက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ပေမယ့် လူတစ်ယောက်ရဲ့ အဆိုးဆုံးပုံစံကိုတောင် သည်းခံပြီးချစ်တတ်အောင် သင်ပေးခဲ့တယ်လို့ ပြောရမှာပါ။