စိတ်ထားကောင်းတဲ့ မိန်းကလေး ဖတ်ဖို့

စိတ်ထားကောင်းတဲ့ မိန်းကလေး ဖတ်ဖို့

စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံခေကြတာ များပါတယ်။သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။

ဒါပေမဲ့ သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရတာလဲ။ ဒါပေမဲ့ ကမ္ဘာကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။

၁-သင့်မှာ ပြဿဿ နာရှိနေတာ မဟုတ်ဘူး

အချစ်ကံခေ တဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု မပျောက်ပါနဲ့။ ရွေးချယ်မှု မှားခဲ့တာ ကလွဲလို့ သင်ဘာအများမှ မလုပ်ခဲ့ပါဘူး။ သူ သင့်ကို ထားမသွားခင် တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယမဖြစ်ပါနဲ့။

၂- လူတိုင်း အသည်းကွဲဖူးတယ်

အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစားချင်လို့ မရဘူး။ အဲဒီတော့ ခံစားစရာရှိတာ ခံစားလိုက်ပါ။ လူတိုင်း အသည်းခွဲခံရဖူးတယ်။ သင့်ကို အသည်းခွဲ သွားသူလည်း တစ်နေ့ အသည်းခွဲ ခံရမှာပဲ။

၃- ယောက်ျားတိုင်း အဲဒီလို မဟုတ်ဘူး

သင်တွေ့တဲ့ ယောက်ျားတိုင်းက သင့်ကို အသည်းခွဲ မယ့်သူတွေလို့ မထင်ပါနဲ့။ တချို့ယောက်ျားတွေက သင့်ရဲ့ ရည်းစားဟောင်းတွေ နဲ့ လုံးဝမတူ ပါဘူး။

၄-တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ

သင်တကယ် လိုချင်တဲ့ ချစ်သူမျိုး ရသွား ချိန်မှာတော့ အတိတ်ကို သင်လွမ်းနေတော့မှာ မဟုတ်ပါဘူး။ သူတို့တွေကြောင့်သာ ကိုယ့်အပေါ် တကယ်ကောင်း မယ့်သူကို သင်ရှာနိုင် ခဲ့တာပေါ့ ။

၅- နောက်တစ်ခါ အဖြစ်မခံပါနဲ့

ကိုယ့်အပေါ် ကောင်းတာ တစ်ချက်တည်းနဲ့ သေချာမ စူးစမ်းဘဲ ချစ်သူ မထားပါနဲ့။ မျက်စိဖွင့် နားစွင့်ထားပြီး သေချာ အကဲခတ်ပါ ။

၆- အရမ်းမကောင်းနဲ့

ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေ တဲ့သူကို ဒုတိယအခွင့် အရေးတွေ၊ တတိယအခွင့် အရေးတွေ ပေးမနေပါနဲ့။ အဲဒီလို လူမျိုးကို သင့်ဘဝ ထဲက မောင်းထုတ် လိုက်ပါ။

၇- နောက်တစ်ခါချစ်ဖို့ မကြောက်ပါနဲ့

ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါ သင့်ခံစားချက်တွေ အားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ အသည်းခွဲခံရမှာကို သင်ကြောက်ရွံ့နေရတော့မှာ မဟုတ်ဘူး။ သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ်။

၈- အဆုံးသတ္မဟုတ္ဘူး

ယောက်ျားတစ်ယောက် သင့်ကို ပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲရှိနေမှာပါပဲ။ ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံအရ ပိုကောင်းတဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ။

၉- ခဏလောက် တစ်ကိုယ်တည်းနေကြည့်လို့ရပါတယ်

လုံးဝကြီး လက်လျှော့လိုက် တာမျိုးတော့ မလုပ်ပါနဲ့။ ပန်းသီးတစ်လုံး မကောင်းတာနဲ့ တစ်ခိုင်လုံး ပစ်စရာမှ မလိုတာ။ သင်လို မိန်းကလေးမျိုးနဲ့ ဒိတ်လုပ်ချင်တဲ့ ယောက်ျားကောင်းတွေ ရှိနေ ပါသေးတယ် ။