အခက္အခဲျဖစ္ေနတဲ့ ေတာ႐ြာအစြန္အဖ်ားက ျပည္သူေတြအတြက္ ဆန္မ်ားသြားေရာက္ၿပီး လႉဒါန္းေပးခဲ့ၾကတဲ့ ေစတနာရွင္လူငယ္မ်ား

အခက္အခဲျဖစ္ေနတဲ့ ေတာ႐ြာအစြန္အဖ်ားက ျပည္သူေတြအတြက္ ဆန္မ်ားသြားေရာက္ၿပီး လႉဒါန္းေပးခဲ့ၾကတဲ့ ေစတနာရွင္လူငယ္မ်ား

လက္ရွိမွာ နိုင္ငံေရးအေျခအေနနဲ႕ ျပန္လည္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ေရာဂါေၾကာင့္ ျပည္သူေတြကေတာ့ အၾကပ္အတည္းေတြၾကားကေန စားဝတ္ေနေရးအတြက္ အေတာ္ေလးကို ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။

တခ်ိဳ႕ျပည္သူေတြဆိုလည္း စားေသာက္စရာနဲ႕ ေဆးဝါးလိုအပ္မႈအတြက္ ေစတနာရွင္ေတြကို အလံျဖဴ၊အလံဝါေလးေတြျပသၿပီး အကူအညီေတာင္းခံခဲ့ၾကတာ စိတ္မေကာင္းစြာ ေတြ႕ျမင္ေနရပါတယ္။

ယခုေနာက္ပိုင္းမွာ အခက္အခဲေတြနဲ႕ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ မိသားစုေတြကို ေစတနာရွင္မ်ားက စုေပါင္းၿပီး အေျခခံစား ေသာက္ကုန္ေတြနဲ႕ ေဆးဝါးမ်ားကို မွ်ေဝလႉဒါန္းေပးၾကသလို အာဟာရဒါနေတြကိုလည္း ခ်က္ျပဳတ္ၿပီး အားတက္သေရာ လႉဒါန္းေပးလာခဲ့ၾကတာ ျဖစ္ပါတယ္။

ယခုမွာလည္း ၿမိဳ႕ျပနဲ႕ေဝးတဲ့ ေက်း႐ြာတစ္႐ြာက အခက္အခဲျဖစ္ေနၾကတဲ့ ျပည္သူေတြအတြက္ ႏွလုံးသားလွတဲ့ ဆရာဝန္မ်ားပါဝင္တဲ့ ေစတနာရွင္လူငယ္မ်ားက ၾကည္ႏူးစရာအလႉေလးတစ္ခု ျပဳလုပ္ေပးခဲ့တာကို သူတို႔ရဲ႕ လူမႈကြန္ယက္ေတြမွာ ေဖာ္ျပလာခဲ့ပါတယ္။

ဒါ့ကေတာ့ ေက်း႐ြာထဲက စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနတဲ့ ျပည္သူေတြအတြက္ တတ္နိုင္သေလာက္ ဆန္မ်ားထုပ္ပိုးၿပီး မွ်ေဝလႉဒါန္းေပးခဲ့ၾကတာ ျဖစ္ပါတယ္။

အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြကို လႉဒါန္းေပးခဲ့တဲ့ ေနရာမွာလည္း က်န္းမာေရးနဲ႕ ညီၫြတ္စြာ စနစ္တက် စီတန္းၿပီး မွ်ေဝေပးခဲ့တာ ေတြ႕ျမင္ရပါတယ္။

ဒီလို ၾကည္ႏူးစရာေကာင္းတဲ့ ေစတနာရွင္မ်ားရဲ႕အလႉပုံရိပ္ေတြကိုေတာ့ ပရိသတ္ေတြ ပီတိျဖစ္မယ္လို႔လည္း ထင္မိပါတယ္။

Credit

Unicode

အခက်အခဲဖြစ်နေတဲ့ တောရွာအစွန်အဖျားက ပြည်သူတွေအတွက် ဆန်များသွားရောက်ပြီး လှူဒါန်းပေးခဲ့ကြတဲ့ စေတနာရှင်လူငယ်များ

လက်ရှိမှာ နိုင်ငံရေးအခြေအနေနဲ့ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါကြောင့် ပြည်သူတွေကတော့ အကြပ်အတည်းတွေကြားကနေ စားဝတ်နေရေးအတွက် အတော်လေးကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။

တချို့ပြည်သူတွေဆိုလည်း စားသောက်စရာနဲ့ ဆေးဝါးလိုအပ်မှုအတွက် စေတနာရှင်တွေကို အလံဖြူ၊အလံဝါလေးတွေပြသပြီး အကူအညီတောင်းခံခဲ့ကြတာ စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။

ယခုနောက်ပိုင်းမှာ အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ မိသားစုတွေကို စေတနာရှင်များက စုပေါင်းပြီး အခြေခံစား သောက်ကုန်တွေနဲ့ ဆေးဝါးများကို မျှဝေလှူဒါန်းပေးကြသလို အာဟာရဒါနတွေကိုလည်း ချက်ပြုတ်ပြီး အားတက်သရော လှူဒါန်းပေးလာခဲ့ကြတာ ဖြစ်ပါတယ်။

ယခုမှာလည်း မြို့ပြနဲ့ဝေးတဲ့ ကျေးရွာတစ်ရွာက အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေအတွက် နှလုံးသားလှတဲ့ ဆရာဝန်များပါဝင်တဲ့ စေတနာရှင်လူငယ်များက ကြည်နူးစရာအလှူလေးတစ်ခု ပြုလုပ်ပေးခဲ့တာကို သူတို့ရဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြလာခဲ့ပါတယ်။

ဒါ့ကတော့ ကျေးရွာထဲက စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် ဆန်များထုပ်ပိုးပြီး မျှဝေလှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို လှူဒါန်းပေးခဲ့တဲ့ နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်စွာ စနစ်တကျ စီတန်းပြီး မျှဝေပေးခဲ့တာ တွေ့မြင်ရပါတယ်။

ဒီလို ကြည်နူးစရာကောင်းတဲ့ စေတနာရှင်များရဲ့အလှူပုံရိပ်တွေကိုတော့ ပရိသတ်တွေ ပီတိဖြစ်မယ်လို့လည်း ထင်မိပါတယ်။