အေဖနဲ႔ ေနာက္ဆုံးေတြ႕ခြင့္ရမယ့္အခ်ိန္ေလးကိုမသြားဘဲ လူနာရဲ႕အသက္ကိုကယ္တင္ေပးခဲ့တဲ့ ႏွလုံးလွ ဆရာဝန္

အေဖနဲ႔ ေနာက္ဆုံးေတြ႕ခြင့္ရမယ့္အခ်ိန္ေလးကိုမသြားဘဲ လူနာရဲ႕အသက္ကိုကယ္တင္ေပးခဲ့တဲ့ ႏွလုံးလွ ဆရာဝန္

တ႐ုတ္ႏိုင္ငံ Anhui ၿမိဳ႕မွ အသက္ ၅၅ ႏွစ္အ႐ြယ္ Zhang Xinzhi အမည္ရွိ ဆရာဝန္တစ္ဦးဟာ လူနာတစ္ဦးအား ခြဲစိတ္မႈ ျပဳလုပ္ရန္အတြက္ ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးခရီးကို သြားမေတြ႕ႏိုင္ဘဲ သူ႔ဘဝမွာ အခက္ခဲဆုံးေသာ အခ်ိန္မ်ားကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရပါတယ္။

ထို႔ေန႔မွာ Zhang ဟာ သူ႔အေဖဟာ စိုးရိမ္ရတဲ့ အေျခအေနမွာရွိေနတာကို သတိထား မိေနခဲ့တာပါ။ သူဟာ ခြဲစိတ္မႈ မစတင္ခင္မွာ သူ႔အေဖကို သြားေတြ႕ၿပီး ခြဲစိတ္မႈတစ္ခု လုပ္ၿပီးတာနဲ႔အ ေဖဆီ ျပန္လာခဲ့မယ္လို႔ အေဖျဖစ္သူအား မွာခဲ့ပါတယ္။

ထို႔ေနာက္ အေဖျဖစ္သူကလည္း သူ႔ရဲ႕အလုပ္ကို နားလည္တာေၾကာင့္ Zhang အား ေခါင္းေလး ညိတ္ျပရင္း သူ႔အား ျပန္ၿပဳံးျပေနခဲ့ပါတယ္။ ထို႔ေနာက္ Zhang ဟာ ဖခင္ ျဖစ္သူအား ထားခဲ့ကာ ခြဲစိတ္ခန္းသို႔ ဝင္သြားခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ခြဲစိတ္မႈ မစခင္ေလးမွာ Zhang ဟာ သူ႔အေဖ ဆုံးသြားၿပီဆိုတဲ့သတင္းကို လက္ခံ ရရွိခဲ့ရပါတယ္။

Zhang က သူ႔ရဲ႕စိတ္ကို အတည္ၿငိမ္ဆုံးျဖစ္ရန္ အတတ္ႏိုင္ဆုံးထိန္းထားခဲ့ၿပီး မ်က္ရည္မ်ားကိုလည္း ထိန္းခ်ဳပ္ကာ အေဖျဖစ္သူအား ဂုဏ္ျပဳတဲ့အေနျဖင့္ အဆိုပါလူနာကို အတတ္ႏိုင္ဆုံးကယ္တင္ရမယ္လို႔ စိတ္ဆုံးျဖတ္လိုက္ပါတယ္။

ခြဲစိတ္မႈအတြင္း Zhang က သူ႔ရဲ႕ဖုန္းမွ ေခၚဆိုမႈမ်ားစြာကိုလက္ ခံရရွိခဲ့ေပမဲ့လည္း ခြဲစိတ္မႈမၿပီးမခ်င္းအထိ ၎ကို လ်စ္လ်ဴရႈထားခဲ့ပါတယ္။ ထို႔ေနာက္ ၂ နာရီအၾကာမွာဘဲခြဲစိတ္မႈကိုေအာင္ ျမင္စြာ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

မ်က္ရည္မ်ားကို မနည္းထိန္း ခ်ဳပ္ထားခဲ့တဲ့ Zhang ဟာခ်က္ခ်င္းငိုခ်ခဲ့ၿပီး ခြဲစိတ္ခန္းမွေျပးထြက္ကာ ဖခင္ျဖစ္သူထံသို႔ အျမန္ဆုံးသြားခဲ့ပါေတာ့တယ္။ဆရာဝန္သက္တမ္း ၃၃ ႏွစ္အထိ ရွိၿပီျဖစ္တဲ့ Zhang က ”

အဲ ဒီေန႔က ကြၽန္ေတာ္အေဖ့အနားမွာ မရွိေနႏိုင္ခဲ့တာကို ေတြးတိုင္း ကြၽန္ေတာ္အရမ္းကို ဝမ္းနည္းရတယ္ အေဖ့ကိုေနာက္ဆုံးအႀကိမ္အျဖစ္ မေတြ႕လိုက္ရတာက အရမ္းကိုအျပစ္ရွိေနသလိုခံစားရေပမဲ့

ကြၽန္ေတာ္က ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ့္လူနာရဲ႕အသက္ကိုကယ္ဖို႔ကလည္း အရမ္းအေရးႀကီးတယ္ ”လို႔ ဆိုခဲ့ပါတယ္။Zhang ရဲ႕အျဖစ္အပ်က္ဟာ professional ဆန္လြန္းၿပီးဆ ရာဝန္တစ္ေယာက္အေနနဲ႔ ထားရွိတဲ့သူ႔ရဲ႕အလုပ္က်င့္ဝတ္အတြက္ netizen မ်ားစြာကသူ႔အား ေလးစားခ်ီးက်ဴးခဲ့ၾကပါတယ္။“

သူ႔ရဲ႕သားက အရမ္းေတာ္တဲ့ ဆရာဝန္တစ္ေယာက္ဆိုတာကို သိေနတဲ့သူ႔အေဖရဲ႕ စိတ္ဝိညာဥ္ကလည္း ၿငိမ္းခ်မ္းစြာ အနားယူေနလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္မိပါတယ္”ဟု netizen တစ္ဦးက ထိုကဲ့သို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

Credit

Unicode

အဖေနဲ့ နောက်ဆုံးတွေ့ခွင့်ရမယ့်အချိန်လေးကိုမသွားဘဲ လူနာရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ နှလုံးလှ ဆရာဝန်

တရုတ်နိုင်ငံ Anhui မြို့မှ အသက် ၅၅ နှစ်အရွယ် Zhang Xinzhi အမည်ရှိ ဆရာဝန်တစ်ဦးဟာ လူနာတစ်ဦးအား ခွဲစိတ်မှု ပြုလုပ်ရန်အတွက် ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို သွားမတွေ့နိုင်ဘဲ သူ့ဘဝမှာ အခက်ခဲဆုံးသော အချိန်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

ထို့နေ့မှာ Zhang ဟာ သူ့အဖေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတာကို သတိထား မိနေခဲ့တာပါ။ သူဟာ ခွဲစိတ်မှု မစတင်ခင်မှာ သူ့အဖေကို သွားတွေ့ပြီး ခွဲစိတ်မှုတစ်ခု လုပ်ပြီးတာနဲ့အ ဖေဆီ ပြန်လာခဲ့မယ်လို့ အဖေဖြစ်သူအား မှာခဲ့ပါတယ်။

ထို့နောက် အဖေဖြစ်သူကလည်း သူ့ရဲ့အလုပ်ကို နားလည်တာကြောင့် Zhang အား ခေါင်းလေး ညိတ်ပြရင်း သူ့အား ပြန်ပြုံးပြနေခဲ့ပါတယ်။ ထို့နောက် Zhang ဟာ ဖခင် ဖြစ်သူအား ထားခဲ့ကာ ခွဲစိတ်ခန်းသို့ ဝင်သွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ခွဲစိတ်မှု မစခင်လေးမှာ Zhang ဟာ သူ့အဖေ ဆုံးသွားပြီဆိုတဲ့သတင်းကို လက်ခံ ရရှိခဲ့ရပါတယ်။

Zhang က သူ့ရဲ့စိတ်ကို အတည်ငြိမ်ဆုံးဖြစ်ရန် အတတ်နိုင်ဆုံးထိန်းထားခဲ့ပြီး မျက်ရည်များကိုလည်း ထိန်းချုပ်ကာ အဖေဖြစ်သူအား ဂုဏ်ပြုတဲ့အနေဖြင့် အဆိုပါလူနာကို အတတ်နိုင်ဆုံးကယ်တင်ရမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။

ခွဲစိတ်မှုအတွင်း Zhang က သူ့ရဲ့ဖုန်းမှ ခေါ်ဆိုမှုများစွာကိုလက် ခံရရှိခဲ့ပေမဲ့လည်း ခွဲစိတ်မှုမပြီးမချင်းအထိ ၎င်းကို လျစ်လျူရှုထားခဲ့ပါတယ်။ ထို့နောက် ၂ နာရီအကြာမှာဘဲခွဲစိတ်မှုကိုအောင် မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

မျက်ရည်များကို မနည်းထိန်း ချုပ်ထားခဲ့တဲ့ Zhang ဟာချက်ချင်းငိုချခဲ့ပြီး ခွဲစိတ်ခန်းမှပြေးထွက်ကာ ဖခင်ဖြစ်သူထံသို့ အမြန်ဆုံးသွားခဲ့ပါတော့တယ်။ဆရာဝန်သက်တမ်း ၃၃ နှစ်အထိ ရှိပြီဖြစ်တဲ့ Zhang က ”

အဲ ဒီနေ့က ကျွန်တော်အဖေ့အနားမှာ မရှိနေနိုင်ခဲ့တာကို တွေးတိုင်း ကျွန်တော်အရမ်းကို ဝမ်းနည်းရတယ် အဖေ့ကိုနောက်ဆုံးအကြိမ်အဖြစ် မတွေ့လိုက်ရတာက အရမ်းကိုအပြစ်ရှိနေသလိုခံစားရပေမဲ့ကျွန်တော်က ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကျွန်တော့်လူနာရဲ့အသက်ကိုကယ်ဖို့ကလည်း အရမ်းအရေးကြီးတယ် ”

လို့ ဆိုခဲ့ပါတယ်။Zhang ရဲ့အဖြစ်အပျက်ဟာ professional ဆန်လွန်းပြီးဆ ရာဝန်တစ်ယောက်အနေနဲ့ ထားရှိတဲ့သူ့ရဲ့အလုပ်ကျင့်ဝတ်အတွက် netizen များစွာကသူ့အား လေးစားချီးကျူးခဲ့ကြပါတယ်။“

သူ့ရဲ့သားက အရမ်းတော်တဲ့ ဆရာဝန်တစ်ယောက်ဆိုတာကို သိနေတဲ့သူ့အဖေရဲ့ စိတ်ဝိညာဉ်ကလည်း ငြိမ်းချမ်းစွာ အနားယူနေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်”ဟု netizen တစ်ဦးက ထိုကဲ့သို့ မှတ်ချက်ပေးခဲ့ပါတယ်။